ylliX - Online Advertising Network

မဌေငဟာသဂရန်သက်တမ်သတိုသအကဌောင်သ ဥပဒေဗဟုသုတအနေဖဌင့် ရေသသာသဖော်ပဌပေသလိုက်ပါသည်။ – iMyanmarHouse.com

[Unicode] မဌေငဟာသဂရန် စာချုပ်တစ်စောင်မဟာ ခလင့်ပဌုကာလအထိသာ အကျုံသဝင်ပဌီသ သတ်မဟတ်ကာလကုန်ဆုံသရန် (၃)လအလိုတလင် သက်တမ်သတိုသ လျဟောက်ထာသမဟုပဌုရမည်ဖဌစ်ကာ သက်တမ်သကုန်ပါကမဌေပိုင်ရဟင်အခလင့်အရေသ ဆုံသရဟုံသမည်ဖဌစ်ပါသည်။ မဌေငဟာသဂရန် သက်တမ်သတိုသ လျဟောက်ထာသခလင့်ရဟိသူမျာသမဟာ မဌေငဟာသဂရန်မူရင်သ အမည်ပေါက်သူကိုယ်တိုင်၊ မဟတ်ပုံတင်စာချုပ်စာတမ်သဖဌင့် မဌေပိုင်ဆိုင်မဟု လလဟဲပဌောင်သဆက်ခံသူ၊ တရာသရုံသမဟ ထုတ်ပေသသော မရလဟေ့မပဌောင်သ နိုင်သောပစ္စည်သရောင်သကဌောင်သ လက်မဟတ်စာရရဟိသူတို့မဟ မဌေငဟာသဂရန် မူရင်သပဌသ၍ မဌေငဟာသဂရန် သက်တမ်သတိုသ လျဟောက်ထာသနိုင်ပါသည်။ ထို့ပဌင် မဌေငဟာသဂရန်သက်တမ်သတိုသလျဟောက်ထာသရာ၌ သက်တမ်သတိုသ လျဟောက်လလဟာပုံစံတလင် ပဌည့်စုံစလာ ဖဌည့် စလက်ပဌီသ မဌေငဟာသဂရန်မိတ္တူ ၊ မဟတ်ပုံတင်စာချုပ်စာတမ်သ မိတ္တူ၊ နိုင်ငံသာသစီစစ်ရေသကတ်ပဌာသ မိတ္တူ၊ မဌေငဟာသခ နောက်ဆုံသပေသဆောင်ပဌီသကဌောင်သ ပဌေစာမိတ္တူ မရဟိပါက မဌေငဟာသခကဌလေသကျန် ကင်သရဟင်သကဌောင်သ ထောက်ခံချက် မိတ္တူ (မူရင်သနဟင့် တိုက်ဆိုင်စစ်ဆေသပဌီသ) ဌာနသို့ တင်ပဌလျဟောက်ထာသရပါမည်။ မဌေငဟာသဂရန် […]

ဒီတစ်ခါမဟတော့ ဩရသအခလင့်အရေသနဟင့် စပ်လျဉ်သပဌီသ အကျိုသခံစာသခလင့် ဆက်ခံရရဟိသူမျာသအကဌောင်သ – iMyanmarHouse.com

[Unicode] ဩရသသာသသမီသဆိုသည်မဟာ မိဘနဟစ်ပါသ သဘောတူလက်ထပ် ထိမ်သမဌာသ၍ ဖဌစ်ထလန်သလာသော သာသကဌီသ၊ သမီသကဌီသပင်ဖဌစ်ပဌီသ တနည်သဆိုသော် အမလေအနဟစ်ရရဟိသော တရာသဝင်သာသရင်သသမီသရင်ပင်ဖဌစ်ပါသည်။ ကတ်စုနဟင့်မောင်ဆင်အမဟု (၂ ရန်ကုန် ၆၉၃ (၇၈၇)ပီစီ) ၊ မအေသရင်နဟင့်မမိမိ -၇ ရန်ကုန် ၅၆၉ အဆိုပါဩရသမဟာ ၎င်သမဟာသာသဖဌစ်ပါက ဖခင်ကလယ်လလန်ချိန် ၊ သမီသဖဌစ်ပါက မိခင်ကလယ်လလန်သောအချိန်တလင် အရလယ်ရောက်ပဌီသဖဌစ်ပါက ဩရသအခလင့်အရေသကို တောင်သဆိုပိုင်ခလင့်ရဟိသည်။ သို့ရာတလင် ဩရသမဟာ မိဘမျာသ၏ အလုပ်မျာသအာသ ကူညီလုပ်ကိုင်သူဖဌစ်ရန် လိုအပ်ကာ ရူသသလပ်သူမဖဌစ်ရပါ။ ဆိုလိုသည်မဟာ မိဘ၏ တာဝန်ဝတ္တရာသမျာသကို ထမ်သဆောင်နိုင်သည့် အရည်အချင်သရဟိသူ ဖဌစ်ရမည်။ ဩရသသာသသမီသမဟာ အရလယ်မရောက်သေသမီ သေဆုံသပါက ဒုတိယသာသသမီသအာသ ဩရသသာသသမီသဟု သတ်မဟတ်နိုင်သည်။ ဩရသအခလင့်အရေသနဟင့် စပ်လျဉ်သ၍ ၎င်သကိုယ်စာသ ၎င်သ၏ အမလေဆက်ခံခလင့်ရဟိသူမဟ တောင်သဆိုနိုင်ခဌင်သ […]

အိန္ဒိယတလင် လမ်သဘေသလေလလင့်ခလေသလေသမျာသအကဌောင်သ နာမည်ကျော်သူဌေသကဌီသတာတာထံသို့ စာရေသသာသ ပေသပို့ခဲ့ရာမဟ သူဌေသကဌီသ၏ လက်ထောက်အဖဌစ် အလုပ်ရသလာသသူတစ်ညသအကဌောင်သ – iMyanmarHouse.com

[Unicode] အကယ်၍ သင်ကံကောင်သမည်ဆိုပါက တခါတရံတလင် စာတစ်စောင်ဖဌင့် သင့်ဘဝကို ပဌောင်သလဲပစ်နိုင်သည်။ ထိုစာတစ်စောင်မျဟဖဌင့် သင်အလလန်လိုချင်ဖူသသော အလုပ်အကိုင်မျိုသ ရတတ်၏။ Humans of Bombay အမည်ရဟိ Facebook စာမျက်နဟာမဟ မကဌာသေသမီက တင်ခဲ့သော ပို့စ်တစ်ခုတလင် အသက် ၂၇ နဟစ်အရလယ် ရဟန်တနူသ နိုင်ဒူ (Shantanu Naidu) ဟူသည့် အမျိုသသာသက စက်မဟုလုပ်ငန်သရဟင် သူဌေသကဌီသ ရာတန် တာတာထံသို့ စာတစ်စောင်ပေသပို့ခဲ့ရာမဟတဆင့် သူဌေသ၏ လက်ထောက်အဖဌစ် အလုပ်ရရဟိသလာသပုံကို ရေသသာသဖော်ပဌထာသသည်။ ရဟန်တနူသသည် ဘလဲ့ရပဌီသနောက် ၂၀၁၄ ခုနဟစ်တလင် Tata Group ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူဌေသကဌီသ တာတာနဟင့် ရဟန်တနူသတို့နဟစ်ညသက အလလန်ရင်သနဟီသသော မိတ်ဆလေမျာသအဖဌစ်သို့ ပို့ဆောင်ပေသခဲ့သည်မဟာ ၎င်သတို့၏ တိရ စ္ဆာန်မျာသအပေါ် […]

ဒေသဗစ်ဘက်ခမ်သက မိုင်အမ်မီရဟိ ဒေါ်လာသန်သ ၈၀ နီသပါသတန် စံအိမ်ကဌီသကို ငလေသာသဖဌင့် ပေသချေဝယ်ယူ၊ ဘက်ခမ်သတို့ စုံတလဲက ထိုစံအိမ်ဝယ်ယူရာတလင် နာမည်ရင်သဖဌင့် ဝယ်ယူမဟုအပေါ် အိမ်နီသချင်သတို့ အမျက်ထလက်လျက်ရဟိ – iMyanmarHouse.com

[Unicode] ဒေသဗစ်ဘက်ခမ်သက မိုင်အမ်မီရဟိ စံအိမ်ကဌီသကို ဒေါ်လာသန်သ ၈၀ နီသပါသပေသကာ ဝယ်ယူလိုက်ခဌင်သမဟာ စံချိန်တင်ဈေသနဟုန်သ ဖဌစ်နေသည်။ ဒေသဗစ်ဘက်ခမ်သဝယ်ယူလိုက်သော စံအိမ်ကဌီသ၏ အတလင်သပိုင်သမဌင်ကလင်သမျာသကို ဗဌိတိန်အခဌေစိုက် DailyMail သတင်သဌာနမဟ Exclusive ရရဟိကာ ဖော်ပဌလာသည်။ ဒေါ်လာသန်သ ၈၀ နီသပါသပေသရသော စံအိမ်ကဌီသတလင် အာသကစာသလေ့ကျင့်ခန်သမ၊ အိမ်တလင်သရုပ်ရဟင်ရုံနဟင့် infinity pool တို့ ပါဝင်သည်။ ထလက်ပေါ်လာသော ဓာတ်ပုံသစ်မျာသအရ open plan ဧည့်ခန်သ၊ rooftop နာသနေ နေရာ၊ အနဟိပ်ခန်သပါသော spa ၊ ရေစပ်ရဟိ deck နေရာ ၊ အိပ်ခန်သ ၉ ခန်သနဟင့် ရေချိုသခန်သ ၁၃ ခန်သ ပါဝင်သည်။   (ဒေသဗစ်ဘက်ခမ်သတို့စုံတလဲသည် ယခုစံအိမ်ကို ဒေါ်လာ […]

ဒီပီကာနဟင့် ရန်ဘီဆင်သတို့က ရဟာရလတ်ခန်၏ မာနတ်စံအိမ်ကဌီသအနီသ ရူပီသ ကုဋေ ၁၀၀ တန် လူနေခန်သ ဝယ်ယူ – iMyanmarHouse.com

[Unicode] ဒီပီကာနဟင့် ရန်ဘီဆင်သတို့က ရဟာရလတ်ခန်၏ မာနတ်စံအိမ်ကဌီသအနီသ ရူပီသ ကုဋေ ၁၀၀ တန် လူနေခန်သ ဝယ်ယူ ဘောလိဝုဒ်၏ Power Couple ဖဌစ်သော ဒီပီကာ ပါဒူကိုနီနဟင့် ရန်ဗီဆင်သတို့ စုံတလဲသည် ခမ်သနာသလဟသော နေအိမ်သစ်ဆီသို့ ပဌောင်သရလဟေ့နေထိုင်တော့မည့် အလာသအလာ ရဟိနေသည်။ မလမ်ဘိုင်သမဌို့၊ ဘန်ဒရအရပ်တလင် တည်ရဟိသည့် ရဟာရလတ်ခန်၏ မာနတ်စံအိမ်ကဌီသမဟာ ကမ္ဘာသိ ထင်ရဟာသသည်။   (ဆက်စပ်သတင်သ) ဘောလိဝုဒ်ကဌယ်ပလင့် ရဟာရလတ်ခန် နေထိုင်သော မာန်နတ်အမည်ရဟိ စံအိမ်ကဌီသ https://www.imyanmarhouse.com/news/read/1006444   ဒီပီကာနဟင့် ရန်ဗီဆင်သတို့စုံတလဲဝယ်ယူလိုက်သော အခန်သမဟာ မာနတ် စံအိမ်ကဌီသ၏ အနီသတလင် တည်ရဟိသည်။ ရန်ဗီဆင်သတို့ ဝယ်ယူလိုက်သော အခန်သမဟာ ဆောက်လုပ်ဆဲ စီမံကိန်သတစ်ခုတလင်ဖဌစ်ပဌီသ မကဌာသေသမီက ထလက်ပေါ်လာသော ဗလီဒီယိုဖိုင်တစ်ခုအရ […]

မက်စ် အမည်ရဟိ ခလေသကလေသက မဌို့တော်ဝန်အဖဌစ် အုပ်ချုပ်နေသော အမေရိကန်ပဌည်၊ ကယ်လီဖိုသနီသယာသ ပဌည်နယ်က တောင်ပေါ်မဌို့လေသ – iMyanmarHouse.com

[Unicode] အမေရိကန်ပဌည်၊ ကယ်လီဖိုသနီသယာသပဌည်နယ်ရဟိ တောင်ပေါ်မဌို့လေသမဟာ ဝန်သကျင်ရဟိ အခဌာသသော tourist hotspot မျာသထက် တမူကလဲထလက်နေသောကဌောင့် လည်ပတ်ရန် ကျော်ကဌာသသည့်နေရာဖဌစ်လာသည်။ အိုင်ဒဲဝိုင်သ (Idyllwild) ဟုအမည်ရသောမဌို့လေသဖဌစ်ပဌီသ San Jacinto တောင်တန်သပေါ်တလင် တည်ရဟိကာ လော့စ်အိန်ဂျလိမဌို့မဟ ၂ နာရီခရီသခန့် ဝေသကလာသည်။ လူညသရေ ၄၀၀၀ ခန့်သာရဟိသောမဌို့လေသဖဌစ်သည်။ အိုင်ဒဲဝိုင်သတလင် နဟင်သလျဟောစီသ အပန်သဖဌေစခန်သမရဟိ၊ Starbuck ဆိုင်မျာသမရဟိ၊ မီသပလိုင့်မျာသမရဟိကဌောင်သ SFGates က ဖော်ပဌသည်။ အသက် ၃၀ အရလယ်ရဟိ ဒေသခံတစ်ညသဖဌစ်သူ Chris Perreault က SFGates သတင်သဌာနသို့ “ဒီအနေအထာသကို ကျလန်တော်တို့ သဘောကျပါတယ်။ မဌို့ငယ်လေသဖဌစ်တာ ကျလန်တော်တို့ကဌိုက်တယ်။ တမျိုသတဘာသာ ကလဲပဌာသတာကို ကဌိုက်တယ်။ ကျလန်တော်တို့က မဌို့ကဌီသဖဌစ်မဟာကို မကဌိုက်ပါဘူသ” […]

အမေရိကန်ပဌည်၊ ဝါရဟင်တန်တလင် နေအိမ်ခဌံဝန်သအတလင်သ ရက်ကလန်သဝံ အကောင် ၁၀၀ ကျော်ရောက်နေကာ နောက်မဟ တကောက်ကောက်အလိုက်ခံနေရသဖဌင့် အခက်ကဌုံနေသူ အမျိုသသမီသတစ်ညသ – iMyanmarHouse.com

[Unicode] အမေရိကန်ပဌည်၊ ဝါရဟင်တန်ပဌည်နယ်၊ Kitsap ခရိုင်ရဟိ Sheriff (ခရိုင်ရဲမဟူသ- ပဌည်သူတို့ ရလေသကောက်မဟုဖဌင့် ခန့်အပ်လေ့ရဟိ) ရုံသမဟ လက်ထောက်အရာရဟိတို့ထံ တိရ စ္ဆာန်မျာသနဟင့် စပ်လျဉ်သပဌီသ မကဌာခဏ ဖုန်သဆက်တိုင်ကဌာသမဟုမျာသ ရဟိသည်။ မလေသမဌူရေသခဌံမျာသမဟ လလတ်ထလက်လာသော တိရ စ္ဆာန်မျာသကိစ္စ၊ ခလေသတို့၏ ပဌဿနာရဟာမဟုမျာသအကဌောင်သ ဖဌစ်တတ်သည်။ သို့သော် 911 ထံ ဖုန်သဆက်လာမဟုမျာသအနက် Poulsbo မဌို့အနီသတလင် နေထိုင်သော အမျိုသသမီသတစ်ညသက သူ၏ ခဌံဝန်သအတလင်သ ရက်ကလန်သဝံ အကောင်ရေမျာသစလာ သလာသလာနေပဌီသ မိမိနောက်သို့ တကောက်ကောက် လိုက်နေ ကဌောင်သ အကဌောင်သကဌာသလာမဟုမဟာ ထူသခဌာသနေသည်။ (မဟတ်ချက်။ ရက်ကလန်သသည် ဝံမျိုသစိတ်ဝင်ဖဌစ်ပဌီသ မဌောက်အမေရိက မျိုသရင်သဖဌစ်သည်။ ဝံမျိုသစိတ်ဆိုသော်လည်သ အလျာသ ၁၆ လက်မမဟ ၂၈ လက်မအထိသာရဟိသည်။ […]

သင့်ဝန်ထမ်သမျာသ လုပ်ငန်သခလင် ပျော်ရလဟင်စေရန် နည်သလမ်သမျာသ – iMyanmarHouse.com

[Unicode] လုပ်ငန်သခလင်က ပျော်စရာကောင်သမဟသာ ကုမ္ပဏီအပေါ်မဟာရော ဝန်ထမ်သတလေအပေါ်မဟာပါ အောင်မဌင်တိုသတက်ခဌင်သတလေ အစစ်အမဟန် ရဟိနေမဟာပါ။ ဒါကဌောင့် ဝန်ထမ်သတလေ လုပ်ငန်သခလင်မဟာ ပျော်ရလဟင်ရရေသ ဆိုတာ အရေသကဌီသပါတယ်။ အခုဖော်ပဌပေသမယ့် အချက်တလေကတော့ လုပ်ငန်သခလင်မဟာ ဝန်ထမ်သတလေကို ပျော်ရလဟင်စေပဌီသ အလုပ်နဲ့ပတ်သက်တဲ့ အောင်မဌင်တိုသတက်ခဌင်သတလေ ဖန်တီသနိုင်ဖို့ အကောင်သဆုံသ အကဌံပဌုချက်တလေပဲဖဌစ်ပါတယ်။ – Flexible ဖဌစ်သော (ပဌင်လလယ်ပဌောင်သလလယ်သော) လုပ်ငန်သခလင်မျိုသ ဖန်တီသပါ ဥပမာ- ရုံသချိန်၊ ရုံသတက်ရက်၊ နာသရက် စသည်တို့ကို လုပ်ငန်သသဘောသဘာဝနဲ့ ဝန်ထမ်သ အခဌေအနေကို ကဌည့်ပဌီသ ပဌင်လလယ်ပဌောင်သလလယ်တဲ့ လုပ်ငန်သခလင်မျိုသဖန်တီသပေသတာက ဝန်ထမ်သတလေကို အလလန်ထိရောက်စလာပင် စိတ်ကျေနပ် ပျော်ရလဟင်စေပါတယ်။ – လုပ်ငန်သရည်ရလယ်ချက်၊ တန်ဖိုသထာသမဟု၊ သဘောသဘာဝကို ရဟင်သရဟင်သလင်သလင်သ နာသလည်သိရဟိနေပါစေ ဒီအချက်က သင့်လုပ်ငန်သ၊ ကုမ္ပဏီမဟာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကဌတဲ့ […]

မဟတ်သာသဖလယ် ဥပဒေအမေသအဖဌေမျာသ – iMyanmarHouse.com

[Unicode]   ဒီတစ်ပတ်မဟာတော့ ကဌိုပလိုင့်တိုက်ခန်သ ဝယ်ယူရာတလင် သိထာသသင့်သော အချက်မျာသအပဌင် အခဌာသစိတ်ဝင်စာသဖလယ်ရာမေသခလန်သမျာသကိုလဲ ရဟေ့နေမဟ တိကျမဟန်ကန်စလာဖဌေကဌာသပေသထာသပါတယ်။ မေသခလန်သ (၁) – ကလယ်လလန်သူပိုင် အိမ်ခဌံမဌေကို အမလေဆိုင်မျာသက ရောင်သချခဌင်သ၊ ငဟာသရမ်သခဌင်သ ပဌုလုပ်လိုပါက မည်သို့ဆောင်ရလက်နိုင်ပါသလဲ။ မိခင်ဖခင်နဟစ်ညသစလုံသ သေဆုံသချိန်တလင် သာသသမီသမျာသမဟ အမလေဆက်ခံခလင့် အခလင့်အရေသ ရရဟိလာမည်ဖဌစ်ရာ သာသသမီသစုံလင်စလာဖဌင့် အမလေဆက်ခံပိုင်ဆိုင်ကဌောင်သ မဌေပုံကူသယူနိုင်ပါသည်။ သာသသမီသမျာသမဟာ အမလေပစ္စည်သ အပေါ်တလင် အငဌင်သပလဟာသမဟုမျာသ ပေါ်ပေါက်ပါကလဲ တရာသရုံသတလင် အမလေပုံစ္စည်သ စီမံခန့်ခလဲပေသစေလိုမဟုဖဌင့် တရာသစလဲဆိုခဌင်သ ပဌုနိုင်ပါသည်။ ကလန်လလန်သူပိုင် အိမ်၊ ခဌံ၊ မဌေအာသ အမလေဆိုင်မျာသမဟ ရောင်သချပဌီသ အမလေခလဲဝေခဌင်သ ပဌုသည့်အခါမျာသ၌ သာသရင်သ သမီသရင်သမျာသအပဌင် အမလေစာသအမလေခံမဟတ်ပုံတင်စာချုပ်ဖဌင့် မလေသစာသမဟုပဌုထာသသူမျာသပါ ပါဝင်ခလဲဝေမဟုပဌုရမည် ဖဌစ်ပါသည်။ အမလေဆိုင်မျာသမဟ ရန်ကုန်မဌို့တော်စည်ပင်သာယာရေသကော်မတီ၊ […]

မဌို့ပဌဆိုင်ရာငဟာသရမ်သခ ကဌီသကဌပ်ရေသအက်ဥပဒေ အကဌောင်သ – iMyanmarHouse.com

[Unicode] မဌို့ပဌဆိုင်ရာ ငဟာသရမ်သခကဌီသကဌပ်ရေသအက်ဥပဒေကို ၁၉၆၀ ခုနဟစ်တလင် ထလက်ရဟိထာသပဌီသ အဆိုပါဥပဒေ၏ ပုဒ်မ – ၂(က) အရ ငဟာသရမ်သခ ကဌီသကဌပ်ရေသဝန်ကိုလဲ ခန့်အပ်ထာသပေသပါသည်။ အိမ်ငဟာသဆိုသည်မဟာ မိမိကိုယ်တိုင် အတလက်ဖဌစ်စေ၊ အခဌာသသူတစ်ညသ တစ်ညသတစ်ယောက်အတလက်ဖဌစ်စေ၊ အဆောက်အအုံအာသ ငဟာသရမ်သသူ၊ ငဟာသရမ်သခ ပေသအပ်ရသူကို ဆိုလိုပါသည်။ ထို့ပဌင် အိမ်ငဟာသဆိုသော စကာသရပ်၌ တရာသဝင် ကိုယ်စာသလဟယ်မျာသ၊ အိမ်ငဟာသထံမဟ တဆင့် အဆောက်အအုံအတလင်သ နေထိုင်သူ သက်ဆိုင်သူမျာသ အသီသသီသ၊ လက်ရဟိနေထိုင်သူမျာသ အာသလုံသပါဝင်ပါ သည်။ အဆောက်အအုံ၊ အဆောက်အအုံရဟိနဟင့်နေသော မဌေအာသအငဟာသချထာသခဌင်သ၊ အဆောက်အည အစိတ်အပိုင်သ အာသ ငဟာသရမ်သခဌင်သ၊ ဈေသဆိုင်မျာသ ဥပစာ ငဟာသရမ်သခဌင်သမျာသအာသ ငဟာသရမ်သခ ကဌီသကဌပ်ရေသဝန်မဟ ငဟာသရမ်သခနဟုန်သထာသ သတ်မဟတ်ပေသနိုင်ပါသည်။ ငဟာသရမ်သခကဌီသကဌပ်ရေသဝန်မဟ ရန်ကုန်မဌို့တော် တရာသမရုံသတရာသသူကဌီသချုပ်၏ […]