ylliX - Online Advertising Network

ကွန်ဒုံး ကွီးတို့ ရှောင်

ကွန်ဒုံးတွေဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အကာအကွယ် တစ်ခုပါ။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အသုံးပြုတက်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကွန်ဒုံး တွေနဲ့ ပတ်သတ်ပြီး ကွီးတို့ သတိထား ရှောင်ကြဉ်ရမယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။ (၁) သက်တမ်းလွန် ကွန်ဒုံးတွေကို မသုံးပါနဲ့ Photo : Palmetto Community Care သက်တမ်း ကုန်ဆုံးနေတဲ့ ကွန်ဒုံးတွေ လုံးဝ (လုံးဝ) အသုံးမပြုသင့်ပါဘူး။ သက်တမ်းလွန် ကွန်ဒုံးတွေဟာ အာနိသင်လျော့ကျနေပြီး အလွယ်တကူ ပေါက်ပြဲလွယ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားတာ ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရတာ စတဲ့ အခြေအနေတွေ ကြုံတွေ့ခံရနိုင်ခြေ […]

NNN Challenge ကွီးတို့ Fail

No Nut November (NNN) ဆိုတာ နိုဝင်ဘာလထဲ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဖြစ်တဲ့ တစ်ကိုယ်ရည် အသာဖြေခြင်း ၊ ချစ်တင်းနှောခြင်း စတာတွေကို လုံးဝရှောင်ရှားပြီး တစ်လလုံး သုတ်မလွှတ်ပဲ နေနိုင်လားဆိုတာ စိန်ခေါ်ရတဲ့ Challenge ဖြစ်ပါတယ်။ NNNchallenge ဟာ ၂၀၁၁ ခုနှစ်လောက်က စပြီး  ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ပေါ်မှာ စတင်ပေါ်ပေါက် လာခဲ့တာပါ။ Photo : LADbible ယောကျာ်းလေးတွေ ကြားမှာတော့ ဒီ Movement က တော်တော်လေး ရေပန်းစား လူသိများပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများတဲ့ စိန်ခေါ်မှုတစ်ခုလို့ လက်ခံထားကြပါတယ်။ No Nut November စိန်ခေါ်မှုက တကယ်ပဲ အကျိုးများစေတာလား ? ဘယ်လိုကောင်းကျိုးတွေ ရစေနိုင်မလဲဆိုတာ ဆက်လေ့လာ […]

၂၀၂၄ ခုနှစ် ကွာတား ၃ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ iPhone 15 – MyTech Myanmar

Skip to content Counterpoint ရဲ့ ဈေးကွက် သုတေသန စစ်တမ်းအရ iPhone 15 ဟာ ဒီနှစ် ကွာတား ၃ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ် ဖုန်း ဖြစ်ခဲ့ပါတယ်။ iPhone 15 ရဲ့ နောက်မှာ iPhone 15 Pro Max နဲ့ 15 Pro တို့ဟာ ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။ ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Samsung က နေရာများစွာ ယူထားပြီး အများစုက Samsung ရဲ့ တန်ဖိုးနည်း Galaxy A Series တွေ ဖြစ်ပါတယ်။ Galaxy S24 ဟာ […]

ချောဆီ မသုံးခင် ကွီးတို့ သိထား

Lube လို့ခေါ်တဲ့ ချောဆီ တွေဟာ ချစ်တင်းနှော ချိန်မှာ ချောမွေ့မှုရှိဖို့နဲ့ သာယာပျော်ရွှင်မှုကို တိုးစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လိင်အင်္ဂါ ခြောက်သွေ့မှုကို လျှော့ချပေးပြီး ထိုးသွင်းဆက်ဆံချိန်မှာ နူးညံ့ချောမွေ့တဲ့ အထိအတွေ့ခံစားမှုကို ရရှိနိုင်စေဖို့ ချောဆီတွေက ကူညီပေးပါတယ်။ ဒီတစ်ခေါက်တော့ ချောဆီ အသုံးမပြုခင်မှာ သိထားသင့်တဲ့ အချက်တွေကို ကွီးတို့အတွက် မျှဝေပေးချင်ပါတယ်။ (၁) ချောဆီကို လိင်အင်္ဂါဆီ တိုက်ရိုက် မလိမ်းပါနဲ့ Photo : Quanna ချောဆီကို လိင်အင်္ဂါတွေဆီ တိုက်ရိုက် မလိမ်းသင့်ပါဘူး။ ဥပမာအားဖြင့် မိန်းမကိုယ်အတွင်းကို ချောဆီ တိုက်ရိုက်ညှစ်ထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အရင်ဆုံး ပမာဏအနည်းငယ်ကို လက်ထဲကို ညှစ်ထည့်ပြီးမှ လိင်အင်္ဂါရဲ့ ပြင်ပဧရိယာကို လိမ်းကျံ အသုံးပြုတာ ပိုကောင်းပါတယ်။ (၂) […]

ပါတနာ ချစ်တင်းနှော ကွီးတို့ လိုက်နာ

အမျိုးသား အများစုကတော့ အိပ်ရာထက်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်တာ ၊ ဖွားဖက်တော် အရွယ်အစား ကိတ်တာ ဒါတွေက လိင်မှုကိစ္စမှာ ကိုယ့်ရဲ့ ပါတနာအတွက် စိတ်ကျေနပ်မှု ပေးနိုင်မယ့် အရာတွေလို့ သတ်မှတ်ထား ကြပါတယ်။ တကယ်တော့ ဒါဟာ အပြည့်အဝ မမှန်ပါဘူး။  သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ အမျိုးသမီးတွေ အမှန်တကယ် လိုချင်တောင့်တဲ့ အရာတွေက သပ်သပ်ရှိနေပါသေးတယ်။ ကွီးတို့ရဲ့ ချစ်သူ ၊ လက်တွဲဖော်ပါတနာနဲ့အတူ ချစ်တင်းနှော ချိန်တိုင်းမှာ သာယာပျော်ရွှင်ဖွယ် ခံစားချက်ကို အပြည့်အဝ ရနိုင်ဖို့ အခုပြောပြမယ့် အကြံပြုချက်တွေကို သိထားဖို့ လိုပါမယ်။ (၁) ဖြည်းဖြည်းချင်း သွားတာ အကောင်းဆုံးပါပဲ Photo : Love Matters Africa ချစ်တင်းနှော ပြီဆို […]

ကွီးတို့ သတိထား လိင်မှုကိစ္စ အမှား

သာယာပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခုမှာ လိင်မှုကိစ္စဟာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါပါတယ်။ အချို့စုံတွဲတွေမှာ လိင်မှုကိစ္စ အမှားအယွင်း တချို့ကို လုပ်မိတက်ကြပြီး ဒါဟာ ၎င်းတို့ရဲ့ ဆက်ဆံရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ချစ်သူစုံတွဲတိုင်း သတိထားရမယ့် အိပ်ရာပေါ်မှာ စုံတွဲတွေ အများဆုံး မှားတက်တဲ့ အမှားတွေကို ပြောပြပေးချင်ပါတယ်။ (၁) တစ်ကိုယ်ကောင်းဆန်ခြင်း Photo : VistaCreate လိင်စိတ်ဆန္ဒဟာ အခြေအနေ အချိန်အခါနဲ့ ခံစားမှုတွေပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က စိတ်ပါနေသည်ဖြစ်ဦးတော့ ကိုယ့်ပါတနာရဲ့ စိတ်အားထက်သန်မှုကိုလည်း လေ့လာအကဲခတ် သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးရှေ့တန်းတင်ပြီး တစ်ဖက်လူအပေါ် ထည့်မတွက်ပါပဲ တစ်ကိုယ်ကောင်းဆန်စွာ အတင်းအကျပ် တောင်းဆိုပြုမူဆက်ဆံမိမယ်ဆိုရင် ပျော်ရွှင်ကြည်နူးမှုဆိုတာ […]

ကွီးတို့ တစ်ယောက်တည်း ခရီးသွား

ကွီးတို့ ဘဝမှာ အနည်းဆုံး တစ်ခေါက်တော့ တစ်ကိုယ်တော် ခရီးသွား ကြည့်သင့်ပါတယ်။ ခရီးတစ်ခုကို အစကနေအဆုံးအထိ တစ်ယောက် တည်း အစီအစဉ်ချ ၊ ကိုယ်ထူကိုယ်ထ သွားရတာဟာ ကွီးတို့အတွက် မတူညီတဲ့ အတွေ့အကြုံအသစ်တွေ ရရှိနိုင်မှာ ဖြစ်သလို စွန့်စားလိုစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတက်တဲ့ ကောင်းတဲ့ အကျင့်စရိုက်တွေ များစွာ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကွီးတို့ တစ်ကိုယ်တော် ခရီးသွားသင့်တဲ့ အကောင်းဆုံး နေရာတွေ အကြောင်းပါ။ (၁) ဂျပန် Photo : Time Out ဂျပန်နိုင်ငံကတော့ တစ်ကိုယ်တော် ခရီးသွားတွေအတွက် သက်တောင့်သက်သာအရှိဆုံးနဲ့ အလုံခြုံဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လှပတဲ့ နေရာဒေသတွေ များစွာရှိသလို ဂျပန်လူမျိုးဒေသခံတွေရဲ့ နှစ်လိုဖွယ် ဖော်ရွေပြုငှာမှုတွေဟာ […]