စစ်ကောင်စီသည်ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် ပြင်ဆင်နေပြီး ထိုလုပ်သားများ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက စေလွှတ်သည့် အလုပ်အကိုင်အေဂျင်စီများက ပြန်လည်ခေါ်ယူပေးရမည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ညွှန်ကြားလိုက်သည်။ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုသည့်စာချုပ်တွင် အလုပ်လုပ်ခွင့် နှစ်နှစ်ပြည့်ချိန် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက နိုင်ငံသို့ပြန်လာ၍ စစ်မှုထမ်းရမည်၊ ထိုအလုပ်သမားများကို စေလွှတ်ခဲ့သည့် အလုပ်သမားအေဂျင်စီက ထိုသူများကို ပြန်ခေါ်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည်ဟု သိရသည်။ “စာချုပ်အသစ်ထပ်ထုတ်တာ၊ အရင်သွားတဲ့သူတွေလည်းပါတယ်။ ဒါပေမယ့်၊ အိမ်ကို ဆင့်ခေါ်စာရောက်မှပါ၊ စစ်မှုထမ်းဖို့ စာရောက်လာတယ်၊ လူမရှိရင် စာချုပ်ပြည့်တာနဲ့ အေဂျင်စီက ပြန်ခေါ်ပေးရမယ် ”ဟု အလုပ်သမားပို့ဆောင်ရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပြည်ပရောက်အလုပ်သမားများဟု ဆိုသော်လည်း အမျိုးသမီး၊ […]