ylliX - Online Advertising Network
ကွီးတို့ သတိထား လိင်မှုကိစ္စ အမှား

ကွီးတို့ သတိထား လိင်မှုကိစ္စ အမှား


သာယာပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခုမှာ လိင်မှုကိစ္စဟာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါပါတယ်။ အချို့စုံတွဲတွေမှာ လိင်မှုကိစ္စ အမှားအယွင်း တချို့ကို လုပ်မိတက်ကြပြီး ဒါဟာ ၎င်းတို့ရဲ့ ဆက်ဆံရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ချစ်သူစုံတွဲတိုင်း သတိထားရမယ့် အိပ်ရာပေါ်မှာ စုံတွဲတွေ အများဆုံး မှားတက်တဲ့ အမှားတွေကို ပြောပြပေးချင်ပါတယ်။

(၁) တစ်ကိုယ်ကောင်းဆန်ခြင်း

romantic man with woman in bedroom
Photo : VistaCreate

လိင်စိတ်ဆန္ဒဟာ အခြေအနေ အချိန်အခါနဲ့ ခံစားမှုတွေပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်က စိတ်ပါနေသည်ဖြစ်ဦးတော့ ကိုယ့်ပါတနာရဲ့ စိတ်အားထက်သန်မှုကိုလည်း လေ့လာအကဲခတ် သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးရှေ့တန်းတင်ပြီး တစ်ဖက်လူအပေါ် ထည့်မတွက်ပါပဲ တစ်ကိုယ်ကောင်းဆန်စွာ အတင်းအကျပ် တောင်းဆိုပြုမူဆက်ဆံမိမယ်ဆိုရင် ပျော်ရွှင်ကြည်နူးမှုဆိုတာ ရှိနိုင်မှာမဟုတ်သလို နှစ်ဦးသား စိတ်ပျက်ခြင်းတွေကိုသာ ရရှိခံစားရမှာ ဖြစ်ပါတယ်။

(၂) စိတ်ချင်း ရင်းနှီးမှု မရှိခြင်း

romantic man with woman in bedroom

Photo : VistaCreate

လိင်မှုကိစ္စ မှာ ပြည့်စုံမျှတတဲ့ သာယာပျော်ရွှင်ဖွယ် အခိုက်အတန့်ကို ရရှိဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေကိုပဲ ဦးစားပေး လုပ်ဆောင်နေရုံနဲ့ မလုံလောက်ပါဘူး။ သင်နဲ့သင့်ပါတနာ နှစ်ဦးကြားမှာ လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုရှိဖို့လည်း အရေးကြီးပါတယ်။ နှစ်ဦးသား တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပွင့်လင်းမှုရှိတဲ့ ဆက်ဆံရေး ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း အချိတ်အဆက်မိမိရှိတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်မှသာလျှင် ကောင်းမွန်တဲ့ ခံစားမှုစိတ်အာရုံကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ပျော်ရွှင်ကြည်နူးစရာ အချိန်ကောင်းတစ်ခုကို လက်တွဲညီညီ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၃) အချိန်သေချာ မယူခြင်း

romantic man with woman in bedroom
Photo : VistaCreate

ချစ်တင်းနှောမယ်ဆိုရင် ဘယ်တော့မှ အလောတကြီး လုပ်ဆောင်ဖို့ မသင့်ပါဘူး။ သေချာအချိန်ယူပြီး ခရီးဆက်မှသာလျှင် သင်ရောသင့်ပါတနာ နှစ်ဦးလုံး ခံစားချက် အထွတ်အထိပ်ကို ဖြစ်ဖြစ်မြောက်မြောက် ရောက်ရှိနိုင်မှာပါ။ လိင်မှုကိစ္စ မလုပ်ဆောင်ခင်မှာ နှစ်ဦးသားရဲ့ ခံစားချက်တွေ အဆင်သင့်ဖြစ်နေစေဖို့ သေချာအချိန်ယူ ပြင်ဆင်သင့်သလို ကနဦးအဆင့် Foreplay ကိုလည်း အချိန်ပေးလုပ်ဆောင် သင့်ပါတယ်။ ချစ်တင်းနှော တယ်ဆိုတာ မာရသွန်ပြိုင်ပွဲတစ်ခု မဟုတ်တာတော့ ကွီးတို့ နားလည်လက်ခံထား ရပါမယ်။

(၄) လုပ်နေကျအရာတွေပဲ ထပ်တလဲလဲ လုပ်ဆောင်ခြင်း

romantic man with woman in bedroom
Photo : VistaCreate

ချစ်တင်းနှောတဲ့အခါ အမြဲတမ်း ပုံမှန်တစ်သတ်မှတ်တည်း လုပ်ရိုးလုပ်စဉ်ကြီးတစ်ခုလို သွားနေမယ်ဆိုရင် ပျင်းရိငြီးငွေ့စရာ ဖြစ်လာမှာပါ။ ဒါကြောင့် မတူညီတဲ့ အသစ်အဆန်းတွေ ၊ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ကိုလည်း သေချာပေါက် စဉ်းစားသင့်ပါတယ်။

Source : Marriage.com

Featured Photo : VistaCreate





Source link

Leave a Reply

Your email address will not be published. Required fields are marked *