(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ တမြို့ပြီးတမြို့ အသိမ်းခံနေရသလို၊ နောက်ထပ် တိုင်းစစ်ဌာချုပ်ကြီးတခုလည်း ပါလုပါခင် ဖြစ်နေတဲ့ ကာလမျိုးမှာတောင် ကြင်စိုးက ပြုံးလိုက် ရယ်လိုက်နဲ့ ဆိုတော့၊ ဘေးနားကလူတွေ စိတ်ထဲ သို့လော သို့လော ဖြစ်လာကြတယ်။ အင်း၊ အရင်လို ယဉ်ယဉ်လေး ရူးနေတာကနေ၊ အခုတော့ သွက်သွက်ခါအောင် ရူးသွားခဲ့ပြီလား ဆိုပြီး တွေးစပြုကုန်ကြတယ်။ ဘယ်လိုပဲရူးရူး ကြင်စိုးက အရူးပါး၊ အဲဒီ’ သို့လော’အုပ်စုထဲ မဲလုံးလည်း ပါနေတာကို သူက သတိထားမိတယ်။ ‘တပည့်ကျော်ကြီး မဲလုံး၊ မင်း ငါ ဘာဖြစ်နေတာလဲလို့ တွေးနေတယ် မဟုတ်လား’ မဲလုံးက စကားမှားသွားမှာစိုးလို့၊ ဘာမှပြန်မဖြေ။ ဒါပေမဲ့ ဆက်ပြောပါဦး ဘပုရဲ့ ဆိုတဲ့ စူးစမ်းအကြည့်နဲ့ ကြင်စိုးကို […]
ဆယ်ပေါင်တူ – သောက်ပေါ သောက်ပု၏ ’သီပေါ’ ခြောက်အိပ်မက် (မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄ ကြင်စိုးရဲ့ ရီဝေဝေအကြည့်တွေကို မခံနိုင်တော့တဲ့အဆုံး အသာခေါင်းငုံ့ မျက်လွှာချလိုက်ရတဲ့သူက ဘယ်သူမှတော့ မဟုတ်၊ မဲလုံးသာ ဖြစ်ပါတယ်။ ဟိုစိတ် ဒီစိတ်နဲ့ရယ်တော့ မဟုတ်ပါဘူး၊ ဒီရက်ပိုင်း သူ့တူတော်မောင် ‘ပြေးတော့မယ် ဂန့်ပြီ’ ဆိုပြီး ကိစ္စချောသွားတာနဲ့ ပတ်သက်ပြီး ကြင်စိုးတယောက် မဲလုံးအပေါ် ကရုဏာသက်နေမိလို့ပါ။ မဲလုံးက ‘ကျနော် အရမ်းနှမြောတယ်ဗျာ’လို့ ကြေကွဲသံတဝက်နဲ့ ပြောတော့ ‘အေးကွာ ငယ်ငယ်ပဲ ရှိသေးတယ်’ လို့ ပြန်နှစ်သိမ့်လိုက်တယ်။ မဲလုံးက ကြင်စိုးကို နားမလည်သလိုနဲ့ ပြန်ကြည့်ပြီး ‘ကျနော် နှမြောတယ် ဆိုတာက သူနဲ့ အတူ သိမ်းမိသွားတဲ့ ရေမဆေးကျောက်တွေနဲ့ ကျောက်စိမ်းလက်ကောက်နှစ်ကွင်းကို […]