ဖိလစ်ပိုင်နိုင်ငံရှိ ဟိုတယ်တစ်ခုမှာ ကမ္ဘာ့အကြီးမားဆုံး ကြက်ဖပုံ အဆောက်အအုံအဖြစ် ဂင်းနက်စ် စံချိန်တင်သွားသည်။ တည်ရှိသည့်နေရာမှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Negros Occidental ပြည်နယ်မှ Campuestohan Highland အပန်းဖြေစခန်းတွင် တည်ရှိသည်။ ကြက်ဖပုံ အဆောက်အအုံကြီးမှာ အမြင့် ၃၄ ဒသမ ၉၃၁ မီတာ (၁၁၅ ပေခန့်)၊ အကျယ် ၁၂ ဒသမ ၁၂၇ မီတာ (ပေ ၄၀ နီးပါး)၊ အလျား ၂၈ ဒသမ ၁၇၂ မီတာ (၉၂ ပေခန့်) ရှိကြောင်း ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ ကြက်ဖပုံ ဟိုတယ်အဆောက်အအုံကြီးတွင် အခန်း ၁၅ ခန်းပါဝင်ပြီး လေအေးပေးစက်များ၊ ကြီးမားသော အိပ်ရာကြီးများ၊ ရုပ်မြင်သံကြားစက်များနှင့် ရေပန်းများပါဝင်သည်။ အထပ်တိုင်းမှာ […]