ylliX - Online Advertising Network

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – တရုတ်ဥပဓိ

(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၂၄ စစ်ဥထမ်းဖို့ အိမ်ထဲ ဝင်ဆွဲတဲ့အဆင့် ဆိုတော့ စစ်ရေး ဘယ်လောက်ရှုံးနိမ့်နေပြီလဲ ဆိုတာ တွက်ကြည့်စရာတောင် မလိုတော့။  အညာကလဲ မညှာတော့ဘူး။ ဘုတလင်မှာ စစ်ကြောင်းလိုက် ဖြုတ်တာနဲ့။ မြင်းခြံနယ်က ကျောက်ကန်ပျူတရွာလုံးဝင်စီးတာနဲ့။ သပိတ်ကျင်း၊ စဉ့်ကူး၊ ဒီပဲယင်း မြို့သိမ်းတာနဲ့။ ဌာနချုပ်ကို အမြှောက်နဲ့ ထုတာနဲ့။ အလင်းဝင်တာနဲ့။ ပင်လည်ဘူးမှာ လက်နက်ချတာနဲ့။  ပြောနေ ဆိုနေတုန်းကို အမ်းကို အမ်းတော့မှာနဲ့။ အနောက်ပိုင်းတခုလုံး အမ်းခံရတော့မှာ ဖြစ်သလို မြောက်ပိုင်းလည်း ဘန်းခံရတော့မယ့်‌အခြေ။ ရှမ်းမြောက်မှာလည်း လမ်းပျောက်။ လမ်းပျောက်ရုံမက လမ်းပါ မလျှောက်နိုင်တော့လို့ တရုတ် ချိုင်းထောက်နဲ့ ထော့နင်းထော့နင်းသွားနေရ။ တောင်ပိုင်းလည်း ရောင်ကိုင်း။ ကရင့်ဒုတ်ချက်နဲ့ ပြုတ်ထုတ်သွားတဲ့ စခန်းတွေ များပြီ။ မြိတ်၊ […]

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ဆွေမျိုးပေါက်ဖော်ဖြစ်ဖို့ဆိုရင်

(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄ စစ်တပ် သက်ဆိုးရှည်တာဟာ တရုတ်ကြောင့်ပါပဲ။ သူသာ ယူအန်မှာ ဗီတိုသုံး မကာကွယ်ခဲ့၊ ထောက်ပံ့ကူညီတာတွေ မလုပ်ခဲ့၊ စစ်အုပ်စုနဲ့ စီမံကိန်းတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီစစ်အုပ်စု အာဏာလုတာတွေ ရပ်သွားတာ ကြာပါပြီ။ ဆရာကြီးတင်မိုး ဖွဲ့သလို စစ်အားမကောင်းလို့ ဂျစ်ကားတောင် မမောင်းနိုင်တာ ကြာရောပေါ့။ ခုတခါ အာဏာလုမှုမှာလဲ လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ လေယာဉ်ဆီတွေ နည်းပညာတွေ မပံ့ပိုးခဲ့ဘူးဆိုရင် ငုတ်ပျောက်တော့မယ့်အချိန် ရောက်ပါပြီ။ မြန်မာပြည်လဲ စစ်တပ်က ပေးတဲ့ ဘေးဒုက္ခဆိုးတွေ ခံစားနေစရာမရှိတော့သလို တရုတ်နဲ့လဲ ဆွေမျိုးပေါက်ဖော် ဖြစ်နေကြရောပေါ့။ ဘာလို့ ဒီလိုမျိုး တရုတ်က စစ်အုပ်စုဘက်သားလုံးလုံး ဖြစ်လာသလဲဆို တချိန်က တရုတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ပံ့ပိုးပြီး နေဝင်း စန်းယု […]