ylliX - Online Advertising Network

အမ်းက စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်ရင်းသုံးခုကို AA ထပ်မံသိမ်းပိုက်

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က  စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။   သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။   “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]

BPLA တပ်များ အညာတွင် အခြေချမည်ကို တော်လှန်ရေးအင်အားစုများကြိုဆိုပြီး စစ်ကောင်စီအတွက် ရိုက်ခတ်မှုများရှိလာမည် – Ayeyarwaddy Times

BPLA တပ်များ အညာတွင် အခြေချမည်ကို တော်လှန်ရေးအင်အားစုများကြိုဆိုပြီး စစ်ကောင်စီအတွက် ရိုက်ခတ်မှုများရှိလာမည် – Ayeyarwaddy Times Source link

စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှု တားမြစ်ဖို့ Fortify Rights အဖွဲ့တောင်းဆို

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် မဆင်မခြင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့ စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက်ထောက်ပံ့တာတွေ ရပ်ဆိုင်းရေး ကုလသမဂ္ဂ လုံခြု့ရေးကောင်စီအနေနဲ့ ပိတ်ဆို့အရေးယူဖို့ လူ့အခွင့်အရေး အဖွဲ့ အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းက ကရင်နီနဲ့ ရှမ်းပြည်နယ် နပ်စပ် ဒုက္ခသည်စခန်းတခု ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အကြား ကလေးငယ် ၆ ယောက်နဲ့ စစ်ဘေးရှောင် ၉ ယောက် သေဆုံးခဲ့တာကိုFortify Rights အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တဲ ၄၉ လုံးနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေနဲ့ ထိခိုက်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းပြီး ဖေါ်ပြထားတာပါ။ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်တိုက်ခိုက်တဲ့ […]

စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလစုံစမ်းရေးမှူးပြော – Western News

မြန်မာနိုင်ငံအနှံ့ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များအား နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း […]