တရုတ်-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလဆန်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang နှင့် သီးခြားတွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြောကြားခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အမြဲထောက်ခံ အားပေးနေကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း […]
နောင်ချိုမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ဗုံးကြဲခဲ့ခြင်းကြောင့် ခရီးသွား အများအပြားသေဆုံးခဲ့ပြီး ပြည်သူကိုပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ် – Ayeyarwaddy Times Source link
Photos – CTUM Myanmar 001 (မဇ္ဈိမ) ။ ။ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူမည့် အတည်ပြုချက်တရပ်ကို ILO အုပ်ချုပ်မှုကော်မတီ၏ နိုဝင်ဘာလ ၆ ရက်နေ့ အစည်းအဝေးတွင် ချမှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို (ILO) ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့သည်။ ယခုအတည်ပြုချက်က ၂၀၂၅ နှစ်လယ်တွင် ပြုလုပ်မည့် အဖွဲ့ချုပ်ညီလာခံတွင် စစ်ကောာင်စီကို အရေးယူဖို့ ဆုံးဖြတ်ချက်ချရန် ညွှန်ကြားချက်ပေးလိုက်ခြင်းဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။ “လာမယ့် […]
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]
တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီ လေကြောင်းက ရမ်းသမ်းဗုံးကြဲမှာကို မြို့ထဲပိတ်မိနေသူများက စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းကလည်း လက်နက်ကြီးများအပြင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပိတ်မိနေသူများ စစ်ရှောင်ရာ အမှတ် ၄ ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်နှင့် မြို့မြောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး နာမည်များကို စုံစမ်းနေဆဲဖြစ်သည်။ မြို့ထဲပိတ်မိနေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တိုက်ပွဲကမြို့ထဲကို ဝင်လာရင် AA ရှိတယ်ဆိုပြီး အကုန်လုံးကို ရမ်းသမ်းဗုံးကြဲသွားမှာ ကျနော်တို့ စိုးရိမ်နေတယ်။ အခုတိုက်ပွဲက မြို့အထဲကိုတော့ မရောက်လာသေးဘူးပေါ့။ ဒါပေမယ့် အချိန်မရွေး ရောက်လာနိုင်တဲ့အနေအထားဖြစ်နေပြီ” ဟု […]
AAနှင့် CNFတို့ကို ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ မကွေးတိုင်း ဆောမြို့နယ် ကံချောင်းရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်များ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူးခင်ဗျ၊ ဒီအတိုင်း လာပြီးဗုံးကြဲသွားတာပါ။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားတာပါ။ ကလေးတစ်ဦးရယ်။ နောက်သုံးဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ နေအိမ် တော်တော်များများ ပျက်စီးသွားပါတယ် ” ဟုပြောသည်။ အာရက္ခတပ်တော် […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် ကိုယ်တိုင် အကုန်ဖွင့်ချပြီ။ NLD ထိပ်ပိုင်း ဝန်ကြီးတစ်ဦးကို ချက်ခြင်း လွှတ်ပြီး ရာထူးလွှဲပေးမယ်လို့ ဒဲ့ကြေညာ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီက NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို လွတ်ပေးပြီး ရာထူးလွဲပေးမယ်ဆိုတဲ့ အကြောင်းအရာကို […]
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂၈ တွင် အမ်းမြို့ဟောင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က မကွေးဘက် မှ စစ်ကူပို့ရန် ကြိုးပမ်းနေသည်ဟု သိရသည်။ အမ်းလေယာဉ်ကွင်းအနီးရှိ မြို့ဟောင်းကို ရပြီးနောက် မြို့တောင်ဘက်ရှိ တိုင်းစစ်ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်နေသည်ဟု AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၇ တွင် လေတပ်က လက်နက်ခဲယမ်းများကို လေထီးနှင့်ချပေးရသော်လည်း စခန်းထဲသို့ ရောက်မသွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ “မြို့ဟောင်းကို သိမ်းပြီးပြီ။ လေထီးနဲ့ချတဲ့ ပစ္စည်းတွေက နပခဝန်းထဲ မရောက်ဘူး။ ဖရိုဖရဲပါပဲ” ဟု ၎င်းက ဆိုသည်။ ကျလုနီးပါးဖြစ်နေသော တိုင်းစစ်ဌာနချုပ်ကို […]
အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်လည်းဖြစ် နေရွှေသွေးအောင် ဖခင် ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက မရမ်းကုန်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့တွင် စစ်ကေင်စီက ထုတ်ပြန်ခဲ့သည်။ Dr Nay Soe Maung Facebook စာမျက်နှာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ […]
စစ်ကောင်စီက သေနတ်ပေးကိုင်ထားသည့် ပုဂံငဆော် သန်းခေါင်စာရင်းလိုက်ကောက်နေစဉ် ပစ်ခတ် ခံရပြီး သေဆုံး – Ayeyarwaddy Times Source link