[Unicode] လုပ်ငန်းခွင်က ပျော်စရာကောင်းမှသာ ကုမ္ပဏီအပေါ်မှာရော ဝန်ထမ်းတွေအပေါ်မှာပါ အောင်မြင်တိုးတက်ခြင်းတွေ အစစ်အမှန် ရှိနေမှာပါ။ ဒါကြောင့် ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရရေး ဆိုတာ အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို ပျော်ရွှင်စေပြီး အလုပ်နဲ့ပတ်သက်တဲ့ အောင်မြင်တိုးတက်ခြင်းတွေ ဖန်တီးနိုင်ဖို့ အကောင်းဆုံး အကြံပြုချက်တွေပဲဖြစ်ပါတယ်။ – Flexible ဖြစ်သော (ပြင်လွယ်ပြောင်းလွယ်သော) လုပ်ငန်းခွင်မျိုး ဖန်တီးပါ ဥပမာ- ရုံးချိန်၊ ရုံးတက်ရက်၊ နားရက် စသည်တို့ကို လုပ်ငန်းသဘောသဘာဝနဲ့ ဝန်ထမ်း အခြေအနေကို ကြည့်ပြီး ပြင်လွယ်ပြောင်းလွယ်တဲ့ လုပ်ငန်းခွင်မျိုးဖန်တီးပေးတာက ဝန်ထမ်းတွေကို အလွန်ထိရောက်စွာပင် စိတ်ကျေနပ် ပျော်ရွှင်စေပါတယ်။ – လုပ်ငန်းရည်ရွယ်ချက်၊ တန်ဖိုးထားမှု၊ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း နားလည်သိရှိနေပါစေ ဒီအချက်က သင့်လုပ်ငန်း၊ ကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ […]
[Unicode] ဒီတစ်ပတ်မှာတော့ ကြိုပွိုင့်တိုက်ခန်း ဝယ်ယူရာတွင် သိထားသင့်သော အချက်များအပြင် အခြားစိတ်ဝင်စားဖွယ်ရာမေးခွန်းများကိုလဲ ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။ မေးခွန်း (၁) – ကွယ်လွန်သူပိုင် အိမ်ခြံမြေကို အမွေဆိုင်များက ရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက မည်သို့ဆောင်ရွက်နိုင်ပါသလဲ။ မိခင်ဖခင်နှစ်ဦးစလုံး သေဆုံးချိန်တွင် သားသမီးများမှ အမွေဆက်ခံခွင့် အခွင့်အရေး ရရှိလာမည်ဖြစ်ရာ သားသမီးစုံလင်စွာဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူနိုင်ပါသည်။ သားသမီးများမှာ အမွေပစ္စည်း အပေါ်တွင် အငြင်းပွှားမှုများ ပေါ်ပေါက်ပါကလဲ တရားရုံးတွင် အမွေပုံစ္စည်း စီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။ ကွန်လွန်သူပိုင် အိမ်၊ ခြံ၊ မြေအား အမွေဆိုင်များမှ ရောင်းချပြီး အမွေခွဲဝေခြင်း ပြုသည့်အခါများ၌ သားရင်း သမီးရင်းများအပြင် အမွေစားအမွေခံမှတ်ပုံတင်စာချုပ်ဖြင့် မွေးစားမှုပြုထားသူများပါ ပါဝင်ခွဲဝေမှုပြုရမည် ဖြစ်ပါသည်။ အမွေဆိုင်များမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ […]
[Unicode] မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို ၁၉၆၀ ခုနှစ်တွင် ထွက်ရှိထားပြီး အဆိုပါဥပဒေ၏ ပုဒ်မ – ၂(က) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ကိုလဲ ခန့်အပ်ထားပေးပါသည်။ အိမ်ငှားဆိုသည်မှာ မိမိကိုယ်တိုင် အတွက်ဖြစ်စေ၊ အခြားသူတစ်ဦး တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အဆောက်အအုံအား ငှားရမ်းသူ၊ ငှားရမ်းခ ပေးအပ်ရသူကို ဆိုလိုပါသည်။ ထို့ပြင် အိမ်ငှားဆိုသော စကားရပ်၌ တရားဝင် ကိုယ်စားလှယ်များ၊ အိမ်ငှားထံမှ တဆင့် အဆောက်အအုံအတွင်း နေထိုင်သူ သက်ဆိုင်သူများ အသီးသီး၊ လက်ရှိနေထိုင်သူများ အားလုံးပါဝင်ပါ သည်။ အဆောက်အအုံ၊ အဆောက်အအုံရှိနှင့်နေသော မြေအားအငှားချထားခြင်း၊ အဆောက်အဦ အစိတ်အပိုင်း အား ငှားရမ်းခြင်း၊ ဈေးဆိုင်များ ဥပစာ ငှားရမ်းခြင်းများအား ငှားရမ်းခ ကြီးကြပ်ရေးဝန်မှ ငှားရမ်းခနှုန်းထား သတ်မှတ်ပေးနိုင်ပါသည်။ ငှားရမ်းခကြီးကြပ်ရေးဝန်မှ ရန်ကုန်မြို့တော် တရားမရုံးတရားသူကြီးချုပ်၏ […]
[Unicode] သက်စွန့်စံဖျားခရီးသွားလာချင်သူတိုင်းအတွက် ပီရူးမှ Peruvian တောင်ကမ်းပါးနား အိပ်ခန်းပမာဏအရွယ်အစား ဖန်ပေါင်းချောင်လေးများ တွဲလဲချည်ထားလျက် ခရီးသွားများအား ဆွဲဆောင်လာပါတယ်။ ဖန်ပေါင်းချောင် အိပ်ခန်းလေးများဖြစ်ပြီး ကြမ်းပြင်ကိုတော့ သစ်သားနဲ့ခင်းထားပါတယ်။ တောင်ကမ်းပါးအပေါ်မှာလည်းမဟုတ် အောက်လည်းမနိမ့်ဘဲ တောင်အောက်ခြေမှ ပေ ၁၃၀၀ ခန့် တောင်ပေါ်သို့ တက်ပြီးမှသာ တည်းခိုလို့ရနိုင်တာမို့ တောင်တက်ကျွမ်းသူများ အကြိုက်ပါပဲ။ တစ်ညတာတည်းခိုရုံနဲ့ ရင်သပ်ရှုမောဖွယ် ပေ ၁၃၀၀ ကျော်အမြင့်က တောင်တန်းချိုင့်ဝှမ်းအလှကို လှမ်းတွေ့နိုင်ပြီး ညဘက်မှာဆိုရင်တော့ နဂါးငွေ့တန်း တစ်စိတ်တစ်ပိုင်းရဲ့အလှကိုပါ ညရှုခင်းအဖြစ်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၈ ပေအထိသာ အရှည်ရှိတဲ့ ဖန်ပေါင်းချောင်အိပ်ခန်းလေးများဖြစ်ပြီး တစ်ညတည်းခိုရန်အတွက် ဒေါ်လာ ၄၀၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။ ဖန်ပေါင်းချောင်ကိုယ်ထည်ကို အလူမီနီယံသတ္တုနဲ့ ဆောက်လုပ်ထားပြီး ကြမ်းတမ်းတဲ့ရာသီဥတုအလယ်မှာတောင် ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားခြင်းဖြစ်တဲ့အတွက် ခရီးသွားများ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရတယ်လို့ဆိုပါတယ်။ […]
[Unicode] နေအိမ်အောက်မှာ တောင်ပို့ပေါက်တဲ့အခါ လူတွေက အိမ်ကို ဖျက်ဆီးမယ်ဆိုပြီး တူးထုတ်ပစ်တတ်ကြပါတယ်။ အချို့လူတွေကတော့ ကောင်းတဲ့နိမိတ်လို့ ယူဆကြပါတယ်။ ရာဇမတ်လေးဖက်လေးတန်ကာပြီး တံခွန်၊ ကုက္ကား၊ မုလေးပွားစိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းကြတာလည်း ရှိပါသေးတယ်။ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းပြီး ပူဇော်တတ်ကြပါတယ်။ အချို့ဆိုရင် အိမ်က ဆင့်တန်းဖြုတ်၊ ခင်းထားတဲ့ပျဉ်ခွာပြီးတဲ့အထိ ယုံယုံကြည်ကြည် ကိုးစားကြတာ တွေ့ရတယ်။ တစ်ခါက မိတ်ဆွေတစ်ယောက်က သူ့အိမ်အောက်မှာ တောင်ပို့ပေါက်လာလို့ ဖယ်ရမလား၊ ထားရမလား မေးဖူးပါတယ်။ လူတော်တော်များများက တောင်ပို့ပေါက်တာ ကောင်းတယ် ကြီးပွားတိုးတက်လိမ့်မယ်လို့ ယူဆကြတာ များပါတယ်။ ဒါပေမယ့် ရှေးလူကြီးတွေ ပြောခဲ့တာကတော့ တောင်ပို့ပေါက်တယ်ဆိုတာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှေးလူကြီးတွေဟာ အကြားအမြင် ဗဟုသုတများတာကြောင့် ကဗျာလင်္ကာနဲ့ စပ်ဆိုထားခဲ့တာမို့ […]
[Unicode] အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် Milton ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဟောလိဝုဒ် ကြယ်ပွင့် တွမ်ခရုစ်၏ Clearwater မြို့ရှိ Penthouse ခန်းမှာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့မှုကြောင့် တွမ်ခရုစ်မှာ သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။ မိုးလေဝသ ပညာရှင်တို့က Milton မုန်တိုင်းကြီးမှာ Category 5 အဆင့်အထိ အားပြင်းသော မုန်တိုင်းကြီး ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ Milton မုန်တိုင်းသည် တွမ်ခရုစ်၏ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိအခန်းကို ချန်လှပ်ခဲ့ဟန် ရသည်။ မုန်တိုင်းကြောင့် မြို့မှာ အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကသောင်းကနင်းဖြစ်မည်ဟု ခန့်မှန်းခဲ့ပြီး အကြီးအကျယ်ရေလွှမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ၏ ပြောကြားချက်အရ မုန်တိုင်းသည် မြို့ကိုမဝင်မီတွင် အားပျော့သွားခဲ့ကြောင်း၊ ပြည်သူတို့၏ စိုးရိမ်မှုများ လျော့ကျသွားခဲ့ကြောင်း ပြောသည်။ […]
[Unicode] ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့စုံတွဲကို ခမည်းတော် ချားလ်စ်ဘုရင်က ဝင်ဆာရဲတိုက်ဝန်းရှိ အိမ်တော်မှ နှင်ထုတ်ခဲ့သောကြောင့် ဟယ်ရီတို့စုံတွဲအတွက် ဗြိတိန်တွင် အခြေချရန် နေအိမ် မရှိတော့ချေ။ မင်းသားဟယ်ရီက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare တွင် တော်ဝင်မိသားစု၏ အတွင်းရေးများကို ဖွင့်ချခဲ့မှုကြောင့် ချားလ်စ်ဘုရင်က အမျက်ရှကာ သူ၏ နန်းတက်ပွဲမတိုင်မီကတည်းက ဟယ်ရီတို့ စုံတွဲကို နှင်ထုတ်ထားခြင်း ဖြစ်သည်။ (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော်ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ https://www.imyanmarhouse.com/news/read/1056943 သို့သော် နန်းတက်ပွဲကာလတွင်မူ ဟယ်ရီတို့စုံတွဲကို ချားလ်စ်ဘုရင်က ပွဲတက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်းခဲ့သည်။ (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ် […]
[Unicode] နှစ်ဘဝမင်းသားဟု လူသိများသာ အိန္ဒိယတောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ ကာမိနီနီတို့သည် တောင်ပိုင်းရုပ်ရှင်လောက၏ သြဇာအလွှမ်းဆုံး စုံတွဲများတွင် ပါဝင်သည်။ ရမ်ချာရန်တို့စုံတွဲသည် ၂၀၁၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ရမ်ချာရန်မှာ အောင်မြင်သည့် ရုပ်ရှင်မင်းသားဖြစ်သကဲ့သို့ ဇနီးဖြစ်သူ ဥပသနာမှာလည်း Apollo ဆေးရုံ၏ ဒုတိယဥက္ကဌဖြစ်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင် အမျိူးသမီးဖြစ်သည်။ ((ရမ်ချာရန်၏ ကြွယ်ဝမှု)) ရမ်ချာရန်သည် အချမ်းသာဆုံး တောင်ပိုင်းမင်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ ကြွယ်ဝမှုမှာ ရူပီး ကုဋေ ၁၃၇၀ ခန့်ရှိကြောင်း ခန့်မှန်းကြသည်။ Magadheera, Dhruva နှင့် Rangasthalam တို့ကဲ့သို့ ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများစွာ တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အော်စကာဆုရ RRR တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာ့ရုပ်ရှင်နယ်အထိ ထိုးဖောက်နိုင်ခဲ့သူဖြစ်ပြီး […]
[Unicode] (မေဝယ်သာ ဘယ်သူလဲ)) ဖလွိုက် မေဝယ်သာ (မွေး ၁၉၇၇) သည် အမေရိကန်လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်၊ မီချီဂန်ပြည်နယ်တွင် မွေးဖွားကာ လက်ဝှေ့သမား အသိုင်းအဝန်းတွင် မွေးဖွားသူ ဖြစ်သည်။ ဖခင်နှင့် ဦးလေးတို့မှာ professional လက်ဝှေ့သမားများ ဖြစ်ကြသည်။ ၂၀၁၈ ခုနှစ်အတွင်း မေဝယ်သာသည် တစ်ကမ္ဘာလုံးတွင် ဝင်ငွေအကောင်းဆုံး အားကစားသမား ဖြစ်ခဲ့ပြီး သူ၏ အရပ်ရပ်ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈၅ သန်းရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။ မေဝယ်သာသည် လက်ဝှေ့ကစားသမားဘဝတလျှောက် ရှုံးပွဲမရှိခဲ့သူဖြစ်ပြီး သူ၏ ကစားသမားဘဝ ဖြတ်သန်းမှု မှာ ၁၉၉၆ မှ ၂၀၁၇ ခုနှစ်အထိ ဖြစ်ကာ ယင်းနောက်ပိုင်းတွင် လက်ဝှေ့လောကမှ အနားယူသွားသည်။ Sportico က ၂၀၂၁ ခုနှစ်၊ […]
[Unicode] အိမ်တစ်လုံးပိုင်ရန် အဆင့်ဆင့်ကြိုးစားရသည့်ခရီးမှာ ခက်ခဲနိုင်သည်။ သို့သော် အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း တစ်ခု ပေါ်ပေါက်နေသည်။ လန်ဒန်မြို့တော်တွင် နေအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၆၉၂၈၃၂ ဖြစ်ရာ အိမ်တစ်လုံး ပိုင်ဆိုင်ရေးမှာ အလှမ်းမမှီသည့် ပန်းတစ်ပွင့်သဖွယ် ဖြစ်နေသည်။ သို့သော် လန်ဒန်၏ မြောက်ဘက် ဘုရားကျောင်းမြို့ဟု လူသိများသော Carlisle သို့သွားလျှင် နေအိမ် ၇ လုံးကို လန်ဒန်မှာ နေအိမ်တစ်လုံးဈေးအောက် ထက်ဝက်မျှဖြင့် ဝယ်ယူရရှိနိုင်သည်။ ဈေးကွက်တင်မှတ်တမ်းအရ အဆိုပါအိမ်များသည် ခေတ်မီအဆင့်မြှင့်မွမ်းမံရန် လိုအပ်သောအိမ်များဖြစ် သည်ဟု ဖော်ပြသည်။ အိမ်အိုဟောင်းများ ပြုပြင်မွမ်းမံရန် ဝါသနာကြီးသူများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ဖြစ်သည်။ […]