ylliX - Online Advertising Network

ဒလန်ဟု စွပ်စွဲကာ သက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များ သတ်ဖြတ်

၂၄. ၁၀. ၂၀၂၄Written by Nay Moe ဒလန်ဟု စွပ်စွဲကာ အသက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များက သတ်ဖြတ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံအောင် (၆၃) နှစ်နှင့် ဦးတင်ထွန်း (၅၅) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း […]

ထားဝယ်ဒေသ အရပ်သား ၆ ဦးကို သတင်းပေးဟု စွပ်စွဲကာ KTLA သတ်ဖြတ် – Myanmar Now

( စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်သည်)  မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်တွင်  ကော်သူးလေတပ်ဖွဲ့ (KTLA) က အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အရပ်သား ၃ ဦးစီ  သတ်ဖြတ်ခံရခြင်းဖြစ်ပြီး  ဖြစ်ရပ်တစ်ခုမှာ ယခုလဆန်းတွင် ထားဝယ်မြို့အရှေ့ဘက် တွင် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အရပ်သား ၃ ဦး အသတ်ခံရမှု ဖြစ်သည်။ ထိုအကြောင်းကို ဒေသခံများ၊ အသတ်ခံရသူအချို့၏ မိသားစုဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များကို စုံစမ်းမေးမြန်း စာတမ်းပြုစုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင်က အောက်တိုဘာ ၁၅ ရက်နေ့တွင် […]