ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား ၃ ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။ “သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ ၃ တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။ မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။ “တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာ”လို့ ဒေသခံတစ်ဦး ပြောပါတယ်။ ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ By- အမိုး The post လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ appeared first on Kachin News Group (KNG). Source link
CAIRO: Fighters from the notorious paramilitary Rapid Support Forces ran riot in east-central Sudan in a multi-day attack that killed more than 120 people in one town, a doctors group and the United Nations said. It was the group’s latest attack against the Sudanese military after suffering a series of setbacks, losing ground to the […]
At Vatican Synod, Women’s Issues Are Relegated to a Side Group The New York Times Papal summit ends with call for leadership roles for women BBC.com Pope Francis’ Catholic church reform process ends without giving more equity to women CBS News Vatican meeting ends and hope fades for more change under Francis The Washington Post Called But Not Heard Commonweal […]
Just a few weeks ago I popped into Marks & Spencer to try on a few of their new-in items. Keen to try a broad range of pieces, I selected a few jackets and some knitwear, as well as some jeans and took to the changing rooms. While I had a largely successful trip, I’m […]
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တံတားကမထိုးပေးသေးဘူးဗျာ။ဒီတိုင်းပဲစက်လှေနဲ့ကူးနေရတာ လူတစ်ယောက်ငါးထောင်ပေးရတယ် ဆိုင်ကယ်လည်းအလွတ်ဆိုရင်တစ်စီးငါးထောင်ကုန်နဲ့ဆိုရင်တော့တစ်စီး ၁၀၀၀၀ ၊၁၅၀၀၀ အထိပေးရတယ်”လို့သူကပြောပါတယ်။ ကျိုးသွားတဲ့တံတားဟာ နန်းယွန်းမြို့နဲ့၃ မိုင်ကျော်အကွာမှာရှိတာဖြစ်ပြီး ဒေသခံတွေအဓိကအသုံးပြုနေတဲ့တံတားဖြစ်သလို ရှင်ဗွေယန်–နန်းယွန်းကြားလီဒိုကား လမ်းမပေါ်မှာတည်ရှိတဲ့ အရေးပါတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့နန်းယွန်းသားတွေကအဓိက တောင်ယာခုတ်စားကြတာလေ။တံတားဟိုဘက်ကမ်းမှာတောင်ယာခင်တွေအများကြီးရှိတယ် တစ်နေ့တစ်နေ့မပေးနိုင်ဘူးလေပိုက်ဆံအဲ့တော့တောင်ယာခုတ်တဲ့လူတွေလည်း ဘာမှလုပ်လို့မရတော့ဘူးဖြစ်နေတယ်”လို့ နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးဆက်ပြောပါတယ်။ ဒါ့အပြင် နန်းယွန်းဒေသအတွက် ကုန်စည်တွေ တင်သွင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းမှာရှိပြီး ခုလိုတံတားကျိုးသွားတာကြောင့် ကုန်တွေကိုနှစ်ဆင့်ခံပြီးသယ်ယူနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် နန်းယွန်းဒေသထဲမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့အခြားကုန်စျေးနှုန်းမဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ တံတားပြန်ဆောက်ပေးဖို့အတွက် […]
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။ အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။ Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။ မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။ ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji Mahkrai ခေါင်းဆောင် ဒေါက်တာမရန်နန်ဆန် အပါအဝင် ကျောင်းသား၉ဦးကနေပြီးတော့ အားတဲ့တစ်ရက်မှာ သေချာဆွေးနွေးတိုင်ပင်ပြီး ဒီအဖွဲ့အစည်းကို လုပ်ဖြစ်ခဲ့ပါတယ်။ မေး-Hpaji Mahkrai အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်နိုင်ဖို့အတွက် ဘယ်လို့အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရလဲ။ ဖြေ-Hpaji Mahkrai အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့တုန်းက အခက်အခဲတွေရှိခဲ့တယ်။ အဲဒီထဲမှာမှ လုပ်ဖို့စဉ်းစားထားတဲ့အရာကို လက်တွေ့အကောင်အထည်မဖော်လိုက်ရတာတွေ၊ ပြီးတော့ ဘယ်လိုစတင်ရမလဲ အားလုံးက လူငယ်တွေဖြစ်နေတဲ့အပြင် ငွေကြေးခက်ခဲမှုတွေရှိနေတဲ့အတွက် လုပ်ဆောင်ချင်တဲ့အရာတွေကို ခက်ခဲသွားတာတွေလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့အဖွဲ့အစည်းက ကျောင်းတက်နေတဲ့လူငယ်တွေ အဓိကဦးဆောင်နေတဲ့အတွက်ကျောင်းဘက်ကို အချိန်ပေးရတာတွေရှိနေတဲ့အတွက် အစည်းအဝေးတွေကိုတောင် အွန်လိုင်းကနေဘဲ လုပ်ဆောင်လိုက်ရတာတွေလည်းရှိတယ်။ ဒါအပြင် မြန်မာနိုင်ငံတစ်ခုလုံး ဒုက္ခရောက်နေကြတဲ့အချိန်အခါဖြစ်တဲ့အတွက် Hpaji Mahkrai ဘက်က ထုတ်ပြန်တဲ့အရာတွေကို ပြည်သူလူထုက သေချာမသိလိုက်တာတွေက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေဘဲ ဖြစ်ပါတယ်။ မေး-Hpaji Mahkrai က ဘယ်လိုလူငယ်အတွက်ရည်ရွယ်ပြီးလုပ်ဖြစ်တာလဲဗျ။ ဖြေ–ကျွန်တော်တို့ဘက်ကတော့ ဘယ်သူ့အတွက်ဆိုပြီးတော့ သီးသန့်မရှိပါဘူး အဓိကအားဖြင့်ပညာရေးနဲ့ပက်သက်ဆက်နွယ်တဲ့အရာတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး အသက်အရွယ်ကောင်းတဲ့လူငယ်တွေကို တရုတ်ပြည်မှာရှိတဲ့ တက္ကသိုလ်ကြီးတွေမှာ ပညာသင်ယူနိုင်အောင် အခွင့်အလမ်းတွေရှာဖွေပေးနေတာဘဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ကျောင်းဘယ်လိုတက်ရမလဲ ဘယ်လိုဆက်သွယ်ရမလဲဆိုပြီး အခက်အခဲတွေကြုံတွေ့နေရတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတာဖြစ်တယ်လို့ပြောချင်ပါတယ်။” မေး-Hpaji Mahkrai အနေနဲ့လက်ရှိဘယ်လိုအရာတွေကိုလုပ်ဆောင်နေလဲ။ ဖြေ–ကျွန်တော်တို့အခုလက်ရှိလုပ်ဆောင်နေတဲ့အရာတွေကတော့ Chines Testing International(CTI) နဲ့လက်တွဲပြီး လိုင်ဇာမြို့နဲ့မိုင်ဂျာယန်မြို့လိုနေရာမျိုးမှာ တရုတ်စာအရည်အချင်းစစ်စာမေးပွဲ HSK ကိုကျင်းပလာနိုင်အောင် ကြိုးစားလုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ တက္ကသိုလ်ကြီးတွေကိုဆက်သွယ်ပြီး ကျောင်းလျှောက်ပေးမယ့် လုပ်ငန်းစဉ်တွေကို လာမယ့်၁၂ လပိုင်းလောက်မှာ ကျောင်းသားစာရင်းတွေကိုလက်ခံနေပြီဘဲ ဖြစ်ပါတယ်။ တတိယအနေနဲ့က ကျောင်းသားတွေကို ပညာသင်ဆုလျှောက်ဖို့ ကူညီပေးနေပြီဘဲ ဖြစ်ပါတယ် စတုတ္ထအနေနဲ့ကတော့ တရုတ်နိုင်ငံရောက်နေပေမယ့် တရုတ်စကား တရုတ်စာမတတ်တဲ့သူတွေကို ကူညီပေးနေပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့သွားချင်တဲ့သူတွေကို သင့်တော်တဲ့ဆေးရုံကြီးတွေကုသမှုခံယူနိုင်ဖို့ ကူညီဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပြချင်ပါတယ်။ မေး– Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းရဲ့အနာဂတ်မှာကော ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။ ဖြေ–ကူမင်းရောက်ကျောင်းသားတွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ပွဲလိုမျိုးတွေကို စာသင်နှစ်တိုင်းလိုကျင်းပသွားမှာဖြစ်ပြီး ကျောင်းသားသစ်ကြိုဆိုပွဲတွေကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ဒုတိယအနေနဲ့ ရိုးရာဓလေ့ဟောပြောပွဲတွေကို သက်ဆိုင်သူတွေကိုလက်တွဲပြီးပြုလုပ်သွားမှာဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ တရုတ်ကျောင်းသားတွေနဲ့ပြောဆိုဆက်ဆံပြီးရင်းနှီးမှုတည်ဆောက်တာတွေကိုပါ ပြုလုပ်သွားမှာြဖစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာတဲ့ကျောင်းသားတွေနဲ့လည်းခင်မင်မှုအနေနဲ့ အားကစားပွဲတွေကျင်းပသွားမှာဘဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးက Hpaji Mahkrai ကနေပြီးတော့ လုပ်ဆောင်သွားမယ့်အရာတွေဖြစ်ပါတယ်။ မေး-Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းရဲ့ပန်းတိုင်ဆိုရင်ကဘာတွေဖြစ်မလဲ။ ဖြေ–ကျောင်းသားတွေအနေနဲ့ အဆင်မြင့်ပညာရပ်ပေါင်းစုံကို သင်ယူနိုင်ပြီး ကျောင်းပြီးသွားပြီဖြစ်တဲ့ သူတွေအနေနဲ့လည်း တိုင်းပြည်အတွက်ဖြစ်ဖြစ် ကိုယ်အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်ဖြစ် သင်ယူထားတဲ့အရာကို လက်တွေ့အသုံးချနိုင်ဖို့ရည်ရွယ်ပါတယ်။ ပန်းတိုင်လို့ပြောရမယ်ဆိုရင် အခုအချိန်မှာက ကျွန်တော်တို့တိုင်းပြည်မတည်မငြိမ်ဖြစ်နေတဲ့အချိန်တွေမှာ အသက်အရွယ်ငယ်တဲ့လူငယ်တွေအနေနဲ့ ရှေ့ကနေ မားမားမတ်မတ်နဲ့ ဦးဆောင်လမ်းပြပြီးလုပ်ဆောင်နိုင်ဖို့က ကျွန်တော်တို့ရဲ့ပန်းတိုင်ဘဲ ဖြစ်ပါတယ်”။ မေး–နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြီး ပြောချင်တာလေးများရှိရင်ပြောပေးပါအုံး။ ဖြေ–နောက်ဆုံးအနေနဲ့ Hpaji Mahkrai ကိုယ်စား ပြောချင်တာက ကချင်လူငယ်တွေအနေနဲ့ ခေတ်မှီပြီးအဆင်မြင့်တဲ့ပညာရပ်တွေကို သင်ယူတဲ့နေရာတွေမှာ တန်ဖိုးရှိတဲ့လူငယ်အချိန်တွေကိုရင်းပြီး ကျွန်တော်တို့လိုချင်တဲ့ စစ်မှန် လွတ်မြောက်အောင်မြင်မှုရရှိမယ့်တိုင်းပြည်ကို လျှောက်လမ်းသွားပါစို့လို့ အာပေးချင်ပါတယ်။ By – Hope The post တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai appeared first on Kachin […]
America First Policy Institute didn’t even exist four years ago. But it is poised to be more influential than Project 2025. Source link
မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။ By – Zaw Zaw The post တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက် appeared first on Kachin News Group (KNG). Source link
SESAC Music Group has acquired HAAWK, a media software and services company specializing in copyright management and monetization for independent music, film, television, and video catalogs. HAAWK (which stands for Helping All Assets With Knowledge) provides ‘full-service’ administration of YouTube’s Content ID system and Facebook’s Rights Manager platforms (including Instagram), and works with a number […]
Mike Ashley’s Frasers Group has criticised the management of Mulberry as it walked away from its attempts to take over the luxury handbag maker after a series of rejected offers. Frasers, which is Mulberry’s second-largest shareholder with a 37% stake, had made several offers for the fashion brand, culminating in a £111m bid this week, […]