ylliX - Online Advertising Network

သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ – သျှမ်းသံတော်ဆင့်

ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက် မယုံနိုင်သေးသည့် မျက်နှာအမူအရာဖြင့် ရှိုက်ကြီးတငင် ငိုနေသည်။ ထိုအဖြစ်အပျက်ဟာ စက်တင်ဘာလ ၁၁ ရက်က သျှမ်းပြည်ကလောမြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆောင်းအငွေ့အသက်များနှင့် အစိမ်းရောင်ထင်းရှူးတောများ ဝိုင်းရံထားသည့် တောင်ပေါ်မြို့ ဖြစ်သည့် ကလောမြို့တွင် စက်တင်ဘာလ ရေကြီးခဲ့သည့်ဖြစ်စဉ်က နှစ် ၁၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်သည်။ သမိုင်းတွင် စံချိန်တင်ခဲ့သည့် ရေကြီးမှုဖြစ်သည်။ ကလောရေကြီးမှု “၁၅ မိနစ်အတွင်းမှာဘဲ […]

စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တွေ့ဆုံမှု ဂယက် – Dawei Watch

စစ်အာဏာသိမ်းထားသော စစ်ကောင်စီအဖွဲ့ကို နိုင်ငံတကာအများစုက အသိအမှတ်မပြုသကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အာဆီယံအစည်းအဝေးကဲ့သို့ နိုင်ငံတကာ အစည်းအဝေး အခမ်းအနားများကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ အာဏာသိမ်းပြီး လေးနှစ်အကြာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်နေသော ထိပ်သီးအစည်းအဝေးတစ်ခုသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်ရရှိခဲ့သည်။ အဌမအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တွင် ကျင်းပပြုလုပ်နေပြီး စစ်ကောင်စီခေါင်းဆောင်က အစည်းအဝေး တက်ရောက်နိုင်ရုံမက ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များနှင့်ပါ သီးခြားတွေ့ဆုံခွင့် ရရှိခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်က သက်ဆင်သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် နိုဝင်ဘာ ၇ ရက်နေ့ကတွေ့ဆုံခွင့်ရရှိခဲ့ပြီး ရွေးကောက်ပွဲကို စည်းရုံခဲ့ရာ ထိုင်းဝန်ကြီးချုပ်က ထောက်ခံခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ဘာတွေ ဆွေးနွေးခဲ့လဲ နှစ်နိုင်ငံတွေ့ဆုံချိန်တွင် […]

စစ်မီးရှောင်တစ်ယောက်၏ ရွာငံ ခရီးသွားအတွေ့အကြုံ   – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့လေးသို့ ရောက်ရန်  ၂ နာရီသာ လိုတော့ကြောင်း မြေပုံညွှန်းဆိုချက်ကိုကြည့်ကာ စိတ်ရွှင်လန်းလာသည်။  မိတ်ဆွေတစ်ဦးနှင့်အတူ  မန္တလေးမှ ကျောက်ဆည်မြို့အထိ  တစ်နာရီခွဲနီးပါး ဆိုင်ကယ်စီး ခရီးနှင် လာခဲ့ရသည်။  တိုက်ပွဲများနီးကပ်လာပြီး လူနေမှုကြပ်တည်းခက်ခဲလှသည့် မန္တလေးမြို့မှ ရွှေ့ပြောင်းသွားလိုသောကြောင့် ရွာငံသို့ သွားနေခြင်းဖြစ်သည်။ မန္တလေးနှင့်ကျောက်ဆည်မြို့ ဆိုင်ကယ်ခရီးမှာ နာရီဝက်ကျော်မျှသာ ရှိသော်လည်း လမ်းတွင်   ရဲကင်းဂိတ်အများအပြားရှေ့   ဆိုင်ကယ်ရပ်၊ လမ်းလျှောက်အစစ်အဆေးခံနေကြရသောကြောင့် အချိန်ကုန်လွန်းလှသည်။  ထိုအခြေအနေသည် အာဏာသိမ်းပြီးနောက်မှ ဖြစ်ပေါ်လာခြင်းပင်။  နိုင်ငံအနှံ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းခဲ့သည့် စစ်တပ်က ၃နှစ်ကျော်အကြာ အာဏာသိမ်းမှုဆန့်ကျင်သူတို့မှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်သူတို့၏ ရန်ကြောင့်  နောက်ကျောမလုံ ဖြစ်နေကြသည်။ အတွေးစတို့ ခေတ္တရပ်တန့်သွားသည်။     ကျောက်ဆည်မြို့နယ်အတွင်း  သံရွာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် အလုံပိတ်ကင်းမျှော်စင်နှစ်ခု ရှိသည်၊ […]

စစ်သင်တန်းကျောင်းမရောက်မီ ပင်လယ်ဖြတ်ပြီး လွတ်မြောက်လာသူများ – Myanmar Now

၂၉ နှစ်အရွယ် ထားဝယ်သားကိုဖြိုးသည် သူဆန့်ကျင်သည့် စစ်ကောင်စီတပ်ထဲတွင် တပ်သားဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမှပင် မတွေးမိခဲ့။ ၂၀၂၁ ဖေဖော်ဝါရီလက အရပ်သားအစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခြင်း၊ ဆန့်ကျင်သူများကို ရက်ရက်စက်စက်သတ်ဖြတ် နှိမ်နှင်းခြင်း၊ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားခြင်း စသည့် စစ်တပ်၏ လုပ်ရပ်တို့ကို လမ်းပေါ်ထွက် ဆန့်ကျင်သူများထဲတွင် ကိုဖြိုးလည်း အပါအဝင်ဖြစ်သည်။   အာဏာသိမ်းပြီး သုံးနှစ်ခွဲခန့်အကြာ ၂၀၂၄ ဇူလိုင်လတွင် နိုင်ငံတောင်ပိုင်း ထားဝယ်မြို့သား ကိုဖြိုးသည် တချိန်က ကိုယ်ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အာဏာသိမ်းစစ်တပ်တွင် တပ်သားသစ်တစ်ယောက်ဖြစ်လာခဲ့သည်။  ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားမဝင်နေထိုင်စဉ် ဖမ်းဆီးခံရပြီး  မြန်မာပြည်ဘက်သို့ လွှဲပြောင်းခံကြရသည့် ကိုဖြိုးနှင့် အခြား အမျိုးသားအများအပြားကို  စစ်တပ်က ထပ်မံထိန်းသိမ်းပြီး စစ်သားသစ်အဖြစ် အလွယ်တကူ စုဆောင်းလိုက်လေသည်။ နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသဖြင့် လူအင်အားလိုနေသည့် စစ်ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ […]

အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် မြန်မာ့နိုင်ငံရေး လားရာ – Myanmar Now

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ နောက် ၃လကျော်အကြာ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။  ထိုအချိန်သည် ဒုတိယကမ္ဘာစစ်ပြီးကာလ၊ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်လာသော အချုပ်အခြာအာဏာ ပိုင် နိုင်ငံများ ကမ္ဘာအနှံ့ ပေါ်ထွက်လာသောကာလ ဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော နိုင်ငံတကာစနစ်အဖြစ် ထူထောင်ခါစအချိန်လည်း ဖြစ်သည်။  ကုလသမဂ္ဂပဋိညာဉ်စာချုပ် အခန်း ၁ “ရည်ရွယ်ချက်နှင့် အခြေခံမူများ” ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ ၁ အရ အဖွဲ့ဝင်နိုင်ငံများအကြား ကြီးငယ်မရွေး အချုပ်အခြာအာဏာ တန်းတူညီမှု (Sovereignty Equality) အခြေခံမူကို […]

ဒရုန်းကို စစ်ကောင်စီတပ် ပိုသုံးလာခြင်းနှင့် အရပ်သား ထိခိုက်မှု – Myanmar Now

စက်တင်ဘာ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်စဉ် ထိခိုက်သွားသူများထဲတွင် အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးရဲဘော် သီလဝ ဆိုသူလည်း ပါဝင်သည်။ ၃၅ ရက် အကြာတွင်  ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမှတ် ၃၅၀၁ တပ်ရင်းမှ  ရဲဘော် သီလဝ  သေဆုံးသွားသည်ဟု ဒေသတွင်း တော်လှန်ရေးတပ်သားတစ်ဦးက  ပြောသည်။ နောက် ၂ ရက် အကြာတွင် ရုပ်အလောင်း သင်္ဂြိုဟ်သည့် အစီအစဉ်မှာ အွန်လိုင်းသတင်းစာမျက်နှာများတွင် ဓာတ်ပုံနှင့်တကွ တက်လာသည်။ “ဒဏ်ရာ ကုသနေရင်း ဆုံးသွားခဲ့တာ” ဟု အထက်ပါ တော်လှန်ရေးတပ်သားက  ပြောသည်။ စစ်တောင်းမြစ်အရှေ့ကမ်း ကဲလင်းဆိပ်ရွာနှင့်  ရှားတောရွာ တို့ကို ဒရုန်းဖြင့် ဗုံးချစဉ်  […]

ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

“ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်” ကျော်ရန်နိုင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို […]

ပြည်သိမ်းတိုက်ပွဲကြီးနှင့် ရခိုင်ဒေသ” စစ်ရေးသုံးသပ်ချက် – Western News

“ ကျနော်တို့မှာ ရစရာပဲရှိတယ်။ ကိုယ်ရဲ့ရပိုင်ခွင့်ကို သူများဆီက လက်ဖြန့်တောင်းနေမှာ မဟုတ်ဘူး။ တိုက်ယူ မှာ။ စစ်ပွဲမှာ စနေ၊ တနင်္ဂနွေမရှိဘူး ” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြောခဲ့ဖူးသည်။ ယနေ့တွင်  ရခိုင့်တော်လှန်ရေး စစ်မီးလျှံများတောက်လောင်ဆဲ ဖြစ်ပြီး တစ်ဖက်တွင်လည်း ရခိုင်တို့အတွက် တော်လှန်ရေး အောင်မြင်မှု အသီးအပွင့်များ ဝေဆာလာနေသည်။ မြန်မာ့ တော်လှန်ရေးသမိုင်းတွင် အအောင်မြင်ဆုံးဟု လူတကာ ချီးကျူးထောပနာပြုကြသည့် ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ချိတ်ဆက်ထားသည့် တတိယအကြိမ် တစ်ကျော့ပြန် ရခိုင်ပြည် သိမ်းတိုက်ပွဲကြီးမှာ ယခုအခါ တစ်နှစ်ခန့် ကြာမြင့်လာတော့သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော ဆိုချက်အရ AA ၏ စစ်ရေး တားဂတ် (Target) ထားရှိမှုမှာ ၁၈ မြို့ […]

စစ်ဘေး၊ရေဘေးကြား တောင်သူများ၏ အကျပ်အတည်းနှင့် စားနပ်ရိက္ခာဖူလှုံမှု – Myanmar Now

လွန်ခဲ့သည့် ၁၆ နှစ် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း အတွေ့အကြုံ ရှိလင့်ကစား စက်တင်ဘာ ဒုတိယပတ်အတွင်း ရာဂိမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွင် အာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်များ   ကြိုတင်ပြင်ဆင်ခြင်းမရှိသည့် အတွက်  ပြည်သူတို့ ထိခိုက်မှု များပြားခဲ့သည်။ ရာဂိမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုများ၊ မြေပြိုများ ဖြစ်ပေါ်ကာ လူပေါင်းရာနှင့်ချီ သေဆုံး၊ လူ ၁ သန်းခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင် ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီကလည်း ရေဘေးကြောင့်   ၄၃၆ ဦး သေဆုံး၊ ၆၆ ဦး […]

“ ဓားပြဆန်ဆန်ငွေရှာလာသူ စစ်သားများ”  – Myanmar Now

အနိဋ္ဌာရုံ ပြည့်နှက်နေသော ရှေ့တန်းစစ်မြေပြင်သည် စစ်သားတစ်ယောက်အတွက် အချိန်မရွေး အသက် အန္တရာယ်ရှိ၊ နေထိုင်မှု ကြမ်းတမ်းပြီး အစားအသောက် ခက်ခဲသည်ဟု လူအများက ရှုမြင်ကြသည်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေသတွင်း၌ ပြည်တွင်းစစ် သက်တမ်းအရှည်ကြာဆုံး စစ်ပွဲများကို ဆင်နွှဲနေသော မြန်မာနိုင်ငံတွင်မူ ရှေ့တန်းစစ်မြေပြင်များသည် မြို့ပြများအထိ ရောက်လာသလို စစ်တပ်က အခိုင်အမာခုခံစစ် ပြင်ဆင်ထားသော နောက်တန်း စစ်ဌာနချုပ်များအထိပါ ကျယ်ပြန့်လာသည်။  ကျယ်ပြန့်လာသော စစ်ပွဲများ နှင့်အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ်များ၏ နိုင်ငံ့စီးပွား စီမံခန့်ခွဲမှုအလွဲများကြောင့်လည်း တိုင်းပြည်စီးပွားရေးပြိုကျပြီး အလုပ် အကိုင်ရှားပါးပြီး အထွေထွေကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ဝန်ထမ်းများ၊ ပင်စင်စားများ အပါအဝင် အခြေခံလူတန်းစားများပါ ခါးစည်းခံနေရသည်။  ထိုဒဏ်များကို အဂတိနှင့် အကျင့်ပျက်ချစားမှုများဖြင့် […]