ylliX - Online Advertising Network

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် | Popular

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကော်မရှင်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကာ လိုအပ်သည့် ဘတ်ဂျက်ငွေများကို ချထားပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။ သို့ရာတွင် ဘတ်ဂျက်သုံးစွဲရာ၌ ငွေရှိမှသာသုံးစွဲနိုင်မည်ဖြစ်၍ အခွန်အခများပြည့်ပြည့်ဝဝရရှိရန်လိုသည်ကိုလည်း ဖြည့်စွက်ပြောသည်။ ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိမည်ဖြစ်၍ တိုင်းနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ” စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ အဲဒါတွေကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံငွေနဲ့ တခြားလိုအပ်ချက်တွေရှိလာရင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းနဲ့ ပြည်နယ်အလိုက် အားသွန်ခွန်စိုက်ဆောင်ရွက်ကြဖို့လိုပါတယ်။ ပဒေသာပင်က မြေကြီးကနေမပေါက်နိုင်ပါဘူး။ […]