ylliX - Online Advertising Network

တရုတ်မှာ AI စက်ရုပ်က တခြား စက်ရုပ် ၁၂ ရုပ်ကို ပြန်ပေးဆွဲမှု ဖြစ်ပွား – MyTech Myanmar

Skip to content AI စက်ရုပ်နဲ့ ပတ်သက်ပြီး တရုတ်မှာ ထူးခြား အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဟန်ကျိုးမှ ရှန်ဟိုင်း စက်ရုပ် ကုမ္ပဏီရဲ့ ပြခန်းမှာ  AI စက်ရုပ်လေးဟာ အရွယ်ကြီး စက်ရုပ် ၁၂ ရုပ်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကို CCTV နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆင့်မြင့် AI နည်းပညာရဲ့ အလားအလာကို စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ မှတ်တမ်း ဗီဒီယိုမှာ Erbai အမည်ရ အရွယ်သေး စက်ရုပ်လေးဟာ အရွယ်ကြီး စက်ရုပ်တွေကို စကားသွားပြောတာကို မြင်ရပါတယ်။ သူက စက်ရုပ်ကြီးတွေကို အလုပ်နားပြီး သူနဲ့အတူ ပြခန်း အပြင်ဘက်ထွက်အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ စက်ရုပ်ကြီးတွေဟာ Erbai ရဲ့ […]

လူသားတွေကို အတုခိုးပြီး အိမ် အလုပ်တွေ လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို တီထွင် – MyTech Myanmar

Skip to content ဗီယင်နာမှ TU Wein ရှိ သုတေသနပညာရှင်တွေက လူသားတွေထံကနေ လေ့လာသင်ယူနိုင်ပြီး ပန်းကန်ဆေးတာလို အိမ်အလုပ်မျိုးစုံကို လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ ဆန်ဆာတွေကနေ လူသားတွေရဲ့ အပြုအမူတွေကို လေ့လာသင်ကြားတာ ဖြစ်ပါတယ်။ ဒီထူးခြားဆန်းသစ်တဲ့ နည်းပညာမှာ ရှုပ်ထွေးတဲ့ Programming တွေ မလိုအပ်ဘဲ စက်ရုပ်ဟာ မတူကွဲပြားတဲ့ ပစ္စည်းတွေကို သိနိုင်ပြီး သင့်တော်တဲ့ အားနဲ့ လှုပ်ရှားမှုကို ပြုလုပ်နိုင်ပါတယ်။ စက်ရုပ်ကို Neural Network နဲ့ လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပြီး လူက တစ်ကြိမ်ထဲ သရုပ်ပြသတာနဲ့စက်ရုပ်က အလုပ်ကို တိကျမှန်ကန်စွာ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာကြောင့် စက်ရုပ်ဟာ အိမ် အလုပ်တွေ အပြင် ပေါလစ်တိုက်တာ၊ ဆေးသုတ်တာလို အလုပ်တွေကိုပါ […]

ကမ္ဘာ့ ပထမဆုံး အနေနဲ့ စက်ရုပ်က တယောထိုးပြခဲ့ – MyTech Myanmar

Skip to content ဒီနေ့ခေတ်မှာ စက်ရုပ်တွေကို နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ အခု စက်ရုပ် အသစ်က ဂီတလောကကို အသွင်ပြောင်းပေးနိုင်လာပါတယ်။ စက်ရုပ်ဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ တယော ထိုးပြခဲ့ပါတယ်။ 3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ စက်ရုပ် လက်တံတွေဟာ ဆွီဒင်မှာ တေးဂီတဝိုင်းနဲ့အတူ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။ သုတေသနပညာရှင်နဲ့ သီချင်းရေးသူ Fredrik Gran က တီထွင်ထားတဲ့ စက်ရုပ်ဟာ တယောထိုးဖို့ AI Tools  တွေကို မမှီခိုထားဘဲ သီချင်းရေးဆရာ Jacob Muhlrad ရဲ့ စက်ရုပ်အတွက် အထူးရေးသားထားတဲ့ Musical Score နဲ့ ပရိုဂရမ် ရေးဆွဲထားတာ ဖြစ်ပါတယ်။ Muhlrad က “ စက်ရုပ်နဲ့ […]

ဂျပန်မှ အင်ဂျင်နီယာက သူနဲ့ တူတဲ့ စက်ရုပ်ကို တီထွင် – MyTech Myanmar

Skip to content ၂၀၀၆ ခုနှစ်မှာ ဂျပန်မှ အင်ဂျင်နီယာ Hiroshi Ishiguro ဟာ သူနဲ့ တူတဲ့ Geminoid Hl-1 စက်ရုပ်ကို တီထွင်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး အံ့အားသင့်သွားကြပါတယ်။ အခုတော့ နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ သူဟာ အရင်ကထက် ပိုအဆင့်မြင့်တဲ့ သူနဲ့ တူတဲ့ စက်ရုပ် ၆ မျိုးကို တီထွင်ထားပြီးပါပြီ။ နောက်ဆုံး မော်ဒယ်က Geminoid Hl-6 ဖြစ်ပြီး အိုဆာကာ တက္ကသိုလ်မှ Hiroshi Ishiguro Laboratories မှာ ပြသထားပါတယ်။ အဲဒီစက်ရုပ်ဟာ သူနဲ့ ခွဲမရအောင်တူပြီး တကယ့် လူ့ ဆံပင်၊ ဆီလီကွန် အရေပြားနဲ့ သဘာဝကျတဲ့ မျက်နှာအမူအယာတွေ ပါလာပါတယ်။ အစပိုင်းမှာ […]