နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ၏ နည်းပညာမြို့ဖြစ်သော ချုံချင့်မြို့သို့ သွားရောက်ပြီး ဒရုန်းထုတ် လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။ Zhongyue Aviation UAV Firefighting-Drone Co.,Ltd. အမည်ရှိ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက် ပြီး ဒရုန်းပစ္စည်းများ ကြည့်ရှုနေပုံကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများကို လေ့လာခဲ့သည်ဟု ဆိုထားသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းက ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်စခန်း ရာနှင့်ချီ စွန့်လွှတ်လိုက်ရသည်အထိ အကြီးအကျယ် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းမှစတင်၍ ဒရုန်းအသုံးပြုမှုကို သိသိသာသာ အားပြု […]
ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နေပြည်တော် ပွဲဆူကုန်ပြီဗျို့။ တရုတ်က ပြန်လာတဲ့ မအလ ကြိုဆိုပွဲ ဗုံးပေါက်ကွဲ။ ဘောသရုပ်ဆောင် ခန့်စည်သူ၊ ရန်အောင်၊ ဒိန်းဒေါင် မသာပေါ်ပြီ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် တရုတ်က ပြန်လာတဲ့ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom […]
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဲခေါင်ဒေသနိုင်ငံ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ၎င်းပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။ ယမန်နေ့ (နိုဝင်ဘာ ၇) တွင် ထိုင်းဝန်ကြီးချုပ် ပက်တန်ရှင်နာဝပ်၊ နိုဝင်ဘာ ၆ တွင် တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနေး၊ လာအိုဝန်ကြီးချုပ် ဆုန်စေးတို့နှင့် သီးခြားစီ တွေ့ဆုံခွင့် ရခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း နိုင်ငံအများအပြားက စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမရှိ၊ ကန့်သတ်ပိတ်ပင်ထားစဉ် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်လေ့ရှိသည့် အစည်းအဝေးကျင်းပသည့်နေရာသို့ စစ်ခေါင်းဆောင် သွားရောက်ပြီး ထိုသို့ တွေ့ဆုံနိုင်ခဲ့ရုံသာမက ရွေးကောက်ပွဲအစီအစဉ်အတွက် ထောက်ခံမှု ရယူနေခြင်း […]
စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မည်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၄) တွင် ကြေညာသည်။ ကူမင်းမြို့တွင်ကျင်းပမည့် တရုတ် နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်မည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများ ဖြစ်သည်ဟုဆိုသည်။ စစ်ခေါင်းဆောင်၏ ယခုတရုတ်ခရီးစဉ်မတိုင်မီတွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းလှမင်းတို့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။ ဒီမိုကရေစီလိုလားသူများ၊ နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ကြီးသည့် စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများက Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက် Think-Tank ဟုခေါ်သည့် […]
Author CJ Platform Categories Published on Oct 13, 2024 “စစ်ခေါင်းဆောင် တစ်ပတ်တာ ရန်ကုန်နဲ့ နေပြည်တော်မှာ” Source link