ylliX - Online Advertising Network

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက် | Ministry Of Information Skip to main content Breadcrumb Home  /  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး […]

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း Source link

တောင်ကြီးတန်ဆောင်တိုင် (၇) ရက်တိုင် ကျင်းပမည် –

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင်လည်း (၇)ရက်တိုင်ကျင်းပသွားမည်ဟု သိရသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရမှာ ကိုဗစ်ကပ် ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများအကြား သုံးနှစ်ကြာ ခေတ္တရပ်နားခဲ့ရသေးပြီး ယမန်နှစ် ၂၀၂၃ ခုနှစ်မှစ ပြန်လည် ကျင်းပခြင်း ဖြစ်သည်။ ယခု ၂၀၂၄ခုနှစ်တွင် အဆိုပါ ပွဲတော်ကို နို၀င်ဘာလ (၉)ရက်နေ့မှ (၁၅)ရက်အထိ (၇) ရက်တိုင်တိုင် အဝေရာ မီးပုံးပျံကွင်း တွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ချင်တာရယ်။ ဒေသထွက် အစားအစာတွေနဲ့ အသုံးအဆောင်တွေ ရောင်းချနိုင်ဖို့ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားပြီး ပြည်တွင်းပြည်ပ ခရီးသွားများပါ […]

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ကျင်းပမည် –

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ၃ ရက်ကြာ MSME ထုတ်ကုန် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ကြေညာထားပါတယ်။ MSME ထုတ်ကုန်ဈေးရောင်းပွဲတွင် အဓိကထုတ်ကုန်များအပါအဝင် အခြားသော ထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါင်းရောင်းချခြင်းဖြင့် မိမိတို့ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူ အားပေးလာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများအတွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများ ရရှိစေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးအတွင်း၌ ဈေးရောင်းပွဲတော်များ၊ စက်မှုထုတ်ကုန်များကို ရောင်းချခြင်းဖြစ်ပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ […]

စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲများ ကျင်းပမည်

မင်းဘူး၊ အောက်တိုဘာ ၁၃ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်ထိပ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲများလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။ မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးကို သက္ကရာဇ် ၁၂၃ ခုနှစ်တွင် သိကြားမင်းလှူဒါန်းထားသော ရွှေတည်းကျောင်းကို ဌာပနာကာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး၊ ရှေးမင်းအဆက်ဆက်တို့က ဉာဏ်တော်မြှင့်ခြင်း၊ ရွှေထီးတော်တင်လှူခြင်းများဖြင့် တည်ထားကိုးကွယ်လာခဲ့ရာ စကုမြို့ဝန်လက်ထက်တွင် ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပလာခဲ့သည်။ ယခုနှစ်တွင် ဇာတ်ပွဲ၊ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာမကျင်းပနိုင်သော်လည်း ဆီမီးပူဇော်ပွဲ၊ စတုဒိသာကျွေးမွေးပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများဖြင့် ထည့်သွင်းကျင်းပသွားဖို့စီစဉ်ထားကြောင်း စေတီတော်ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင်ကျင်းပမည့် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ အလှူရှင်မိသားစုများ ပူးပေါင်းပါဝင်လှူဒါန်းကာ ကျွေးမွေးသွားမှာဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီအချိန်မှစ၍ ဆီမီးထွန်းညှိပူဇော်ပွဲကို […]

မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဆီမီး တစ်ထောင်ပူဇော်ပွဲ ကျင်းပမည် –

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခ ရွှေစည်းခုံစေတီတော်တွင် ဒသမအကြိမ်မြောက် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို သုံးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်ကို ၂ဝ၁၅ ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို ကျင်းပခဲ့ရာ ယခုနှစ်တွင် ဒသမအကြိမ်မြောက် ကျင်းပမှာဖြစ်ပြီး သီတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ အထိ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း အဆိုပါ‌စေတီတော်ဂေါပကအဖွဲ့ မှ သိရသည်။ Source link