ylliX - Online Advertising Network

စစ်ခေါင်းဆောင်ကို တရုတ်သတိပေးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘စစ်မနိုင်တော့ဘူးလို့ တိုက်ရိုက်ပြောပြီ။ မင်းအောင်လှိုင်ကို တရုတ်သတိပေးပြီ။ နောက်ဆုံးအခွင့်အရေးနဲ့ တွေ့ဆုံပေးခဲ့ပြီး ငြိမ်းချမ်းရေးမလုပ်ရင် တော်လှန်ရေး အင်အားစုက နေပြည်တော်တိုက်မည်ဟု တရုတ်သတိပေး’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် စစ်ခေါင်းဆောင်ကို တရုတ်သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး […]

ကန့်သတ်ချက်များလိုက်နာပါက မြောက်ပိုင်းတပ်များနှင့်ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်မှတဆင့်အဆိုပြု – Myanmar Now

၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နှင့် ယနေ့တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ကန့်သတ်ချက်တစ်ခုကို စစ်ကောင်စီဘက်က ကိုင်ဆွဲထားသည်ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းအချက်မှာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက် မြောက်ပိုင်းမဟာမိတ်များဘက်က အရင်ပြသရမည်ဟုဆိုသည်။ စစ်တပ်ဘက်ကတောင်းဆိုသည့် အဆိုပါကန့်သတ်ချက်တွင် မည်သည့်တောင်းဆိုချက်များ ပါဝင်သည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ ဖြစ်နိုင်သည်က မြောက်ပိုင်းအဖွဲ့များက သိမ်းပိုက်ထားသည့် မြို့ရွာများ၊ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် စစ်စခန်းများကို စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးရေးကဲ့သို့သော အချက်များပါဝင်နိုင်သည်။ စစ်ခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသည့် နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ဆို့ပေးရန် အဆိုပါခရီးစဉ်အတွင်း တရုတ်အစိုးရကိုတောင်းဆိုထားသည်။ စစ်ခေါင်းဆောင်သည် မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် တရုတ်နိုင်ငံကူမင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တရုတ်ဝန်ကြီးချုပ်လီချန်းတို့သည် ယနေ့တွင်သီးသန့်တွေ့ဆုံပွဲကို စစ်ကောင်စီကယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။ […]

သဘောတူထားသည့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ကို တရုတ် တိုက်တွန်း – Myanmar Now

တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့်  Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။  ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။  စစ်ခေါင်းဆောင်က စီးပွားရေး […]

စစ်ခေါင်းဆောင်က ဒေါ်အော်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Daily Burmese Vlog ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မင်းအောင်လှိုင်အမိန့်နဲ့ အမေစုလွတ်နိုင်ခဲ့ပြီ။ (၁) လအတွင်းရွေးကောက်ပွဲလုပ်ပြီး ဒေါ်စုကို အာဏာလွှဲဖို့ ဒီနေ့ပဲ ရာသက်ပန်လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီလို့ပြော’ လို့ ရေးသားထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် စစ်ခေါင်းဆောင်က ဒေါ်အော်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် […]