အောက်ပါ link မှ PDF File ကို download ရယူနိုင်ပါသည်။ The post ပါဠိအခြေခံသင်ခန်းစာ (တတိယနေ့) appeared first on DTC – Dhammatrainingcenter . Source link
ရွှေနွယ် စစ်ကောင်စီဟာ ရှမ်းမြောက်က မိုင်းရယ်မှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေကို ဖြည့်တင်းထားပြီး လက်ရှိမှာတော့ မိုင်းရယ်− လားရှိုး လမ်းပိုင်းကတဆင့် စွန့်လွှတ်ခဲ့ရတဲ့ လားရှိုးကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ မြေပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အခါ ကိုးကန့်တပ် MNDAA အနေနဲ့ မြို့ကနေ ဆုတ်ခွာပေးမှာလား၊ စစ်ဆိုင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါလား။ အပြည့်အစုံကို ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက်- ရွှေနွယ် The post ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) appeared first […]
မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်း ထွက်ပြေးလွတ်မြောက်နေသေးတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မြို့တွင်း မြို့ပြင် နေရာအားလုံးကို လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြို့ထဲမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတုန်း။ တိုက်ပွဲမှာ ထွက်ပြေးနေတဲ့ သူတွေကို လိုက်ဖမ်းနေတယ်။ ဒီကနေ့ လိုက်ဖမ်းတာ ၁၀ ယောက်လောက် ဖမ်းဆီးရမိတယ်လို့ကြားတယ်။ သေးစိတ်တော့ ပြောဖို့ခက်သေးတယ်။ စစ်သားတွေက တရုတ်ပြည် နယ်စပ်ဘက်ခြမ်းမှာ ထွက်ပြေးနေကြတယ်။ တရုတ်ပြည်ဘက်လည်း လမ်းတွေ ပိတ်လိုက်ပြီဆိုတော့ နယ်စပ်တစ်လျှောက်မှာ ရှိနေကြတယ် ထင်သားပဲ။ KIA က ရှင်းလင်းရေးလုပ်နေသေးတော့ သေနတ်ဖောက်သံတွေကြားနေရသေးတယ်”လို့ကန်ပိုင်တည်ဒေသခံတစ်ဦး ပြောပါတယ်။ ကန်ပိုင်မြို့တစ်ခုလုံးကို KIA သိမ်းလိုက်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာပဲ ရက်ပိုင်းအတွင်း တရုတ်အစိုးရက ပြန်လည်ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်ကိုလည်း တရုတ်ဘက်ခြမ်းက ထပ်မံပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် တိုက်ပွဲအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ နယ်စပ်တစ်ကြောမှာ ရှိနေကြပြီးတော့ KIA တပ်တွေ လိုက်လံပစ်ခတ်ရှင်းလင်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ KIA တပ်တွေက မြို့တွင်း မြို့ပြင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အပြင် အစိုးရရုံတစ်ချို့ကိုလည်း ချိတ်ပိတ်လိုက်ပြီးတော့ နယ်စပ်ဂိတ်အဝင်တွေမှာ ကချင်အမျိုးသားအလံ စိုက်ထူတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် လုံခြုံအရေးအတွက် စိုးရိမ်ရသေးတာကြောင့် ဒေသခံပြည်သူအားလုံးက နီစပ်ရာ နယ်စပ်ဒေသတွေမှာ တိမ်းရှောင်နေကြသေးတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “KIA ကလည်း နယ်မြေရှင်းလင်းရေးတွေ လုပ်နေသေးတော့ အထဲကို ဝင်ဖို့ မပြောကြသေးဘူး။ ပြည်သူတွေ စိုးရိမ်နေကြတာက လေယာဉ်လာပစ်မှာပဲ ကြောက်နေကြတယ်။ အဲကြောင့် ဘယ်သူမှလည်း မဝင်ရဲကြသေးဘူး။ ကိုယ်တိမ်းရှောင်နေတဲ့ နေရာမှာပဲ ရှိနေကြသေးတယ်”လို့ပြောပါတယ်။ ကန်ပိုင်တည်ဒေသခံ ပြည်သူတွေအနေနဲ့လည်း မြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုထားပါတယ်။ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ကန်ပိုင်တည်နယ်စပ်ဂိတ်ကိုလည်း တရုတ်အစိုးက ပိတ်ထားပြီးတော့ ကန်ပိုင်တည်ဘက်ခြမ်းမှာလည်း အဝင်အထွက်ဂိတ်ပိတ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနား – ဝိုင်းမော်မြို့ နှစ်ခုကို သွားလာတဲ့ ဗလမင်းထင်တံတားကြီးကိုလည်း စစ်ကောင်စီတပ်တွေ ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်ကျင်ကနေ သွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဗလမင်းထင်တံတား သွားလာခွင့်ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်လိုက်တာကြောင့် သွားလာရေးကန့်သတ်တဲ့အနေနဲ့ ပိတ်ထားတာလို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေ ပြောဆိုနေကြသလို တစ်ချို့ပြည်သူတွေကတော့ စစ်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြစ်ကြီးနားမြို့ကို လာမယ်လို့ သတင်းတွေထွက်နေတာကြောင့် ယာယီပိတ်ထားတာလည်းဖြစ်နိုင်လို့ သုံသပ်ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ကန်ပိုင်တည်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA က လိုက်လံဖမ်းဆီးရှင်းလင်း appeared first on Kachin News Group (KNG). Source link
စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား ဆွေးနွေးဖွယ်ရှိကြောင်း ပေါက်ကြားလာသည့်မှတ်တမ်းများအ ရသိရသည်။ ထိုအထဲတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်လည်း ပါဝင်သည်။ […]
ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုင်တည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ခြင်းကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံချီကုန်သွယ်သည့် တရုတ်−မြန်မာနယ် စပ်ကုန်သွယ်ရေးစခန်းအားလုံးနီးပါးကို တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်သည်။ မိုင်ပေါင်း ၁,၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်−မြန်မာနယ်စပ်တွင် ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးစခန်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရှိ ချင်းရွှေဟော်မြို့ကုန်သွယ်ရေးစခန်း၊ ကချင်ပြည်နယ်မြို့များရှိ လွယ်ဂျယ်၊ ကန်ပိုင်တည် ကုန်သွယ်ရေးစခန်းများနှင့် ရှမ်းပြည်နယ်အရှေ့ဖက်စွန်းစွန်းတွင်တည်ရှိသော ကျိုင်းတုံ-မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းကြီး ၅ ခုမှ နှစ်နိုင်ငံ ကုန်သွယ်နေခြင်းဖြစ်သည်။ အောက်တိုဘာလမှစ၍ ကန်ပိုင်တည်မြို့ကို KIA က အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်၊ ယခုအခါ မြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အဦများ၊ ရဲစခန်းနှင့် စစ်ကောင်စီ၏ စစ်စခန်းအားလုံးကို သိမ်းပိုက်ကာ မြို့ကိုအပြည့်အဝ ထိန်းချုပ်ထားသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်တစ်ခုက Myanmar Now […]
ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲကို နို၀င်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံထုတ်ကုန်များပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲတွင် မြန်မာ – ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိသည့် စားသောက်ကုန်များအပြင် ဖိနပ်မှစ၍ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ထိုအပြင် ပြပွဲတွင် မြန်မာ့ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့်အိမ်သုံးပစ္စည်းများအပြင် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်သည့် သင်တန်းကျောင်းများ၊ Cloud Computing နှင့် ပတ်သက်သည့် Software […]
နိုဝင်ဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကိုးဒစ်ခြောက်အိမ်စု ကျေးရွာအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျေးရွာဘုန်းကြီးကျောင်း တောင်ကုန်းအနီးမှ အမ်(၁၆) -၁ လက်ကျည်အိမ် -၂ ခုကျည် -၂၀ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Source link
RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ ခြုံခိုတိုက်ခိုက်ခံရသော အင်အား ၄၀ ခန့်ရှိစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံ တပ်များနှင့် […]
KIA နှင့် PDF များကို ချေမှုန်းမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီဩဇာခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်အုပ်ချုပ်သည့် ကန်ပိုက်တည်မြို့ကို KIA က ယနေ့သိမ်းပိုက်လိုက်သည်။ Source link
တရုတ်-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလဆန်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang နှင့် သီးခြားတွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြောကြားခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အမြဲထောက်ခံ အားပေးနေကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း […]