စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သန်ခေါင်းစာရင်း မကောက်နိုင်သေးတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ ဆက်လက်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ ကြေညာထားခဲ့ပေမဲ့ အောက်တိုဘာ လကုန်အထိ ထပ်တိုးကောက်ခဲ့ပါတယ်။ သတ်မှတ် ၁၅ ရက်အတွင်း ကလေးမြို့မှာလည်း ကောက်ယူခဲ့ပေမဲ့ ချင်းလူမျိုးတွေနေထိုင်ကြတဲ့ တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ် စတဲ့ရပ်ကွက်တွေမှာတော့ အဲဒီရက်ပိုင်းထဲ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ပါဘူး။ အဲဒီမှာ အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ပြန်လည်ကောက်ယူခဲ့တယ်လို့ တာဟန်းရပ်ကွက်မှ အသက် ၂၈ နှစ်ဝန်းကျင်ရှိ ချင်းအမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။ “ပထမအခေါက်လို့ ပြောရမလား။ […]
ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်များကို သေဒဏ်တဲ့ဗျာ။ ဒီည သေဒဏ်ချလိုက်ပြီဗျာ။ တစ်နိုင်ငံလုံး သိအောင် အမြန်ဖြန့်ဝေပေးကြပါ’ လို့ ရေးသားထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က […]