ylliX - Online Advertising Network
NLD ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်တယ်ဆိုတဲ့ သတင်းအမှား

NLD ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်တယ်ဆိုတဲ့ သတင်းအမှား



ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်များကို သေဒဏ်တဲ့ဗျာ။ ဒီည သေဒဏ်ချလိုက်ပြီဗျာ။ တစ်နိုင်ငံလုံး သိအောင် အမြန်ဖြန့်ဝေပေးကြပါ’ လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ ‘ကလေးမြို့ အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်တပ်က ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မော်လိုက်အကျဉ်းထောင်မှ လွတ်ရက်စေ့လို့ ပြန် လည်လွတ်‌မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းထက်ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့က ပြန်လည်ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို ရေးသားဖော်ပြထားတာပါ။

သတင်းထဲမှာ ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *