ylliX - Online Advertising Network
လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ - Kachin News Group (KNG)

လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ – Kachin News Group (KNG)



ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ ဘေလီသံဘောင်တံတားပျက်ဆီးနေတဲ့အတွက် လမ်းသွားလမ်းလာဒေသခံတွေနဲ့ တံတားအသုံးပြုနေတဲ့ ကျောင်းသူ၊သားတွေအတွက် အန္တာရယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီတံတားဟာ လုံးခင်းကျေးရွာ အထက်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသား၊သူတွေအတွက် အရေးကြီးဆုံးတံတားဖြစ်ပြီး ကြမ်းခင်းအပြား  ပေလောက်လန်ထွက်နေတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့နဲ့နှစ်စဥ်ထိန်းသိမ်းပေးဖို့ ဒေသခံတစ်ဦး ခုလိုပြောပါ တယ်။

သွားလို့လာလို့တော့ရပါတယ်။ ကျောင်းတက်ဆင်းချိန်ဆိုရင် အခက်အခဲဖြစ်တာပါ။ နောက်တစ်ခုက ညပိုင်း မမြင်မစမ်းနဲ့ဆိုရင် အန္တာရယ်ရှိနိုင်တယ်။ ဘေးပတ်ဝန်းကျင်ကရွာတစ်ချို့နဲ့ လုံးခင်းအထက ကျောင်းအတွက်အားအကိုးရဆုံးတံတားပါလို့ ဒေသခံတစ်ဦး ပြောပါတယ်။

ဘေလီသံတံတားပေါ် ဆိုင်ကယ်နဲ့ကားတွေ အသွားအလာများသလို သက်တမ်းကြားမြင့်လာပြီဖြစ်တဲ့အတွက် ကားကြီးတွေကိုဖြတ်ခွင့်မပေးပဲ  တန်အောက်ကားသေးနဲ့ ယာဥ်ငယ်တွေကိုသာ ဖြတ်သန်းခွင့် ပေးထားတဲ့တံတားဖြစ်ပါတယ်။

မကြာခဏပြုပြင်နေရတဲ့တံတားဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သံပြားလံတာကနေ သံပြားပါးပြီး ဂဟေစတွေလန်ပြီး ပျက်ဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

တံတားကပေါက်တာပါ။ တံတားကျိုးတာမဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ကားတွေအသွားအလာများတယ်။ ပြုပြင်ထားတာတွေကလည်း စံချိန်မမှီတာလား အဲ့လိုထင်တယ်။ အခုက သံပြးလန်တာကနေ သံပြား ပါးပြီး ဂဟေစတွေလန်ပြီးဖြစ်သွားတာလို့ ဒေသခံတစ်ဦး ပြောပါတယ်။

ဘေလီသံဘောင်တံတားဟာ လုံးခင်းဒေသခံတွေအတွက်သာမက အဲ့ဒီအနီးတစ်ဝှိုက်က ငြိမ်းချမ်း၊ မလန်း စတဲ့ကျေးရွာက ဒေသခံတွေရော အဓိကအားကိုးရတဲ့တံတားဖြစ်သလို မိုးကောင်းလမ်း နဲ့ မှော်ထဲကို ဆက်သွယ်ပေးထားတဲ့ ဥရုချောင်းဖြတ်ပထမဆုံးတံတားတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

By- အမိုး

The post လုံးခင်းရွာ ဘေလီသံတံတားပျက်ဆီးနေပြီး အမြန်ဆုံးပြုပြင်ပေးဖို့လိုအပ်နေ appeared first on Kachin News Group (KNG).



Source link

Leave a Reply

Your email address will not be published. Required fields are marked *