လားရှိုးမြို့ကို တပ်မတော်က ယနေ့ ဗုံး ၆ ကြိမ် ထပ်မံကြဲချခဲ့၍ MNDAA အခြေချရာ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံ ဆိုးဆိုးရွားရွား ပျက်စီးသွား – Myanmar Transparency News Source link
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး […]
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံ၏ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်း ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည် (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် […]