ylliX - Online Advertising Network

AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရ၍ သတိမေ့နေသဖြင့် ဆေးရုံတင်ထားရ၊ မုဒိမ်းကျင့်ခံ အမျိုးသမီးနံဘေး AA ဘက်တံဆိပ်ပါအင်္ကျီတွေ့ရှိ

၂၄.၁၁.၂၀၂၄Written by Zun AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်း အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရကာ သတိမေ့နေ၍ ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသမီးသည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဟင်းစားရှာရန် နေအိမ်မှ ထွက်ခွာပြီးနောက် ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည့်အတွက် ဝိုင်းဝန်းရှာဖွေကြရာ နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တွေ့ရှိခဲ့သောနေရာမှာ ဆမီးမြို့အနီး စောချောင်းဝတွင် ဖြစ်ပြီး ၎င်းအား မြက်ပင်များဖြင့် ဖုံးထားကြောင်း၊ ယင်းအမျိုးသမီးအား မြက်ပင်များဖြင့် ဖုံးထားရာ အနီးတွင်လည်း AA လက်မောင်းဘက်တံဆိပ်ပါ ယူနီဖောင်း အင်္ကျီတစ်ထည် တွေ့ရှိထားကြောင်း သိရသည်။ “ငါတို့မြို့မှာ ဒီလို ရာဇဝင်သမိုင်းမရှိခဲ့ဘူး။ […]

တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ

⁨⁨⁨⁨⁨ (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း – ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဦးစီးအရာရှိအဆင့် အရာရှိသင်တန်းသား (၂၀)နှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း – ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဦးစီးအရာရှိအဆင့် အရာရှိသင်တန်းသား (၂၀)နှင့် တွေ့ဆုံ moiuser Mon, 10/28/2024 – 19:04 iFrame is not supported! Source link