ylliX - Online Advertising Network

စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက်  တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။  PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် […]

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ငါန်းမြာကြီးမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင် – Myanmar Now

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက  လေကြောင်းပစ်ကူအား ယူပြီး  ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် စစ်ကြောင်း နှစ်ကြောင်းက ငါန်းမြာကြီးမြို့ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်း၊ ငါးမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံ လမ်းများမှ  ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တံတာဦး-ဆီးမီးခုံလမ်းဘေးရှိ ဆုံရွာတွင် တပ်စွဲထားသည့် အင်အားရာနှင့်ချီပါဝင်သော လက်နက်ကိုင်မိျားက ငါန်းမြာကြီးမြို့ကို စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၄ တွင်   တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။ “စစ်တပ်ကတော့ ကျွန်တော်တို့ ငါန်းမြာကြီးကို  ဒီနေ့ထိတော့ သိမ်းလို့ မရသေးပါဘူး၊ ကျွန်တော်တို့ လက်ထဲမှာပါပဲ။ စစ်ကြောင်းတွေကတော့ […]

အလောင်းကောက် ၊အလောင်းဖျောက် စစ်နည်းဗျူဟာကျင့်သုံးနေတဲ့ရန်သူ

ရန်သူက သူ့ရဲ့ထိခိုက်ကျဆုံးမှုတွေ လူမှုကွန်ရက်ပေါ်မရောက်ရှိစေရေးတိုက်ပွဲတွေမှာ သေဆုံးအလောင်းတွေကိုမရရအောင်ပြန်လည်ဆွဲယူမှုကိုအရေးကြီးစစ်နည်းဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးနေပါတယ်။အလောင်း၊ လက်နက်တွေအများကြီးကျန်ခဲ့ပြီဆိုရင် အလောင်းပြန်မသယ်နိုင်လောက်အောင်ထိခိုက်ကျဆုံးများတယ်ဆိုတာ သေခြာပါတယ်။အလောင်းပုံတွေတပ်မတော်ကတရားဝင်သတင်းမထုတ်ပြန်ပေမဲ့ Telegram Channel တွေမှာတော့ ရန်သူအလောင်းပုံတွေအများကြီး၊ အများကြီးမြင်တွေ့နေရပါတယ် Source link

ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့် – Western News

(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ) ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။ အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ” စစ်တွေမှာက MPT ဖုန်းလိုင်းကတော့ ရနေသေးတယ်။ Mytel […]

စစ်ကောင်စီက သေနတ်ပေးကိုင်ထားသည့် ပုဂံငဆော် သန်းခေါင်စာရင်းလိုက်ကောက်နေစဉ် ပစ်ခတ် ခံရပြီး သေဆုံး – Ayeyarwaddy Times

စစ်ကောင်စီက သေနတ်ပေးကိုင်ထားသည့် ပုဂံငဆော် သန်းခေါင်စာရင်းလိုက်ကောက်နေစဉ် ပစ်ခတ် ခံရပြီး သေဆုံး – Ayeyarwaddy Times Source link

ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ်စခန်းကို KIA သိမ်း – Myanmar Now

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ပန်ဝါမြို့နယ်ခွဲအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကို တော်လှန်ရေးအင်အားစုက ယနေ့ (အောက်တိုဘာ ၁၅ ရက်) မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့်၊ ဒေသခံတို့က လုပီဟု ခေါ်ကြသည့်နယ်ခြားစောင့်စခန်း ဌာနချုပ်ကို  အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လုပီဆိုတဲ့ စခန်းကို ခုနကပဲ တစ်နာရီဝန်းကျင်လောက်မှာပဲ ကျွန်တော်တို့သိမ်းပိုက်လို့ရပါပြီ”  ဟု  KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။ အဆိုပါ စခန်း၏ ကာကင်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ  လက်နက်ခဲယမ်းနှင့် သုံ့ပန်း မည်မျှ […]

ဘုတလင်တွင် အထိနာသွားသည့်တပ်က အရပ်သား ၁၄ ဦးကို သတ်ဖြတ် – Myanmar Now

ယခုလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတင်မြို့နယ်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။  လဆန်းပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဘုတလင်မြို့ပေါ် ရပ်ကွက်များ၊ မြို့အနီးရှိ ကျေးရွာများကို ဆက်တိုက်စီးနင်းစဉ် ထိုသို့ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  စီးနင်းစဉ်အတွင်း ဘုတလင်မြို့ပေါ် တွင် ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခံရသလို မြို့နှင့်ကပ်လျက်ကျေးရွာများဖြစ်သော မြောက်ကြည်ရွာတွင် အရပ်သား ၇ ဦး၊ တက်လှိုင်းရွာတွင် အရပ်သား ၁ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။ ထိုစစ်ကြောင်းမှ စစ်သားများက အောက်တိုဘာ ၁၂ […]

ပုသိမ်-မုံရွာလမ်းတစ်နေရာကို PDF မိုင်းခွဲ –  PCT NEWS HOMEPAGE

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ်ရှိ ပုသိမ် မုံရွာလမ်းမ မဲဇလီစခန်း မြောက်ဘက် တမိုင်ခန့်အကွာ ထနောင်းရိပ်ထမင်းဆိုင်မြောက်ဘက် ကားလမ်းတစ်နေရာအား PDF အကြမ်းဖက်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ PDF အကြမ်းဖက်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် အနက် ၂ ပေခန့်ရှိ ကတ္တရာလမ်း ချိုင့်ကျင်းဖြစ်သွားခဲ့သည့်အတွက် ခရီးသွားကားများ ကုန်တင်နှင့် လူစီးကားများမှ ဘေးမြေသားလမ်းမှနေ၍ ကွေ့ပတ်သွားလာနေကြရကြောင်း သိရသည်။ ထိုသို မိုင်းခွဲဖျက်ဆီးမှုမှာ စစ်ကြောင်း စစ်ကူအလွယ်တကူမလာနိုင်စေရန် လမ်းဖျက်အား ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှပြောသည်။ Related Source link

MNDAA ရဲ့ အနိုင်ကျင့်သမျှခံနေရတဲ့ KIA –  PCT NEWS HOMEPAGE

MNDAA ကတော့ KIA ကို လုပ်လို့ရပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အကြိမ်ကြိမ်စော်ကားပြပြီး စိန်ခေါ်နေပြီ…အခုလည်း မုံးစီးခရိုင်၊ မုံးထမ်ကျေးရွာမှာရှိတဲ့ KIA စခန်းကိုတစ်ခုကို ဖြုတ်သိမ်းပြောင်းရွှေ့ပေးဖို့ MNDAA က ထပ်မံသတိပေးခြိမ်းခြောက်လာတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်… KIA အနေနဲ့ ဒီလိုမျိုးအကြိမ်ကြိမ်စော်ကားနေတဲ့ MNDAA ကို မှတ်လောက်သားလောက်ဖြစ်သွားအောင် ပြန်ပြီးတုံ့ပြန်ဖို့ လိုနေပြီနော်…အဲဒီလိုမှ မတုံ့ပြန်ဘူးဆိုရင်တော့ ရှေ့လျှောက်လည်း MNDAA အနိုင်ကျင့်စော်ကားသမျှကို ခံနေရဦးမှာဖြစ်ပါတယ်… Related Source link

လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု – Kachin News Group (KNG)

တိုက်ပွဲ ၅ ရက်အကြာ ပြင်းထန်ခဲ့တဲ့ ချီဖွေ – ပန်ဝါလမ်းပေါ်က လုပီ(ဒေသအခေါ်) လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို KIA တပ် အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုပါတယ်။ လုပီပြည်သူ့စစ်တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ နေ့လည် ၁ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ “လုပီတပ် သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး လောလောဆယ်အထိ သိမ်းပိုက်လိုက်ပြီ လို့ အဲလောက်အထိပဲ သတင်းရသေးတယ်။ အပြီးသတ် သိမ်းနိုင်တာက ၁၂ နာရီခွဲ ၁ နာရီလောက်မှာ သိမ်းလိုက်တာလို့ ကြားတယ်။ ဘယ်လို ပုံစံနဲ့ သိမ်းလိုက်တဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ KIA တပ်တွေဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းလောက်ကနေ လုပီတပ်ရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီးတော့ တပ်ရင်းထဲမှာရှိတဲ့ ကာကင်းစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီးတော့ ဒီကနေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA တပ်တွေ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ တပ်ရင်းလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ ခုခံကာကွယ်ပေးခဲ့ပေမယ့် လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ လုပီ နယ်ခြားစောင့်တပ်ရင်းဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို အဓိက ကာကွယ်ပေးနေတဲ့ ရှေတန်းတပ်ရင်းအကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီ ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဟာ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီးတော့  စစ်အင်အား တပ်ရင်းတစ်ခုစာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ တပ်ရင်းတစ်ခုလုံးသိမ်းပိုက်မှုအပြီး KIA တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီးတော့ ကချင်အလံစိုက်ထူလိုက်ပြီလို့လည်း သိရပါတယ်။ ပန်ဝါမြို့နဲ့ အနီးဆုံး ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လုပီနယ်ခြားစောင့်တပ်ကို KIA သိမ်းပိုက်ပြီဖြစ်တာကြောင့် ပန်ဝါမြို့အထိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်နေရာတွေနဲ့ ပန်ဝါဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။ လက်ရှိ အဲ့ဒီဒေသမှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် ဖုန်းအင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေနဲ့ အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချီဖွေနဲ့ ဆော့လော် မြို့ နှစ်ခုကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး တပြိုင်နက် လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကချင်နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောဆိုချက်အရ KIA တပ်တွေဟာ အခုလအတွင်းမှာပဲ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လာနိုင်လို့လည်း သုံးသပ်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု appeared first on Kachin News Group (KNG). Source link