ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက် ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာ မဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာ စရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ် လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီး IMDb Rating 6.3 အထိရရှိထားပါတယ်။ ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေး သီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး နှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထား ပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက် စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသော အလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင် မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေ သောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့ တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲ ဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှ မလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် […]
{18+} Scandal: Body of Love (2000) Dark Side Productionကနေ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ တရားခံရှေ့နေဖောမန်းနဲ့အမှုသည်လေး ဂျိန်းတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်စုံထောက်မှူခင်းရုပ်ရှင်ပေါ့။ ဂျိန်းတစ်ယောက် အိပ်ရာပေါ်မှာ ခင်ပွန်းဖြစ်သူနဲ့ ချစ်တင်းနှောနေတုန်းမှာ ခင်ပွန်းဖြစ်သူခရိုင်ရှေ့နေဆုံးပါးသွားခဲ့တဲ့အတွက် လူသတ်မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ဒါပေမဲ့လည်း ရှေ့နေဖောမန်းရဲ့ လျောက်လဲချက်တွေနဲ့ ဂျိန်းတစ်ယောက် ကွင်းလုံးကျွတ်လွတ်ပြီးခင်ပွန်းဖြစ်သူချန်ထားခဲ့တဲ့ ဒေါ်လာသန်းနှစ်ဆယ်ကိုပါ ပိုင်ဆိုင်လိုက်ရပါတယ်။ ဒါပေမဲ့ ဂျိန်းထပ်ပြီး အဖမ်းခံခဲ့ရပြန်တာက အရင်ယောကျ်ားရှိနေပြီးအရင်ယောကျ်ား တရားသူကြီးမင်းတုန်းကလည်းအိပ်ရာပေါ်မှာပဲ အသက်ထွက်သွားခဲ့တာပါ။ဒီတစ်ခါလည်း ရှေ့နေလေးမောင်ဖောမန်းပဲ လိုက်ရပြန်ပါတယ်။ ဒီသေဆုံးမှုတွေနောက်ကွယ်မှာ တရားမဝင်မူးယစ်ဆေးရောင်းဝယ်မှုနဲ့ပြည့်တန်ဆာလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ဂိုဏ်းရာဇာကြီးတွေရှိနေပြီး ဂျိန်းတစ်ယောက်ကပါ အပျော်မယ်ဖြစ်နေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) File size… 581 MBQuality… HD DVD RIPFormat…mkv/ mp4Duration….1h 23minSubtitle….Myanmar Subtitle (Hard Sub)Encoder….XCrossTranslated by Zeo ရုပ်ရှင်များကို […]
Laughing Buddha (2024)ဘဝတစ်ကွေ့ ဒီတစ်ခါမှာတော့ IMDb 9.5 အထိရရှိထားတဲ့ဟာသကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ရဲတစ်ယောက်ရဲ့နေ့စဉ်ဘဝကိုဇာတ်အိမ်တည်ပြီးတင်ဆက်ထားပေးပြီးပိတ်ရက်မှာမိသားစုနဲ့အတူရယ်မောရင်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါ သာမာန်ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂိုဗာဒန်ဟာ အလွန်စိတ်သဘောထားကြင်နာပြီးသူ့မိသားစုအပေါ်တင်မက ရာဇဝတ်သားတွေအပေါ်မှာပါကြင်နာတတ်သူတစ်ယောက်ပါနောက်ထပ်သူချစ်တဲ့အရာကတော့အစားစားပါ အစားအစာကိုခုံမင်သူပီပီအဝလွန်လာပြီးတစ်ရက်တော့သူ့အလုပ်ကိုပါဆုံးရှုံးရဖို့ဖြစ်လာပါတယ် အဲဒီနောက်မှာတော့သူဘယ်လိုအလုပ်မပြုတ်ဖို့ဆက်လုပ်ရင်း ပဟေဠိဆန်တဲ့ရာဝဝတ်သားမှုတစ်ခုကိုဖြေရှင်းသွားမလဲဆိုတာကို နေ့စဉ်ဘဝမှာကြုံရတဲ့အဖြစ်အပျက်လေးတွေနဲ့ရောနှောပြီးဒါရိုက်တာ Rharath Raj ကအကောင်းဆုံးတင်ဆက်ပုံဖော်ထားတဲ့ကားလေးပါ အချုပ်အနေနဲ့ အားလပ်ချိန်မှာကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ညွှန်းပေးချင်ပါတယ် (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 1.88 GB / 963.36 MBQuality…WEB DL 1080p HEVC/ 720pFormat…mkv/ mp4Duration….2h 13mSubtitle….Myanmar Subtitle (Hard Sub)Encoder….YKTranslated by CM Bollywood Team ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ […]
တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့က ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA ခေါင်းဆောင်ပိုင်းကို ယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့က တွေ့ဆုံစဥ် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်မှု မပြုရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။ တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များသည် KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရ၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တို့က ဆိုသည်။ ယင်ကျန်းမြို.သည် KIO/KIA ဌာနာချုပ်တည်ရှိရာ လိုင်ဇာမြို့နယ်နှင့် နယ်မြေထိစပ်နေသည််။ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း(ဓာတ်ပုံ- Xinhua) ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တရုတ်ဘက်ကတောင်းဆိုသော်လည်း KIA က လက်ခံခဲ့ခြင်းမရှိဟု သိရှိရသည်။ နှစ်ဘက်တွေ့ဆုံနေစဥ်ပင် ကချင်ပြည်နယ်အတွင်း တရုတ်မြန်မာနယ်စပ်မြို့များဖြစ်သည့်ပန်ဝါနှင့် ချီဖွယ်မြို့များရှိ စစ်ကောင်စီစခန်းများကို KIA က အရှိန်မပြတ််ထိုးစစ်ဆင်နေခဲ့သည်။ […]
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီလက်နက်ကိုင်များ အောက်တိုဘာ ၁၆ ရက်နေ့က ပစ်ခတ်ခံရပြီး ဒုရဲအုပ်များအပါအဝင် ရဲ ၃ ဦး သေဆုံး၊ စစ်သား ၁ ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။ ယင်းနေ့ နံနက်က မန္တလေးမြို့နှင့် ဧရာဝတီမြစ်တစ်ခုသာခြားသည့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်း(တောင်)ရွာ၊ နောင်တော်ကြီးဘုရားအနီး ဆိုင်တွင် စစ်ကောင်စီလက်နက်ကိုင် ၁၄ ဦးခန့် ရောက်ရှိနေစဉ် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။ ဒုရဲအုပ်သက်နိုင်ဌေး၊ ဒုရဲအုပ်ရဲဝင်းထွန်း၊ ဒုတပ်ကြပ်(ရဲ) ဇော်မင်းနိုင်တို့ ပွဲချင်းပြီး သေဆုံးသည်ဟု မင်းကွန်းဒေသခံများက ပြောကြသည်။ “ဖြစ်စဉ်က မှန်တယ်။ ဘယ်အဖွဲ့ကပစ်တာလည်းတော့ မသိဘူး။ ရဲ ၃ ယောက် သေတယ်။ စစ်သား ၁ ဦး ထိတယ်။ သေနတ်နှစ်လက်ရသွားတယ်လို့ပြောတယ်”ဟု ဒေသခံတစ်ဦးက […]
ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီသစ္စာခံ ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့် ပန်ဝါနှင့် ကန်ပိုင်တည်မြို့များကို ပိတ်ဆို့ ထိုးစစ်ဆင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယမန်နေ့(အောက်တိုဘာ ၁၇)တွင် ပြောသည်။ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်မြို့အတွင်း တိုက်ပွဲ ပြင်းထန်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။ စစ်တပ်က ကချင်အထူးဒေသ(၁) ဟု သတ်မှတ်ခဲ့သည့် ထိုနယ်မြေများထဲမှ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသ၊ လုပြည်ကျေးရွာအနီးရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို အောက်တိုဘာ ၁၅ တွင် KIA သိမ်းပိုက်ပြီးနောက် ထိုးစစ်ကိုအရှိန်မြှင့်နေခြင်းဖြစ်သည်။ တိုက်ပွဲများမှာ ဆဒုံး-ကန်ပိုင်တည်အကြားရှိ ဝေါ့ချုံး ၊ စင်ကြိုင်( ရှန်ကျိုင် ) ရွာများအနီး၌ […]
မန္တလေးမြို့မှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) အဖွဲ့က ၂၀၂၄ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု ‘Ludovic Trarieux’ ကို ချီးမြှင့်လိုက်သည်။ ဒေါ်ရွက်နုအောင်သည် နိုင်ငံရေးအကျဉ်းသားများ၏ တရားမျှတမှုဆိုင်ရာ အခွင့်အရေးရရှိရန် ကြိုးပမ်းခဲ့သလို၊ လွတ်လပ်သည့် တရားစီရင်ရေး ပေါ်ထွန်းစေရန် ကြိုးပမ်းမှုကြောင့် ချီးကျုးဂုဏ်ပြုသည့်အနေဖြင့် ဆုပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု IDHAE အဖွဲ့က ပြောသည်။ ဆုပေးပွဲအခမ်းအနားကို အီတလီနိုင်ငံ၊ ရောမမြို့တွင် ကျင်းပနေသည့် IDHAE ၏ ညီလာခံ နောက်ဆုံးနေ့(ယနေ့)တွင် ချီးမြှင့်မည်ဖြစ်သည်။ မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်ရွက်နုအောင် ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုတက်ယူမည် ဖြစ်သည်။ […]
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အရပ်သား အမျိုးသား ၅ ဦးကို အာရက္ခတပ်တော် (AA ) က ဖမ်းဆီး သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။ ဆမီးမြို့၊ ဝက်မကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံများဖြစ်သည့် ဦးအေး လွင်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကြာဝှက်၊ ဦးမန်းနှေးတို့သည် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ခုကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ဇန်နဝါရီလဆန်းကတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် သုံးပွင့်ဆိုင် နယ်နိမိတ်ထိစပ်နေသည့်၊ ကုလားတန်မြစ် ဖြတ်သန်းစီးဆင်းနေပြီး အချက်အချာကျသည့် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထိန်းချုပ် ထားသည်။ AA […]
မင်္ဂလာပါ။ကျွန်တော်ကတော့ Spiceworks Myanmar မှာ Backend Developer အနေနဲ့ တာဝန်ယူလုပ်ကိုင်နေတဲ့ သုတယာမိုး ဖြစ်ပါတယ်။ အခု blog မှာတော့ Laravel Unit Test နှင့် Feature Test အကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ What is Testing? Testing ဆိုတာကတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေက သတ်မှတ်ထားတဲ့ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိလား၊ မရှိဘူးလား အကဲဖြတ်တဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ ဆိုရင်တော့ ကျွန်တော်တို့ရေးထားတဲ့ ကုဒ်တွေက စနစ်ကျလား၊ မှန်ကန်မှုရှိလား၊ ပြောင်းလဲရလွယ်လား စသဖြင့် အကဲဖြတ်တဲ့အခါ အသုံးပြုကြပါတယ်။ TYPES OF TESTS IN LARAVEL Laravel မှာကတော့ ထိုသို့စမ်းသပ်မှုတွေကို ပြုလုပ်နိုင်ဖို့အတွက် Unit Test […]
စစ်တပ်က အကြိမ်ရေ ရာနှင့်ချီပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပင်လည်ဘူးမြို့သည် ယခုအခါ မြို့ပျက်ကြီးသဖွယ် ကြေမွ၊ ပျက်စီးနေသည်ကို ယခုရုပ်သံတွင် မြင်တွေ့ရသည်။ စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။ လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။ ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀၂ ဦး ရခဲ့ပြီး ထိုအထဲတွင် ရာထူးအမြင့်ဆုံးမှာ ဒုဗိုလ်မှူးကြီး တစ်ဦး […]