ဓါတ်ပုံများကို သွေးလန့်သူများနှင့် နှလုံးရောဂါရှိသူများ မကြည့်ရန်https://t.me/TheWesternNews/15177 စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ အရပ်သား ပြည်သူ ၆ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်လိုက်ပြီး ခြေလက် အင်္ဂါများကို ခြံစည်းရိုးများတွင် ချိတ်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အရပ်သား ၆ဦး၏ ကိုယ်လက် အင်္ဂါများကို ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ထား ဖြစ်ကြောင်းး ဒေသခံများ ကပြောဆိုသည်။ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းနောက်ပိုင်းတွင် အောက်တိုဘာလ […]
အမ်းမှာ အကြမ်းဖက် AA ဒရုန်းတစီး တပ်မတော်မှ ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ Related Posted in တိုက်ပွဲသတင်း, သတင်း Source link
အောက်တိုဘာ ၁၉ ရက်နေ့ ရခိုင်ပြည်နယ်၊ မောင်တောရှိ နခခ(၅)ဘက်မှာ ရန်သူ့လက်နက် ၄ လက် ထပ်မံရရှိတယ်လို့ သိရပါတယ် –(၁) သေနတ်မျိုးစုံ ၄ လက် […] Source link
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက် ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ လေဖိအားနည်းဆဲလ်သည် ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတိုတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၂၁ ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုသို ရောက်ရှိလာမှုကြောင့် ယနေ့ အောက်တို ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေ ပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ […]
မြေပြင်အနေအထားအရတော့ သပိတ်ကျင်းနဲ့ မတ္တရာဘက်မှာ တည်ငြိမ်အေးချမ်းဖို့အတွက် နယ်မြေစတင် ရှင်းလင်းနေပြီလို့ သိရှိရပါတယ်။ အောက်တိုဘာ ၁၈ ရက် (မနေ့)မနက် ၁၀ နာရီခန့်က သပိတ်ကျင်းမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတဲ့ […] Source link
အောက်တိုဘာ ၁၈ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်ကျော်အချိန်ခန့်က အမျိုးသား ၂ ဦး လ္ဘက်ရည်ထိုင်သောက်နေစဉ် ၃၆×၅၈ လမ်းထောင့်ဘက်မှ အမည်မသိအမျိုးသား ၁ […] Source link
ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီကမနေ့ ၆ နာရီနဲ့ ၈ နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်”လို့ပြောပါတယ်။ ပန်ဝါတိုက်ပွဲမှာ မနေ့က ၅ နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး ၆ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။ ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်) ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။ တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။ KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု appeared first on Kachin News Group (KNG). Source link
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခု နောက်ဆုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများ တိမ်းရှောင်သွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။ “သီပေါက တပ်တွေ ကျပြီးတဲ့နောက် တောင်းခမ်းဘက် လှည့်မယ်ဆိုတာ စစ်ကောင်စီကလည်း သိတယ်။ သူတို့လည်း ပြင်ဦးလွင်ဘက်ကကော၊ ရပ်စောက်ဘက်ကကော ရသမျှ အင်အား ဖြည့်နေတာပဲ။ လေကြောင်းကနေလည်း ဗုံးကြဲတယ်၊ လက်နက် ရိက္ခာ […]
ထိုင်းနိုင်ငံထဲတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထိန်းသိမ်းကာ နေရပ်ပြန်ပို့သည့် မြန်မာရွှေပြောင်းအလုပ်သမားများကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းတောင်ပိုင်းခရိုင် ၁၄ ခုတွင် ခိုးဝင်လာသူ၊ နေထိုင်ခွင့်သက်တမ်းကုန်သူ၊ အထောက်အထားမရှိသူနှင့် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများကို နေရပ်ပြန်ရန် ထိုင်းနိုင်ငံ၊ ရနောင်းမြို့အချုပ်မှ ကော့သောင်းမြို့ကို နှစ်နိုင်ငံညှိနှိုင်းကာ ပို့ဆောင်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ နေရပ်ပြန်ပို့ခံရသူများကို ကော့သောင်းဘက်အခြမ်းတွင် စစ်ကောင်စီက ပြန်လက်ခံပြီးနောက် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၃၄၂ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၂၆၂ တပ်သို့ ခေါ်ဆောင်သွားကာ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီသောအသက်အပိုင်းအခြား ရှိမရှိ စစ်ဆေးသည်ဟု ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ စစ်မှုထမ်းအသက်နှင့် အကျုံးဝင်သည့် အထက်ပါရွှေ့ပြောင်းအလုပ်သမားများကို […]
အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲသို့ နစကဥက္ကဌနှင့် ဇနီးတက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်ဟု သိရသည်။ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ကျင်းပသည့် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး) (ဂီတာ) အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ” (ကြိုး) သီချင်းအား သီချင်း၏ရသပေါ်လွင်စေပြီး နားဆင်သူများ နားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း […]