[Unicode] အိမ်မှာ အသုံးပြုနေတဲ့ LCD / LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများ… မိတ်ဆွေတို့ အိမ်မှာအသုံးပြုနေတဲ့ LCD /LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့်အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများပြောပြလိုပါတယ်။ သုံးစွဲသူ အများစု ဖြစ်လေ့ရှိတဲ့ပြဿနာများနဲ့ ဖြေရှင်းချက်အချို့ကို ဖော်ပြလို့ပါတယ်။ (၁) ရေဝင်ခြင်း ၊ ကြောင်သေးဝင်ခြင်း၊ (၂) ပြုတ်ကျခြင်း ၊ ဆောင့်မိ ခိုက်မိခြင်း ၊ ကလေးကြောင့် ထိခိုက်မိခြင်း၊ (၃) TV မှန်ပြင်အနီးခြင်ရိုက် ဘက်တံဖြင့် ရိုက်မိခြင်း၊ (၄) မီးအား ဆောင့်တက်ခြင်း၊ မိုးကြိုးစက်ကွင်းမိခြင်း၊ (၅) TVကို stand by […]
The Legend of Hawes (2022) ရက်စက်ယုတ်မာတဲ့ မသမာသူတွေလက်ချက်နဲ့ အိမ်ပြာကျပြီး မိဘတွေနဲ့မောင်လေးကို အသတ်ခံလိုက်ရပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပညာတတ်မိန်းမပျိုလေးက လက်စားချေဖိုအတွက် တောင်တွေဆီကို ခရီးထွက်လာခဲ့တယ်။ မိန်းမပျိုလေးက မသမာသူတွေကိုသတ်ပြီး လက်စားချေဖို Hawes ဆိုတဲ့ ကျွမ်းကျင်သေနတ်ပစ်သမားကို အလုပ်ခန့်ဖို လိုက်ရှာပါတော့တယ်။ Hawes ကလည်း အဲဒီမသမာသူတွေရဲ့လက်ချက်ကြောင့် ဇနီးနဲ့ သမီးငယ်လေးကို ဆုံးရှုးခဲ့ရတဲ့အမျိုးသားဖြစ်ပြီး သူတိုတွေရဲ့ လက်စားချေခရီးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဒီ Western, Horror ဇာတ်လမ်းသစ်မှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Horror, […]
The Boys (2023) ****************** The boys ကတော့ ၁၉၉၉ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kill Boksoon ထဲကမင်းသားကြီး Sul Kyung Gu, Doom At your service ထဲက မင်းသား Seo In Guk, Dr.romantic ထဲက မင်းသမီး Jin Kyung တို့အပြင် တခြားနာမည်ကြီး cast တွေအများကြီးနဲ့ ရိုက်ကူးထားတာမို့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို ကြည့်ရမယ့် movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်။ အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့က အဲဒီအမှုအတွက် […]
https://www.youtube.com/watch?v=p30ZxeFNzpk ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာဖြစ်ပေါ်လာမယ့်ဆိုင်ကလုန်းမုန်တိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင်တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။#Local_NewsPublished 19 October 2024#ဆိုင်ကလုန်းမုန်တိုင်း #မိုးသက်လေပြင်းကျနိုင်#YMG/NN #Yangon_Times Source link
တရုတ်ပြည်ကြီးရဲ့ပြည်တွင်းစစ်တွေနဲ့ ရှုပ်ထွေးနေတဲ့ခေတ်မှာ အမြတ်ထုတ်ချင်ကြတဲ့နိုင်ငံခြားသားတွေကအလုံးနဲ့အရင်းနဲ့ဝင်လာခဲ့တယ်။ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အတွက်နိုင်ငံခြားသားတွေထပ်အရင် ရတနာတွေကိုရှာပြီးဖွက်ဖို့လူတစ်စုဟာကြံစည်ကြတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ရှေးဟောင်းသုတေသနပါမောက္ခကြီးကရှေးဟောင်းသင်္ချိုင်းကိုစွန့်စားရှာဖွေရင်း ထူးဆန်းရှားပါးတဲ့မြွေဆိပ်မိသွားခဲ့တယ်။အဲဒါကြောင့် သူ့ရဲ့သမီးဖြစ်တဲ့သူက မြွေဆိပ်ဖြေဆေးကိုရှာဖွေကိုကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အဆိပ်ကိုဖြေနိုင်ဖို့ မြွေဆိပ်ကိုဖန်တီးသူသာသိလိမ့်မယ်ဆိုပြီးတော့မြွေတွေကိုထိန်းချုပ်ပြီးနာမည်ကြီးခဲ့တဲ့ ပင်လယ်ဓားပြကြီးရဲ့ရှေးဟောင်းသင်္ချိုင်းမှာ မြွေဆိပ်ဖြေဆေးကိုရှာကြမယ့်စွန့်စားခန်းဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နေမလဲ……ထောင်ချောက်တွေနဲ့ပြည့်နေတဲ့ ရှေးသင်္ချိုင်းကြီးထဲမှာ ဖြေဆေးဆိုတာရောရှိနိုင်ပါ့မလား…… Filesize : 3.61 GB / 1.46 GB / 769 MBQuality : WEB-DL 4K HEVC , 1080p HEVC , 720p HEVCFormat : mkvGenres : Action , Thriller , AdventureRuntime : 1h 35 minSubtitle : Myanmar Subtitle ( Hardsub )Translated […]
ထိုင်းနိုင်ငံထဲတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထိန်းသိမ်းကာ နေရပ်ပြန်ပို့သည့် မြန်မာရွှေပြောင်းအလုပ်သမားများကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းတောင်ပိုင်းခရိုင် ၁၄ ခုတွင် ခိုးဝင်လာသူ၊ နေထိုင်ခွင့်သက်တမ်းကုန်သူ၊ အထောက်အထားမရှိသူနှင့် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများကို နေရပ်ပြန်ရန် ထိုင်းနိုင်ငံ၊ ရနောင်းမြို့အချုပ်မှ ကော့သောင်းမြို့ကို နှစ်နိုင်ငံညှိနှိုင်းကာ ပို့ဆောင်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ နေရပ်ပြန်ပို့ခံရသူများကို ကော့သောင်းဘက်အခြမ်းတွင် စစ်ကောင်စီက ပြန်လက်ခံပြီးနောက် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၃၄၂ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၂၆၂ တပ်သို့ ခေါ်ဆောင်သွားကာ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီသောအသက်အပိုင်းအခြား ရှိမရှိ စစ်ဆေးသည်ဟု ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ စစ်မှုထမ်းအသက်နှင့် အကျုံးဝင်သည့် အထက်ပါရွှေ့ပြောင်းအလုပ်သမားများကို […]
လွန်ခဲ့သည့် ၁၆ နှစ် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း အတွေ့အကြုံ ရှိလင့်ကစား စက်တင်ဘာ ဒုတိယပတ်အတွင်း ရာဂိမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွင် အာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်များ ကြိုတင်ပြင်ဆင်ခြင်းမရှိသည့် အတွက် ပြည်သူတို့ ထိခိုက်မှု များပြားခဲ့သည်။ ရာဂိမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုများ၊ မြေပြိုများ ဖြစ်ပေါ်ကာ လူပေါင်းရာနှင့်ချီ သေဆုံး၊ လူ ၁ သန်းခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင် ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီကလည်း ရေဘေးကြောင့် ၄၃၆ ဦး သေဆုံး၊ ၆၆ ဦး […]
အနိဋ္ဌာရုံ ပြည့်နှက်နေသော ရှေ့တန်းစစ်မြေပြင်သည် စစ်သားတစ်ယောက်အတွက် အချိန်မရွေး အသက် အန္တရာယ်ရှိ၊ နေထိုင်မှု ကြမ်းတမ်းပြီး အစားအသောက် ခက်ခဲသည်ဟု လူအများက ရှုမြင်ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေသတွင်း၌ ပြည်တွင်းစစ် သက်တမ်းအရှည်ကြာဆုံး စစ်ပွဲများကို ဆင်နွှဲနေသော မြန်မာနိုင်ငံတွင်မူ ရှေ့တန်းစစ်မြေပြင်များသည် မြို့ပြများအထိ ရောက်လာသလို စစ်တပ်က အခိုင်အမာခုခံစစ် ပြင်ဆင်ထားသော နောက်တန်း စစ်ဌာနချုပ်များအထိပါ ကျယ်ပြန့်လာသည်။ ကျယ်ပြန့်လာသော စစ်ပွဲများ နှင့်အတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ်များ၏ နိုင်ငံ့စီးပွား စီမံခန့်ခွဲမှုအလွဲများကြောင့်လည်း တိုင်းပြည်စီးပွားရေးပြိုကျပြီး အလုပ် အကိုင်ရှားပါးပြီး အထွေထွေကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ဝန်ထမ်းများ၊ ပင်စင်စားများ အပါအဝင် အခြေခံလူတန်းစားများပါ ခါးစည်းခံနေရသည်။ ထိုဒဏ်များကို အဂတိနှင့် အကျင့်ပျက်ချစားမှုများဖြင့် […]
Skip to content Honor က X5b နဲ့ X5b Plus အမည်ရ တန်ဖိုးနည်း စမတ်ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းတွေကို အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါပြီ။ အဲဒီဖုန်းတွေရဲ့ Specs တွေဟာ အများစု တူညီကြပြီး Plus က အနည်းငယ်ပိုကောင်းပါတယ်။ Honor X5b နဲ့ X5b Plus မှာ LTE ပဲ ထောက်ပံ့တဲ့ Helio G36 Chipset မောင်းနှင်ထားပြီး Android 14 အခြေပြု MagicOS 8.0 ပါပါတယ်။ 6.56” LCD 720p Display တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch […]
Skip to content vivo က Y19s ကို ကြေညာလိုက်ပြီး အကြမ်းခံ ဒီဇိုင်းနဲ့ ကြီးမားတဲ့ 5,500mAh Battery ထည့်သွင်းထားပါတယ်။ 6.68” HD+ 90Hz LCD တပ်ဆင်ထားပြီး 5MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP နဲ့ အပို ကင်မရာ ထည့်သွင်းထားပြီး ကင်မရာ Island မှာ RGB LED Ring ပါပါတယ်။ စတီရီယို စပီကာတွေ ထည့်သွင်းထားပြီး ဆူညံတဲ့ ပတ်ဝန်းကျင်မှာ အသံကို ၃၀၀ ရာခိုင်နှုန်း တိုးမြှင့်နိုင်ပါတယ်။ အောက်ပြုတ်ကျတာကို ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ […]