အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် K2C တို့ ပူးတွဲကြေညာထားသော ဘုံသဘောတူညီချက်တွင် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ရေး စိန်ခေါ်ချက်များရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပြောသည်။ NUG အပါအဝင် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၅ ရက် ညနေတွင် အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ NUG နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စုပေါင်း၍ K2C ဟုလည်း အများက အလွယ်ခေါ်ကြသည်။ […]