Nvidia ဟာ အင်္ဂါနေ့မှာ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဒုတိယအကြိမ် ဖြစ်လာပါတယ်။
Nvidia ရဲ့ ဈေးကွက်တန်ဖိုးဟာ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဒေါ်လာ ၃.၄၃ ထရီလီယမ် တန်ကြေး ရှိလာပါတယ်။ Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃.၄ ထရီလီယမ် ဖြစ်ပါတယ်။ Nvidia ရှယ်ယာတန်ဖိုးဟာ ၂၀၂၄ ခုနှစ်မှာ ၃ ဆ နီးပါး တက်လာခဲ့ပြီး ကုမ္ပဏီဟာ Graphics Processing Units or GPU ရောင်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ကာ AI ဈေးကွက်မှာ ထိပ်တန်းက ဦးဆောင်နေပါတယ်။
Apple ရှယ်ယာတန်ဖိုးဟာ ဒီနှစ်မှာ ၁၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး လေ့လာဆန်းစစ်သူတွေက မကြာခင်က ရောင်းချခဲ့တဲ့ iPhone အတွက် Apple Intelligence Features တွေဟာ ရောင်းအားတိုးတက်စေခဲ့တာလို့ သုံးသပ်ကြပါတယ်။
Nvidia ဟာ OpenAI ရဲ့ ChatGPT လို AI Software တွေကို မောင်းနှင်ပေးတဲ့ GPU တွေကို အဓိက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စတော့ တန်ဖိုးဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၂,၇၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး ဝင်ငွေဟာ ပြီးခဲ့တဲ့ ကွာတား ၅ ခုအတွင်း ၂ ဆကျော် မြင့်မားခဲ့ပါတယ်။
Apple ဟာ ဒေါ်လာ ၁ ထရီလီယမ်နဲ့ ၂ ထရီလီယမ် တန်ဖိုးရှိတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။ Nvidia ဟာ ဇွန်လမှာ Apple ကို ကျော်တက်ခဲ့ပါတယ်။ Microsoft က ဒေါ်လာ ၃.၁ ထရီလီယမ်နဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။
Ref : cnbc
Share This Story, Choose Your Platform!
Go to Top