ylliX - Online Advertising Network

သုံးပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံ (၁၇) ဦးသေဆုံး – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]

မြင်းခြံမှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲပြင်းထန်နေ ဒေသခံ လေးဦးကို စစ်ကောင်စီသတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ အင်အား ၆၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ Myingyan Black Tiger(MBT)ရဲ့ တပ်ဖွဲ့တာ၀န်ရှိသူ ကိုမိုက်ခဲက CJ Platform ကို ပြောပါတယ်။   မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း၊ Myingyan Black Tiger(MBT)ရဲ့ စစ်ကြောင်း-၃ နယ်မြေအတွင်းဖြစ်တဲ့အတွက် အဲဒီစစ်ကြောင်းနဲ့ ယမန်နေ့အထိ သုံးရက်ဆက် တိုက်ပွဲတွေပြင်းထန်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။   “မနေ့က အရပ်သားတွေကိုသတ်ခဲ့တယ်။ ခု ပစ္စည်းတွေကို ဖောကားနဲ့လည်း ယူတယ်။ မီးတွေလည်းရှို့နေတယ်” လို့ ကိုမိုက်ခဲက ပြောပါတယ်။   အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့ နို၀င်ဘာ ၁၄ ရက်နေ့က ကူရွာနဲ့ […]

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဗျူဟာကြီး ၃ ခုနှင့် တပ်ရင်းတပ်စခန်း ၈ခုတို့ကို AAသိမ်းယူ – Ayeyarwaddy Times

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၄ရက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိက ဗျူဟာကုန်းကြီးများနှင့် စစ်ကောင်စီ၏ နပခ ပတ်လည်ရှိ တပ်ရင်း၊ တပ်စခန်းရှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ AA သည် အမ်းရှိ နပခဌာနချုပ်၏ ကာကင်းနှင့် စခန်းအချို့ကို သိမ်းယူထားပြီး လက်ကျန် ကျန်ရှိနေသော တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁၃ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။ “အမ်းတိုက်ပွဲတွေက မြို့တွင်းထိရောက်လာပြီ။ နပခက ဘက်ပေါင်းစုံက‌နေ ပိတ်ဆို့တိုက်ခံနေရတဲ့ သဘောပါ” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ကာကင်းစခန်းများအပြင် ခမရ (၃၇၃)-အမှတ် […]

စစ်ကောင်စီ ဝါဒဖြန့်ချိရေး သင်္ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းရန် ပြင်ဆင်လာ – Western News

စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချီရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။ ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေများနှင့် […]

နယ်စပ်ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ် ဝန်ကြီးချုပ် ပြောဆို – သျှမ်းသံတော်ဆင့်

တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် နိုင်ငံတကာ စာမျက်နှာတွင် တရုတ်နိုင်ငံ […]

အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ ကင်းခန်း ၂ ခုကို တပြိုင်တည်း တိုက်ခိုက်

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာထိပ်နှင့် ဘုံတောလမ်းဆုံနှင့် မိုင်တိုင် (၁၁)ရှိ စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းရဲဘော်များက နိုဝင်ဘာ (၅) ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူများအပြင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်သည့်အတွက် အပြီးသတ်ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။ #RedNewsAgency #RNA #REDNEWS Source link

အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်  ၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။  စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း […]

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။  စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ […]

တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။  အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။  “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့၊ ဒါမယ့် ဒီကာလမှာ ခုလိုဖမ်းတာက စစ်မှုထမ်းခိုင်းဖို့ ကိစ္စရယ်၊ ပိုက်ဆံညစ်ချင်လို့ရယ်ဖြစ်မှာပဲ” ဟု တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသောလူငယ်များပြန်လည် လွတ်မြောက်ခြင်းရှိမရှိအသေးစိတ် မသိရသေးပေ။   စစ်ကောင်စီမှ စစ်သားပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေအား အသက်သွင်းထားသည့် ကာလဖြစ်သည့်အတွက် လူငယ်များအနေဖြင့်လည်း မိမိလုံခြုံရေးကို ဂရုပြုစေလိုကြောင်း […]