(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၄ စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် အခွန်အကောက်တွေ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ၃ နှစ်ခွဲကြာလာချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စစ်ပွဲတွေအတွက် လိုအပ်တဲ့ ငွေကြေးကို နည်းလမ်းအသွယ်သွယ်နဲ့ ရှာဖွေဖြည့်ဆည်း နေကြရတာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နေထိုင်၊ ကုန်သွယ်ရောင်းဝယ်မှုတွေကနေ အခွန်အကောက်တွေ ကောက်ခံတာ၊ သယံဇာတတွေ ထုတ်ယူရောင်းချတာလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ အကောက်အခွန်လို့ဆိုရာမှာ တရားဝင်ရော တရားမဝင် ကုန်စည်တွေကိုပါ ကောက်ယူကြရတဲ့ အနေအထားမျိုးလည်း ရှိနေတာ ကြားသိနေကြရပါတယ်။ စစ်ပွဲမှာ အနိုင်ရဖို့က ပထမဆုံး ဦးစားပေး ရည်မှန်းချက် ဖြစ်လို့ တရားဝင်ခြင်း မဝင်ခြင်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု စတဲ့ခေါင်းစဥ်တွေကို ပင်လျင် ကင်းကင်းရှင်းရှင်း နဲ့ လုပ်ကိုင်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးလည်း […]