ဒီကလန် ရိုက်ဟာ ဒိန်းမတ်နဲ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အိုင်ယာလန်အသင်းဖော်ဟောင်း ဂျိမ်းစ် မက်ကလင်းက ပြစ်တင်ဝေဖန်ခဲ့မှုကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂန်းနားတွေရဲ့ ပေါင်သန်း ၁၀၀ တန် စံချိန်တင် ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့အတူ ကောင်းမွန်တဲ့ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ ခြေစွမ်းကို နောက်ထပ်အဆင့်တစ်ခုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲက ဒီကလန် ရိုက်ရဲ့ စွမ်းဆောင်ရည်ဟာ ဂန်းနားတွေအတွက် ပြသခဲ့တဲ့ခြေစွမ်းလောက် ကောင်းမွန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒိန်းမတ်နဲ့ တစ်ဖက် ၁ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်း ကွင်းလယ်မှာ အလက်ဇန်းဒါး-အာနိုးနဲ့ ချိတ်ဆက်ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဆောက်ဂိတ်က […]
ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ချ်ဟာ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ စဉ်းစားမယ့်အသင်းစာရင်းထဲကို ထည့်သွင်းခဲ့တယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ ဒီနွေရာသီမှာ ကင်းမစ်ချ်ကို စာချုပ်သစ် မချုပ်နိုင်ရင် လာမယ့်နှစ် အလွတ်နဲ့ ထွက်ခွင့်ပေးရတော့မှာဖြစ်ပါတယ်။ ကင်းမစ်ချ်ဟာ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးခြင်းမရှိသေးဘဲ ဥရောပတလွှားက အသင်းတွေက နေရာစုံကစားနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ Sky Germany ရဲ့ သတင်းအရ ကင်းမစ်ချ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရဖွယ်မရှိဖို့များနေပြီး ဘွန်ဒက်စ်လီဂါအသင်းက ဂျာမန်ကွင်းလယ်လူကို ဒီနွေရာသီမှာ […]