ylliX - Online Advertising Network
ချောဆီ မသုံးခင် ကွီးတို့ သိထား

ချောဆီ မသုံးခင် ကွီးတို့ သိထား


Lube လို့ခေါ်တဲ့ ချောဆီ တွေဟာ ချစ်တင်းနှော ချိန်မှာ ချောမွေ့မှုရှိဖို့နဲ့ သာယာပျော်ရွှင်မှုကို တိုးစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ လိင်အင်္ဂါ ခြောက်သွေ့မှုကို လျှော့ချပေးပြီး ထိုးသွင်းဆက်ဆံချိန်မှာ နူးညံ့ချောမွေ့တဲ့ အထိအတွေ့ခံစားမှုကို ရရှိနိုင်စေဖို့ ချောဆီတွေက ကူညီပေးပါတယ်။ ဒီတစ်ခေါက်တော့ ချောဆီ အသုံးမပြုခင်မှာ သိထားသင့်တဲ့ အချက်တွေကို ကွီးတို့အတွက် မျှဝေပေးချင်ပါတယ်။

(၁) ချောဆီကို လိင်အင်္ဂါဆီ တိုက်ရိုက် မလိမ်းပါနဲ့

lube
Photo : Quanna

ချောဆီကို လိင်အင်္ဂါတွေဆီ တိုက်ရိုက် မလိမ်းသင့်ပါဘူး။ ဥပမာအားဖြင့် မိန်းမကိုယ်အတွင်းကို ချောဆီ တိုက်ရိုက်ညှစ်ထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အရင်ဆုံး ပမာဏအနည်းငယ်ကို လက်ထဲကို ညှစ်ထည့်ပြီးမှ လိင်အင်္ဂါရဲ့ ပြင်ပဧရိယာကို လိမ်းကျံ အသုံးပြုတာ ပိုကောင်းပါတယ်။

(၂) ချောဆီကို လိင်အင်္ဂါအတွက်ပဲ သုံးနိုင်တာလား ?

lube

Photo : Verywell Health

ချောဆီကို လိင်တံ ၊ မိန်းမကိုယ်နဲ့ စအို စတဲ့ လိင်အင်္ဂါ အစိတ်အပိုင်းတွေအတွက် နှစ်သက်သလို အသုံးပြုလို့ ရပါတယ်။ ဒါတင်မကသေးပါဘူး။ ထိုးသွင်းဆက်ဆံမှု မပါပဲ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ချောဆီကို လိမ်းကျံပြီး နှိပ်နယ်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

(၃) ကွန်ဒုံးနဲ့ ဘယ်ချောဆီ အမျိုးအစားကို တွဲသုံးသင့်လဲ

lube

Photo : Business Insider

ကွန်ဒုံးနဲ့ တွဲသုံးဖို့အတွက်ဆို ဆီအခြေခံ မဟုတ်တဲ့ ချောဆီ အမျိုးအစားကို ရွေးချယ်အသုံးပြုတာ အကောင်းဆုံးပါပဲ။ ဆီအခြေခံ ချောဆီတွေက ကွန်ဒုံး ပေါက်ပြဲနိုင်ခြေကို တိုးစေနိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် ကွန်ဒုံးနဲ့ သုံးဖို့အတွက်ဆို အကောင်းဆုံးကတော့ ရေအခြေခံ ချောဆီတွေကို ရွေးချယ်သင့်ပါတယ်။

(၄) ဓာတ်မတည့်မှု ဖြစ်နိုင်လား

lube

Photo : Greatist

Glycerin သို့မဟုတ် Parabens ပါဝင်ပစ္စည်းတွေပါတဲ့ ချောဆီတွေဟာ အချို့သူတွေမှာ ဓါတ်မတည့်မှုကို ဖြစ်စေတက်ပါတယ်။ ချောဆီသုံးပြီးနောက် ယားယံခြင်း ၊ ပူစပ်ပူလောင် ခံစားရခြင်း သို့မဟုတ် အရေပြား နီမြန်းခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ဓာတ်မတည့်သူတွေအတွက်တော့ Hypoallergenic သို့မဟုတ် သဘာဝပစ္စည်းတွေကို အခြေခံထားတဲ့ ချောဆီတွေကို အသုံးပြုနိုင်ပါတယ်။

Source : Healthshots

Featured Photo : AH! YES





Source link

Leave a Reply

Your email address will not be published. Required fields are marked *