ylliX - Online Advertising Network

ဗီယက်နမ်နိုင်ငံက တောင်ပေါ်တိုင်းရင်းသားကျေးရွာလေး Cat Cat Village in Sapa, Vietnam

ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းရှိ တောင်ပေါ်မြို့လေး ဆားပါးက ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ၊ ထူးခြားတဲ့ ရိုးရာဓလေ့တွေ၊ တိုင်းရင်းသားကျေးရွာတွေကြောင့် နာမည်ကျော်ပါတယ်။ ဆားပါးရှိ တိုင်းရင်းသားကျေးရွာတွေအနက် အလှဆုံးကတော့ ကတ်ကတ်ကျေးရွာ (Cat Cat Village) ပဲဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့တောတောင်တွေ၊ လှေကားထစ်စိုက်ခင်းတွေနဲ့ တိမ်ပင်လယ်တွေကြားတည်ရှိလို့ ဆားပါးသွားလည်သူတိုင်း အရောက်သွားသင့်တဲ့ ကျေးရွာလေးပါ။ တောင်ပေါ်ကျေးရွာဖြစ်တဲ့အလျှောက် တစ်နှစ်ပတ်လုံး အေးမြနေလို့ ဘယ်ရာသီမဆို သွားလာရ အဆင်ပြေပါတယ်။ ၂၀ ရာစုအစောပိုင်းက ပြင်သစ်လူမျိုးတွေက ဒီကျေးရွာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ရှုခင်းသာယာလွန်းလို့ အပန်းဖြေနေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရွာမှရှိတဲ့ CatScat ရေတံခွန်နာမည်ကို အမှီပြုပြီး Cat Cat ကျေးရွာလို့ အမည်မှည့်ခေါ်ခဲ့ကြတာပါ။ ကတ်ကတ်ရွာမှာ ဆားပါးရှိ တိုင်းရင်းသားတွေအနက် လူဦးရေအများဆုံးဖြစ်တဲ့ မှုန်တိုင်းရင်းသားလူမျိုးတွေနေထိုင်ပါတယ်။ ရွာသူရွာသားတွေအနေနဲ့ လှေကားထစ်စိုက်ခင်းတွေမှာ စပါးစိုက်ကြသလို ချည်ထည်နဲ့ ဘရိုကိတ်စတွေလို […]