ylliX - Online Advertising Network

တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန် “စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း သဘောထားထုတ်ပြန်ချက်” ဆိုတဲ့ ခေါင်းစဥ်နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ TNLA ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုက ထိရောက်မှုရှိကြောင်း သက်သေပြလိုက်တဲ့ အဖြစ်အပျက် တခုအဖြစ် ဆိုနိုင်ပါလိမ့်မယ်။ နောင်ချိုမြို့ရဲ့ တောင်ဘက်၊ တောင်ခမ်းတဝိုက် မှာ လနဲ့ချီ အပြင်းအထန်ဖြစ်ပွားနေတဲ့ အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းတွေကိုသိမ်းဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေစဥ်မှာ အခုလို မျှော်လင့်မထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယမန်နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး […]

စစ်ကောင်စီနဲ့ တကျော့ပြန် တိုက်ပွဲတွေမှာ အသာရခဲ့တဲ့အပေါ် AA ထုတ်ပြော

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ အားနည်းချက်ကို အပြည့်အဝ ရယူနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး တစ်နှစ်ပြည့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။   အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ထိုးစစ်စတင်ခဲ့ပြီး ယမန်နေ့ တစ်နှစ်ပြည့်တဲ့နေ့အထိ တိုက်ပွဲ ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ကြားကနေ ပလက်ဝဒေသ အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။   ဒီနှစ် ဇန်နဝါရီလမှာ […]

 ဖလမ်းမြို့  နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီနဲ့ CNDF တို့ တိုက်ပွဲဖြစ်

ချင်းပြည်၊ ဖလမ်းမြို့မှာ နယ်မြေစိုးမိုးရေးအတွက် တပ်ဖြန့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာလ ၂၅ ရက်၊ မနက် ၉ နာရီမှာ  ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ရှိသူထံက သိရပါတယ်။   ဖလမ်းအခြေစိုက် စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းဟာ အင်အား ၄၀ ခန့်နဲ့ အထက (၁) ကျောင်းဘက်မှာ ခြေကုပ်နေရာယူတပ်စွဲဖို့ စစ်ကြောင်းထိုးအလာ CNDF က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။   “ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်။ ရာသီဥတုက အတော်ဆိုးတော့ ထိခိုက်မှုအခြေနေမသိရဘူး”လို့ CNDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ […]

ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး […]