ylliX - Online Advertising Network

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် | Popular


ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကော်မရှင်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကာ လိုအပ်သည့် ဘတ်ဂျက်ငွေများကို ချထားပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။

သို့ရာတွင် ဘတ်ဂျက်သုံးစွဲရာ၌ ငွေရှိမှသာသုံးစွဲနိုင်မည်ဖြစ်၍ အခွန်အခများပြည့်ပြည့်ဝဝရရှိရန်လိုသည်ကိုလည်း ဖြည့်စွက်ပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိမည်ဖြစ်၍ တိုင်းနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

” စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ အဲဒါတွေကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံငွေနဲ့ တခြားလိုအပ်ချက်တွေရှိလာရင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းနဲ့ ပြည်နယ်အလိုက် အားသွန်ခွန်စိုက်ဆောင်ရွက်ကြဖို့လိုပါတယ်။ ပဒေသာပင်က မြေကြီးကနေမပေါက်နိုင်ပါဘူး။ ကြိုးစားလုပ်ကိုင်ခြင်းနဲ့သာ ပဒေသာပင်ပေါက်နိုင်လို့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကို အလေးအနက်ထားပြီးကြိုးပမ်းဆောင်ရွက်သွားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းမှာကြားသည်။

အလားတူ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ ပြည်သူလူထု၏ စားရေရိက္ခာဖူလုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အကောင်အထည်ဖော်ရမည်ဟု မှာကြားသည်။

ထို့ကြောင့် အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့စီးပွားရေးကိုပုံမှန်လည်ပတ်နိုင်ရေးမှတစ်ဆင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *