Skip to content တရုတ် ကုမ္ပဏီ EHang ဟာ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ eVTOL တွေကို တီထွင်နေတဲ့ ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီဟာ Solid-state Battery ပါတဲ့ ခရီးသည်တင် eVTOL ကို ကမ္ဘာ့ ပထမဆုံး အနေနဲ့ စမ်းသပ်မောင်းနှင်ကာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီ Battery ကို Shenzhen Inx Energy Technology နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး 480 Wh/kg စွမ်းအင် သိပ်သည်းဆရှိကာ အလွန်ပြင်းထန်တဲ့ အပူချိန်တွေမှာ အလုပ်လုပ်ပါတယ်။ […]
Skip to content ဒီနေ့ခေတ်မှာ စက်ရုပ်တွေကို နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ အခု စက်ရုပ် အသစ်က ဂီတလောကကို အသွင်ပြောင်းပေးနိုင်လာပါတယ်။ စက်ရုပ်ဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ တယော ထိုးပြခဲ့ပါတယ်။ 3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ စက်ရုပ် လက်တံတွေဟာ ဆွီဒင်မှာ တေးဂီတဝိုင်းနဲ့အတူ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။ သုတေသနပညာရှင်နဲ့ သီချင်းရေးသူ Fredrik Gran က တီထွင်ထားတဲ့ စက်ရုပ်ဟာ တယောထိုးဖို့ AI Tools တွေကို မမှီခိုထားဘဲ သီချင်းရေးဆရာ Jacob Muhlrad ရဲ့ စက်ရုပ်အတွက် အထူးရေးသားထားတဲ့ Musical Score နဲ့ ပရိုဂရမ် ရေးဆွဲထားတာ ဖြစ်ပါတယ်။ Muhlrad က “ စက်ရုပ်နဲ့ […]
Skip to content Nvidia ဟာ အင်္ဂါနေ့မှာ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဒုတိယအကြိမ် ဖြစ်လာပါတယ်။ Nvidia ရဲ့ ဈေးကွက်တန်ဖိုးဟာ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဒေါ်လာ ၃.၄၃ ထရီလီယမ် တန်ကြေး ရှိလာပါတယ်။ Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃.၄ ထရီလီယမ် ဖြစ်ပါတယ်။ Nvidia ရှယ်ယာတန်ဖိုးဟာ ၂၀၂၄ ခုနှစ်မှာ ၃ ဆ နီးပါး တက်လာခဲ့ပြီး ကုမ္ပဏီဟာ Graphics Processing Units or GPU ရောင်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ကာ AI ဈေးကွက်မှာ ထိပ်တန်းက ဦးဆောင်နေပါတယ်။ Apple ရှယ်ယာတန်ဖိုးဟာ ဒီနှစ်မှာ […]
Skip to content Mr. Beast လို့ လူသိများတဲ့ Jimmy Donaldson ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး Burj Khalifa ကို တက်နိုင်တဲ့ ၈ ယောက်မြောက်လူသား ဖြစ်လာပါတယ်။ သူရဲ့ အဲဒီအဆောက်အဦး ထိပ်ဖျားမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အင်တာနက်မှာ ပျံ့နှံ့နေပြီး သူက “ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦးပေါ်မှာ ကျွန်တော် မတ်တပ်ရပ်နိုင်ပါပြီ။ ဒါဟာ အံ့အားသင့်စရာ ကောင်းပါတယ်။ ကြောက်စရာကောင်းလို့ အောက်ကို မကြည့်ရဲပါဘူး။ “ လို့ ရေးသားထားပါတယ်။ သူ့ရဲ့ စတန့်ကို လူများစွာက မတူညီတဲ့ မှတ်ချက်တွေပေးထားကြပါတယ်။ လူတစ်ယောက်က “ Tom Cruise က ပထမဆုံး […]
Skip to content ဆွစ်ဇာလန်ဟာ သန့်ရှင်းတဲ့ စွမ်းအင်ကို ပြောင်းလဲ အသုံးပြုဖို့ ကြိုးစားနေပြီး ကမ္ဘာ့ ပထမဆုံး အနေနဲ့ တည်ရှိပြီးသား ရထားလမ်းတွေမှာ Solar Panel တွေကို တပ်ဆင်မှာ ဖြစ်ပါတယ်။ တည်ထောင်ခါစ ကုမ္ပဏီငယ် ဖြစ်တဲ့ Sun-Ways နဲ့ EPFL , The Swiss Federal Technology Institute တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ဒီ ထူးခြားဆန်းသစ်တဲ့ စနစ်ကို ၂၀၂၅ ခုနှစ်က စတင်ကာ Neuchatel မှ ရထားလမ်းမှာ စမ်းသပ်တပ်ဆင်မှာ ဖြစ်ပါတယ်။ အဲဒီ Solar Panel တွေဟာ ရထားလမ်းမှာ လွယ်ကူစွာ ဖြုတ်တပ်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ […]
Skip to content တရုတ်ရဲ့ United Aircraft Corporation က Wuhu Aviation Industrial Park မှာ Lanying R6000 အမည်ရ လေယာဉ်ကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ဟာ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ၆ တန် လေယာဉ် ဖြစ်ပါတယ်။ နည်းပညာမြင့်မားတဲ့ လေယာဉ် ဖြစ်ပြီး အလိုအလျှောက် မောင်းနှင်နိုင်သလို လူက ထိန်းချုပ် မောင်းနှင်နိုင်ပါတယ်။ မိုင် ၂,၅၀၀ ( ၄,၀၀၀ ကီလိုမီတာ) အကွာအဝေး မောင်းနှင်နိုင်ပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၃၄၀ မိုင် ( တစ်နာရီကို ၅၅၀ ကီလိုမီတာ) ပျံသန်းနိုင်ပါတယ်။ ကုန်ပစ္စည်း အလေးချိန် […]
Skip to content ကမ္ဘာ့ ပထမဆုံး All-electric လေယာဉ် ဖြစ်တဲ့ Alice ကို တီထွင်နေတဲ့ Eviation Aircraft ကုမ္ပဏီက UrbanLink Air Mobility နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Alice ခရီးသည်တင်လေယာဉ် ၁၀ စီးကို UrbanLink ကို ရောင်းချပေးဖို့ သဘောတူညီလိုက်ကြပါတယ်။ Alice ဟာ ၅၇ ပေ ရှည်လျားပြီး လူ ၉ ယောက် စီးနိုင်ပါတယ်။ ကမ္ဘာ့ ပထမဆုံး ၄ တန် သို့မဟုတ် ၈,၀၀၀ ပေါင် ဘက်ထရီ ပါတဲ့ လျှပ်စစ် လေယာဉ် ဖြစ်ပြီး မိနစ် ၃၀ အားသွင်းရင် ၅၀၅ မိုင် မောင်းနှင်နိုင်ပါတယ်။ […]