(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ (၁) လူ့လောကကြီးတွင် နောင်တ တရားရှိသင့်၊ မရှိသင့်ဟူ၍ အယူအဆနှစ်မျိုးကွဲပြားလျက်ရှိပါသည်။ တစ် ဖက်က နောင်တ တရားရှိသင့်သည်၊ သို့မှသာ လွန်ခဲ့သော ကာလကအမှားမျိုးထပ်မံမမှားမိစေရန် ကာကွယ်နိုင် မည်။ အခြားတဖက်ကလည်း နောင်တ တရားဟူ၍လုံးဝမရှိသင့်၊ အတိတ်ကာလသည် ကုန်လွန်သွားပြီ၊ ရှေ့သို့ သာဆက်ရန်ရှိတော့သည်ဟူ၍ဖြစ်သည်။ စာပေလောကတွင်နောင်တတရားကို ထိမ်းချုပ်ရန်၊ စီမံခန့်ခွဲရန် အကြံ ပေးချက်များနှင့် ပြည့်နှက်လျက်ရှိပါသည်။ ကွန်ဂရက်၏ စာကြည့်တိုက်တွင် No regret ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်အမျိုးပေါင်း ငါးဆယ်ထက်မနည်း ရှိသည်။ ပြောလိုသောသင်ခန်းစာမှာ သေချာပါသည်။ နောင်တတရားသည် မလိုအပ်ပါ။ ကိုယ့်ကိုကိုယ်အရှုံးပေးသလို ဖြစ်နေပါသည်။ နောက်ပြန်ကြည့်သောတရား ဖြစ်ပါသည်။ အနုတ်လက္ခဏာဆောင်သော အတွေးများကို ရှောင်ရှားရမည်ဟုလည်း ဆိုလိုပါသည်။ (၂) […]
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၄ ( ၁ ) ဒေါက်တာ လမ်ကီး (Anna Lambke) က နျူရိုထရန်စမစ်တာ ဒိုပါမင်းသည် လူတို့အားလုံး ပျော်ရွှင်ချမ်းမြေ့ရေး၊ ဆုလာဘ် ရရှိသလို ခံစားနိုင်ရေးအတွက် အဓိကကျသော အကြောင်းအရာ ဖြစ်သည်ဟု ပြောကြားလိုက်ပါသည်။ ယစ်မူးစေသော အရက်၊ ဘိန်း စသည့်အရာများမှ ပေးသော ခံစားချက်များတွင်လည်း ဒိုပါမင်းသည် တာဝန်ရှိပါသည်။ ဒိုပါမင်းများစွာ ထုတ်ပေးနိုင်လေလေ၊ မြန်နိုင်သမျှ မြန်မြန်ထုတ်ပေးနိုင်လေလေ ထိုအရာဝတ္ထုများအပေါ် စွဲလမ်းခြင်း (addiction) ဖြစ်လေလေ ဖြစ်သည်။ ဒေါက်တာလမ်းကီးက သူ့စာအုပ်တွင် ထိုသို့ စွဲလမ်းခြင်းမှ လွတ်ကင်းနိုင်ရန် နည်းလမ်းများကို ဖော်ပြခဲ့ရာ ဒိုပါမင်း ကင်းစင်ခြင်း (Dopramine fast) နည်းကို ဖော်ပြခဲ့သည်။ ဦးနှောက်ကို ပျော်ရွှင်ချမ်းမြေ့စေသည့် […]