(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၄ စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေအကြား တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ မကြာခင် နိုဝင်ဘာ ၇-၈-၉ ရက်တွေမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် သတင်းက တရုတ်နိုင်ငံအစိုးရနဲ့ စစ်ကောင်စီတို့ ဘယ်လောက်ထိ နီးစပ်လာတဲ့ အချက်ကိုနောက်ထပ် သက်သေပြလိုက်တဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အစိုးရကို ခေါင်းဆောင်သူအနေနဲ့ အာဏာသိမ်းပြီး ၃ နှစ်ခွဲကျော်ကာလ အတွင်း အာဆီယံ အထူးအစည်းအဝေး ကိုယ်တိုင်တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို တကြိမ်၊ လက်နက်နဲ့ စစ်ပညာ ကျွမ်းကျင်မှုတွေ လေ့ကျင့်သင်ကြားပေးတဲ့ ရုရှားနိုင်ငံကို တကြိမ်သာ သွားရောက်ခဲ့ဖူးပြီး တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးစဥ်ဟာ ရှားပါးတဲ့ ခရီးစဥ်တခုဖြစ်သလို မြန်မာနိုင်ငံရဲ့ […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေပါဝင်တဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒုတပ်ချုပ်စိုးဝင်းနဲ့ စစ်ဗိုလ်ချုပ်ကြီး ၂၀၀ ဦးကို ICJ မှ ဖမ်းဝရမ်း ထုတ်လိုက်ပြီ။ ပွဲသိမ်းပြီဟေ့” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စိုးဝင်းအပါအဝင် […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “တပ်ချုပ်အသစ် ကြေညာပြီ။ တပ်ချုပ်ရာထူးမှ ရာသက်ပန် နှုတ်ထွက်ပြီဟု မင်းအောင်လှိုင် ကမ္ဘာသိကြေညာလို့ လန့်ကုန်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ရာထူးက နုတ်ထွက်တယ်ဆိုတဲ့ […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင် ကိုယ်တိုင် အကုန်ဖွင့်ချပြီ။ NLD ထိပ်ပိုင်း ဝန်ကြီးတစ်ဦးကို ချက်ခြင်း လွှတ်ပြီး ရာထူးလွှဲပေးမယ်လို့ ဒဲ့ကြေညာ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စစ်ကောင်စီက NLD ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို လွတ်ပေးပြီး ရာထူးလွဲပေးမယ်ဆိုတဲ့ အကြောင်းအရာကို […]
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၄ ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်ပြည်နယ် မြောက်ပိုင်းတို့ကိုထိစပ်နေပြီး အနောက်ဘက်မှာတော့ မန္တလေးတိုင်း အရှေ့တောင်ဘက်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် (ယခင် ကယားပြည်နယ်) ထဲက ဒေသအချို့ဖြစ်တဲ့ လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ အခြားဒေသတွေမှာ ရှိတဲ့ ကယန်းလက်နက်ကိုင် အဖွဲ့တွေကို စုစည်းပြီး ကယန်းအမျိုးသားတပ်မတော် K.N.A ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကရင်နီပြည်မှာ လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက လက်နက်ကိုင် တပ်ဖွဲ့အဖြစ်ရှိခဲ့တဲ့ KNPP/KA ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကာ အသစ်ထပ်မံဖွဲ့စည်းခဲ့ကြတဲ့ […]
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၄ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းကနေ စစ်ကိုင်းတိုင်းကို ရွှေ့မယ့် BPLA ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ Bamar People’s Liberation Army – BPLA က မကြာခင် အညာဒေသမှာ အခြေချတော့မယ့် အကြောင်း BPLA ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း ဦးဆောင်နေသူ မောင်ဆောင်းခက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ အသိပေးလိုက်ပါတယ်။ BPLA ဟာ ၂၀၂၁ ခုနှစ် ဧပြီလ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီး နောက်တလအကြာမှာ PDF လို့အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်လောက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး စတင်ဖွဲ့စည်းစဥ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNU/KNLA မှာအခြေစိုက်ပြီး စစ်ပညာ […]
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ […]
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၄ ဗိုလ်ချုပ်သန်းရွှေ သမက်ဖြစ်သူကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၁၉၉၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို စစ်တပ်အင်အားကို အသုံးပြုပြီး အာဏာရှင်တယောက်အနေနဲ့ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဗိုလ်ချုပ်သန်းရွှေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး ခန့်အပ်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ရက်အနည်းငယ် အကြာမှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က သာမက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အီလက်ထရွန်းနစ် အက်ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒေါက်တာ နေစိုးမောင်ဟာ စစ်ဘက်ဆရာဝန်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ် […]
အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ တရုတ်သံတမန်တွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “မန္တလေး တရုတ်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုနဲ့ မင်းအောင်လှိုင်ကို ဖမ်းလိုက်ပြီဟု တရုတ်ကြေညာလို့ တကမ္ဘာလုံး ထခုန်နေကြကုန်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် မန္တလေး အိုးဘိုထောင် […]
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄ MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက် ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို […]