(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄ တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။ တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ […]
RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွားပြီ […]