၂၀၀၆ ခုနှစ်မှာ ဂျပန်မှ အင်ဂျင်နီယာ Hiroshi Ishiguro ဟာ သူနဲ့ တူတဲ့ Geminoid Hl-1 စက်ရုပ်ကို တီထွင်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး အံ့အားသင့်သွားကြပါတယ်။ အခုတော့ နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ သူဟာ အရင်ကထက် ပိုအဆင့်မြင့်တဲ့ သူနဲ့ တူတဲ့ စက်ရုပ် ၆ မျိုးကို တီထွင်ထားပြီးပါပြီ။
နောက်ဆုံး မော်ဒယ်က Geminoid Hl-6 ဖြစ်ပြီး အိုဆာကာ တက္ကသိုလ်မှ Hiroshi Ishiguro Laboratories မှာ ပြသထားပါတယ်။ အဲဒီစက်ရုပ်ဟာ သူနဲ့ ခွဲမရအောင်တူပြီး တကယ့် လူ့ ဆံပင်၊ ဆီလီကွန် အရေပြားနဲ့ သဘာဝကျတဲ့ မျက်နှာအမူအယာတွေ ပါလာပါတယ်။ အစပိုင်းမှာ Ishiguro ရဲ့ ကိုယ်စား စာသင်ကြားပေးဖို့ အသုံးပြုခဲ့ပေမယ့် အခုတော့ Hl-6 ဟာ Language Model ကြောင့် ပရိတ်သတ်ရဲ့ မေးခွန်းတွေကိုပါ ဖြေဆိုလာနိုင်ပါတယ်။
အဲဒီစက်ရုပ်ဟာ အရပ်အမြင့် ၅၀ စင်တီမီတာရှိပြီး ပလတ်စတစ် ဦးခေါင်း၊ သတ္တု အရိုး၊ မောင်းနှင်လည်ပတ်တဲ့ ကိရိယာ ၁၆ ခုနဲ့ ပြင်ပ စွမ်းအင် ထိန်းချုပ်တဲ့ စနစ်တွေ ပါပါတယ်။ စက်ရုပ်ဟာ ကိုယ်ခန္တာ အပေါ်ပိုင်း လှုပ်ရှားမှုများစွာနဲ့ မျက်နှာ အမူအယာ များစွာ ပြုလုပ်နိုင်ပါတယ်။ လက်ရှိမှာ လမ်းမလျှောက်နိုင်သေးဘဲ အနာဂတ်မှာ လမ်းလျှောက်လာနိုင်ပါတယ်။
Ref : Technology Innovation
Share This Story, Choose Your Platform!
Go to Top