ylliX - Online Advertising Network

သဘောတူထားသည့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ကို တရုတ် တိုက်တွန်း – Myanmar Now

တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့်  Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။  ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။  စစ်ခေါင်းဆောင်က စီးပွားရေး […]

SAC ဥက္ကဋ္ဌနှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူးတို့ ယနေ့ တွေ့ဆုံပြီး နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ဆွေးနွေး

သွင်းကုန်/ပို့ကုန်ကဏ္ဍ ပိုမိုဆောင်ရွက်နိုင်ရန် အဓိကလိုအပ်သည့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနှင့် ယူနန်ပြည်နယ်အကြား ပိုမိုမြှင့်တင်ရန် SAC ဥက္ကဋ္ဌ ပြောကြား ၅. ၁၁. ၂၀၂၄Written by Nyein Kyaw တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H. E. Mr. Wang Ning တို့ ယနေ့ ညနေပိုင်းတွင် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းကဲ့သို့ တွေ့ဆုံစဉ် H. E. Mr. Wang Ning က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ပြီး […]