ylliX - Online Advertising Network

KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ KNU ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့နောက် တောင်ပိုင်းစစ်မျက်နှာ  ဖားအံခရိုင် KNU တပ်မဟာ ၇ နယ်မြေထဲ KNU ဌာနချုပ်နေရာကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဒရုန်း ၄ စင်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတချို့ ထိခိုက်မှုရှိခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း KIC သတင်းဌာန က ဖော်ပြထားတာ တွေ့ရပါတယ်။  ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေဟာ KNU နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နယ်မြေအဖြစ် သိရှိထားကြပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတဲ့ တရားဝင် ပြောဆိုတာမျိုး မရှိပေမယ့်လည်း လက်သည်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်ချက် ဖြစ်တယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။ […]

KNU ဌာနချုပ် ပထမဆုံးအကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ – Myanmar Now

ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့  (အောက်တို ဘာ ၂၂)   နံနက် ၁၁ နာရီခွဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။   KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်နေသည့် ပုံမှန်အစည်းအဝေး တစ်ခု ကျင်းပနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစည်းအဝေးဖျက်သိမ်းကာ လူစုခွဲခဲ့ကြောင်း KNU တပ်မဟာ (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် နယ်မြေ တိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး လူအထိအခိုက်မရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦး ကလည်း  အတည်ပြုသည်။  “ဒီနေ့ ၁၁ နာရီခွဲမှာ ဖြစ်တာပါ။ ဒီနေ့ […]