လှကျော်ဇော – ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၄ ) (မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄ တိန့်ရှောင်ပင်ရဲ့ တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီ ဥက္ကဋ္ ဌမော်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို အပြတ်အသတ်ရပြီးနောက်မှာ တရုတ်ကွန်မြူနစ်များ တသက်ပတ်လုံး လိုက်နာရမယ့် ဆောင်ပုဒ်တခု တင်လိုက်ပါတယ်။ ‘ပြည်သူ့အကျိုးဆောင်ကြ’ တဲ့။ ဒါဟာ သူတို့ရဲ့ ပေတံပါ။ ဒါကို အခြေခံပြီး ၁၉၇၆ မော် ကွယ်လွန်ပြီးနောက် အာဏာရလာတဲ့ တိန့်ရှောင်ပင်ကလည်း ၂၀ ရာစုအဝင် အရင်းရှင်စနစ်ရဲ့ အပြောင်းအလဲများကို စနစ်တကျ လေ့လာပြီး တရုတ်ပြည်အတွက် ရှေ့လျှောက်ရမယ့် လမ်းကို ချမှတ်လိုက်ပါတယ်။ ကိုလိုနီလက်ဟောင်း အရင်းရှင်နိုင်ငံများဟာ မိမိလက်အောက်ခံ ကိုလိုနီနိုင်ငံများကို မလွှဲမရှောင်သာ နိုင်ငံရေးအရ လွတ်လပ်ရေးပေးလိုက်ရ ပေမယ့် စီးပွားရေးအရ သူတို့အပေါ် မှီခိုနေရအောင် […]