ylliX - Online Advertising Network

လိုင်လင်းပီမှာ ချင်းတပ်ဖွဲ့အချင်းချင်း တစ်နာရီကြာ တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရဲ့ လေးမိုင်အကွာက စပေါ်ကျေးရွာနဲ့ ပင်တီယာကျေးရွာကြားမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF မရာ ပူးပေါင်းတပ်နဲ့ မရာလဲန်း ကာကွယ်ရေးတပ်(MDF)၊ မဟာမိတ် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေအကြား ယမန်နေ့  နိုဝင်ဘာ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။   တိုက်ပွဲကြောင့် ပင်တီယာကျေးရွာက အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုနဲ့ အကျအဆုံးများခဲ့တယ်လို့ CDF-Mara တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပေမဲ့ အတိအကျတော့ မသိရှိရသေးပါဘူး။   “ပင်တီယာကျေးရွာက အရပ်သား အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး သေဆုံးကာ ကလေး သုံးယောက်ထက် မနည်း […]

အမ်း – ပဒါန်းလမ်းတွင် တိုက်ပွဲဖြစ်၊ သေဆုံးသူများထဲတွင် အရပ်သား ၂ ဦး ပါဝင် – Myanmar Now

ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခု နိုဝင်ဘာ ၅ ရက်က တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။ နာရီဝက်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူတို့မှာ  ကုန်စိမ်းရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA)  စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။ “သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်ကတော့ ဒေသခံမဟုတ်ဘူး။ ကုန်စိမ်းရောင်းတဲ့အမျိုးသမီး တစ်ဦး လို့ သိထားရတယ်။  နောက်တစ်ယောက်ကတော့ အနီးအနားက ဒေသခံ ရွာသား တစ်ယောက် ဖြစ်တယ်။ သူက တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဖြတ်အသွားမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု […]

မိုးမောက်မြို့ပြန်သိမ်းနိုင်ရေး ကြိုးပမ်းနေသော စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်  – Myanmar Now

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  သိမ်းပိုက်ထားသည့် မိုးမောက်မြို့ ပြန်လည်သိမ်းယူရန် စစ်ကောင်စီက အနီးရှိ ဗန်းမော်မြို့အခြေစိုက်တပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ မြို့နှစ်မြို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။  ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က  သံချပ်ကာကားများ၊ လူအင်အား အများအပြားဖြင့် မိုးမောက်မြို့သို့ စစ်ကြောင်းထိုးလာရာ ဗန်းမော်မြို့အထွက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့၏အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် မိုးမောက်မြို့တည်ရှိပြီး မြစ်ကြီးနား -ဗန်းမော်ကားလမ်းအတိုင်း မော်တော်ကားဖြင့် သွားပါက နာရီဝက်ခန့်သာ မောင်းနှင်ရသည်။  မိုးမောက်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မိုင် ၆၀ နီးပါး နယ်နိမိတ်ချင်းထိစပ်နေပြီး လူဦးရေ တစ်သောင်း ခန့် နေထိုင်သည်။  မိုးမောက်မြို့အနောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိသော စစ်ကောင်စီ၏ လက်ကျန်တပ် ခြေမြန်တပ်ရင်း […]

 ဖလမ်းမြို့  နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီနဲ့ CNDF တို့ တိုက်ပွဲဖြစ်

ချင်းပြည်၊ ဖလမ်းမြို့မှာ နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာလ ၂၅ ရက်၊ မနက် ၉ နာရီမှာ  ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ရှိသူထံက သိရပါတယ်။   ဖလမ်းအခြေစိုက် စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းဟာ အင်အား ၄၀ ခန့်နဲ့ အထက (၁) ကျောင်းဘက်မှာ ခြေကုပ်နေရာယူတပ်စွဲဖို့ စစ်ကြောင်းထိုးအလာ CNDF က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။   “ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်။ ရာသီဥတုက အတော်ဆိုးတော့ ထိခိုက်မှုအခြေနေမသိရဘူး”လို့ CNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ […]

မန္တလေးမြို့ဘေးရှိ ပုသိမ်ကြီးတွင် တိုက်ပွဲဖြစ်၊ ပြင်ဦးလွင်တွင် တပ်မိသားစု စစ်ရှောင် – Myanmar Now

ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က ၎င်းတို့ထိန်းချုပ်ထားသည့် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေလုပ်ကွက်အနီး အောက်တိုဘာ၂၂ ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြောသည်။ နံနက် ၁၁ နာရီမှစကာ ညနေအထိ ထိုနေရာအနီးကျေးရွာများ  လေကြောင်း တိုက်ခိုက်မှုဒဏ် ခံခဲ့ရပြီး  သီလရှင်ကျောင်းတစ်ကျောင်းလည်း ပစ်မှတ်ဖြစ်ခဲ့သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။ “ဖယောင်းတောင်ဘက်မှာလည်း ကျွန်တော်တို့ မနေ့က တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ခဲ့ပါတယ်ဗျ ”ဟု ကိုအော်စမွန်က ပြောသည်။ အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံသို့သွားရာလမ်းတွင် ရှိသည့် “ဝေပုလ္လ”သီလရှင်ကျောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အသက် ၆၀ အရွယ် မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ပထမဆုံးလာပစ်တဲ့ လေယာဉ်က သီလရှင်တိုက်ကို အပေါ်က ကြဲတယ်။ စက်သေနတ်နဲ့လည်း ပစ်တယ်။ ၄ […]

ပြင်ဦးလွင်အနီး တိုက်ပွဲဖြစ်၊ ရှမ်းပြည်နှင့် ကူးသန်းသွားလာမှုကို စစ်ကောင်စီ ကန့်သတ် – Myanmar Now

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းနယ်စပ်တိုက်ပွဲများ  ရက်သတ္တပတ်တစ်ပတ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး  စစ်ကောင်စီက  ရှမ်းပြည်နယ်ဘက်သို့ အရပ်သားများ ထွက်ခွာခွင့်ကို တင်းကျပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။  ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အကြား ကျေးရွာများတွင် တိုက်ပွဲပြန်ဖြစ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကလည်း အတည်ပြုသည်။ တအာင်းတပ် (TNLA) နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထိုရွာများတွင် စစ်ကောင်စီ၏ထိုးစစ် ရှိနေသည်၊  ယနေ့ (အောက်တိုဘာ ၂၁) နံနက်တွင်လည်း နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါးရွာများအနီးတွင် စစ်ကြောင်းထိုးနေသည်ဟုဆိုသည်။ “စစ်တပ်က မြေပြင်စစ်ကြောင်းထိုးလာတာရှိတယ်။ အဓိကနေရာကတော့ ဂန့်ကော်ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ မနေ့ကအထိတော့ မြေပြင်နဲ့ဝေဟင်ရောပါ တိုက်ခိုက်တာရှိတယ်။ ဒရုန်း အသုံးပြုပြီး တိုက်ခိုက်တာရှိတယ်”ဟု သူက ဆိုသည်။ “စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့နေရာတွေကို စစ်ရေးပစ်မှတ်လို့သတ်မှတ်ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ […]