ylliX - Online Advertising Network

ပစ္စည်းလွှဲပြောင်းရေး ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ – iMyanmarHouse.com

ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒမ-၅၃(က)အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်တစ်စောင်ကို အသုံးပြုခွင့်မရှိပေ။ မြေကွက်အား လွှဲပြောင်းရောင်းချရာတွင်လဲ လက်ရောက်ပေးအပ်ခြင်းဖြင့် အရောင်းအဝယ်အထမမြောက်သေးပါ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၅၄ အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှုပြုရမည်ဖြစ်ပါသည်။ ပစ္စည်းအား ရောင်းသူဝယ်သူ အမှန်တကယ်လွှဲပြောင်းရောင်းချခြင်းပြုကြောင်း ဝန်ခံကြလျှင်လဲ ပစ္စည်းလွှဲပြောင်းခြင်းမှာ အတည်မဖြစ်ပါ။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ(၃)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းမှာ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိတရားရုံးတွင် မဖြစ်မနေ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၇ အရ ပဋိဉာဉ်ပြုနိုင်သော အရည်အချင်းရှိသူသည့် ပစ္စည်းလွှဲပြောင်းမှု ပြုရာ၌ ခံစားခွင့်ရှိပြီး ပစ္စည်းအားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ လွှဲပြောင်းလက်ခံနိုင်ရန် တည်ဆဲဥပဒေ၏ ခွင့်ပြုနည်းလမ်းများအတိုင်း ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ – ၈ အရ ပစ္စည်းလွှဲပြောင်းခြင်းတစ်ရပ်သည် ဥပဒေနှင့်အညီ လွှဲအပ်ပြီး ပါကမြေဖြစ်လျှင် မြေနှင့်တစ်ဆက်တစပ်တည်း […]

အံ့ချီးလောက်စရာ ပြုံးနေတဲ့မျက်နှာရုပ်ထုနှစ်ရာ ထုဆစ်ပုံဖော်ထားတဲ့ ကမ္ဘောဒီယားနိုင်ငံ ခမာမြို့ဟောင်း အန်ခေါသုန်းအတွင်းက ဘေယွန်ဘုရားကျောင်း – iMyanmarHouse.com

ကမ္ဘောဒီယားနိုင်ငံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောဝပ် ဘုရားကျောင်းတည်ရှိရာ နိုင်ငံဟု လူသိများကြပါတယ်။ ကမ္ဘောဒီယားနိုင်ငံရဲ့မြို့တော်ဟာ ဖနွမ်းပင်မြို့ဖြစ်ပေမယ့်လည်း ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးနေရာကတော့ Krong Siem Reap မြို့မှာရှိတဲ့ ရှေးဟောင်းအန်ကောဝပ် ဘုရားကျောင်းပါပဲ။ အန်ကောဝပ်ဘုရားကျောင်းနဲ့ ဆက်စပ်တည်ရှိပြီး စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းဗိသုကာလက်ရာများနဲ့ ခရီးသွားများကို ဆွဲဆောင်တဲ့နေရာကတော့ ပြုံးနေတဲ့မျက်နှာရုပ်ထု ၂၀၀‌ ကျော် ထုဆစ်ပုံဖော်ထားတဲ့ အန်ခေါသုန်း အတွင်းက ဘေယွန်ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ဘေယွန်ဘုရားကျောင်းဟာ ၁၂ ရာစုနှစ်နောက်ပိုင်းမှာ တည်ဆောက်ခဲ့ပြီး အရပ်မျက်နှာအစုံကို မျက်နှာမူနေသယောင် ပြုံးနေတဲ့မျက်နှာပေါင်း ၂၀၀ အထိ ထုလုပ်ထားပါတယ်။ ဒီပြုံးနေတဲ့မျက်နှာရဲ့နောက်ကွယ်က သမိုင်းကြောင်းများစွာရှိပေမယ့် ခမာလူမျိုးအများစု ယုံကြည်ကြတဲ့ သမိုင်းကြောင်းတစ်ခုကတော့ ဘေယွန်ဘုရားကျောင်းဆီက အပြုံးမျက်နှာများဟာ ဘုရားကျောင်းတည်ထောင်သူ Jayavarman VII ဘုရင်ရဲ့ ပြုံးနေတဲ့မျက်နှာဖြစ်ပြီး အရပ်မျက်နှာအစုံကို သူ့အာဏာစက်လွှမ်းမိုးစေရန်ဆိုတဲ့ […]

ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး – iMyanmarHouse.com

[Unicode] Iron Maiden သည် ရော့ခ်ဂီတ၏ လူကြိုက်အများဆုံးနှင့် အောင်မြင်မှုအရဆုံးအဖွဲ့များတွင် ရှေ့ဆုံးမှ ပါဝင်သော အဖွဲ့တစ်ခု ဖြစ်သည်။ Iron Maiden ဟဲဗီးမက်တယ်အဖွဲ့ကြီးကို အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ၁၉၇၃ ခုနှစ်၌ ဘေ့စ်ဂစ်တာသမား Steve Harris က စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးစတင်ခဲ့ချိန်က ရှေ့ထွက်အဆိုတော်မှာ ပေါလ် ဒီအန်နို (Paul Di’Anno) ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် အဆိုတော် ပေါလ် ဒီအန်နို ထုတ်ပယ်ခံရကာ Bruce Dickinson က အစားထိုး ဝင်ရောက် လာသည်။ Iron Maiden အဖွဲ့ကြီးသည် ဂီတလောကဖြတ်သန်းမှုတလျှောက် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၃၀ ကျော် ရောင်းချထားရပြီး ဖြစ်ရာ Metallica ထက်ပင် […]

စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိတ် အိမ်ပြောင်းသွား – iMyanmarHouse.com

[Unicode] စင်္ကာပူတွင် အိမ်ရှင်အား အိမ်လခအကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် Yishun ရှိ အခန်းမှ တိတ်တဆိတ် ပြောင်းရွှေ့သွားကြသည်။ Shin Min Daily News သတင်းဌာနသို့ အိမ်ရှင်ကပြောသည်မှာ သူ၏ အိမ်ငှားများသည် အိပ်ခန်း ၂ ခန်းပါ ကွန်ဒိုခန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂ နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ကြောင်း ပြောသည်။ အစပိုင်းတွင်မူ အိမ်လခ စင်္ကာပူဒေါ်လာ ၄၃၀၀ ကို မှန်မှန်ပေးနေသည်။ ထိုအခန်းတွင် ၃ လခန့် နေထိုင်ပြီးနောက် အိမ်ငှားမိသားစုမှာ အိမ်လခဈေးများမှုကို စတင်ခံစားလာရသည်။ ယင်းနောက် အိမ်ရှင်အား အိမ်လခ ပမာဏအမျိုးမျိုး ပြောင်းလဲပေးနေခဲ့သည်။ အိမ်လခကို သတ်မှတ်ပမာဏအောက် လျှော့ကာပေးလာသည့်အခါတိုင်း အကြောင်းပြချက်အမျိုးမျိုး ပေးလေ့ရှိကြောင်း […]

ကမ္ဘောဒီးယားက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာမဲ့ လည်ပတ်ခွင့်ပေးလာ – iMyanmarHouse.com

ကမ္ဘောဒီးယားသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ မှ စတင်ပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာလွတ် ခရီးသွားလာခွင့် ပေးအပ်လာသည်။ ယခုခြေလှမ်းက ဒေသတွင်း ဆက်သွယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ ကမ္ဘောဒီးယား၏ ပေါကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အံ့မခန်း ရှုခင်းအခင်းအကျင်းများနှင့် သမိုင်းဝင်နေရာများကို စူးစမ်းလေ့လာနိုင်ရန် အတွက် လည်ပတ်မည့်သူများ ပိုမိုဖိတ်ခေါ်နိုင်စေမည်လည်း ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားသည် ခမာ အင်ပါယာနှင့် အန်ကောဝပ်ကျောင်းတော် တို့ဖြင့် ထင်ရှားသည်။ ((ကမ္ဘာလှည့်ခရီးသွားများကြား ကျော်ကြားလာနေ)) ၂၀၂၄ ခုနှစ် ပထမ ၈ လတာအတွင်း ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ […]

လေ့လာစရာ အိမ်ခြံမြေဥပဒေတစ်ခွင် – iMyanmarHouse.com

[Unicode] မေတ္တာဖြင့်ပေးကမ်းတဲ့ပစ္စည်း (အိမ်နှင့်ခြံ) ကို လက်ဝယ်ရရှိမထားရင် တရားဝင်မှု ရှိ/မရှိ ဆိုတဲ့မေးခွန်းအပါအဝင် ဗဟုသုတဖြစ်ဖွယ် အိမ်ခြံမြေ အမေးအဖြေသုံးခုကို ဒီတစ်ပတ်ပိတ်ရက်မှာ ဖြေကြားပေးထားပါတယ်။   မေးခွန်း (၁) – မြေနှင့် အဆောက်အဦကို နှစ်ရှည်ငှားရမ်းခြင်းအား တရားဝင်ခိုင်မာမှုရှိစေရန် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။ အိမ်ခြံမြေများအား နှစ်ရှည်ငှားရမ်းခြင်းပြုလိုပါက တရားဝင်မှုဖြစ်ရင် မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆိုရန် လိုအပ်ပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ) အရ (၁)နှစ်ထက် ကျော်လွန်၍ ငှားရမ်းမှုများ၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်းများ၊ နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များအား မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ကြောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၇(ဂ)အရ (၁)နှစ်ထိသာ ငှားရမ်းခြင်းစာချုပ်များမှာ မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထို့ပြင် နှစ်ရှည်အများဆုံး ငှားရမ်းကြသည့် စက်ရုံ၊ အလုပ်ရုံ၊ ကွန်ဒိုများတွင် […]

ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ – iMyanmarHouse.com

[Unicode] ပတ်တီးကိုင်ရာတွင် နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေ လူကြီးမင်းတို့ ဆေးသုတ်လုပ်ငန်းများတွင် မပါမဖြစ်အသုံးပြုရမည့် အဆင့်ဖြစ်သည့် ပတ်တီးကိုင်ရာတွင် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်…. ဆောင်ရန် အချက်များ – ပတ်တီးရိုက်သည့် နံရံများအား လေခိုခြင်းရှိ၊မရှိ အက်ကွဲကြောင်းရှိ၊မရှိ စစ်ဆေးခြင်း များပြုလုပ်၍ အက်ကွဲနံရံ များကို ပြုပြင်ပြီးမှ ပတ်တီးကို အသုံးပြုပေးရန်လိုအပ်ပါသည်။ – ရေငွေ့တိုင်းတာစက် Protimeterဖြင့် တိုင်းတာပြီး နံရံအစိုဓါတ် 15% အောက်ရှိမှသာ အသုံးပြုရမည်။ – အသုံးမပြုမီ မျက်နှာပြင်ရှိ သစ်ဆွေးစများ ၊ အမှိုက်များကို ဖယ်ရှား၍ သန့်ရှင်းရေးပြုလုပ်ရမည်။ – ပတ်တီးကို သမအောင် Mixerဖြင့် မွေ၍ အသုံးပြုပေးရမည်။ – ပတ်တီးမှုန့်နှင့် ရေရောစပ်မှုသည် ညွှန်ကြားချက်အချိုးအတိုင်းဖြစ်ရန် လိုအပ်ပါသည်။   ရှောင်ရန်၊သတိပြုရန် အချက်များ […]

မြေငှားဂရန်သက်တမ်းတိုးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ – iMyanmarHouse.com

[Unicode] မြေငှားဂရန် စာချုပ်တစ်စောင်မှာ ခွင့်ပြုကာလအထိသာ အကျုံးဝင်ပြီး သတ်မှတ်ကာလကုန်ဆုံးရန် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားမှုပြုရမည်ဖြစ်ကာ သက်တမ်းကုန်ပါကမြေပိုင်ရှင်အခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပါသည်။ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ မြေငှားဂရန်မူရင်း အမည်ပေါက်သူကိုယ်တိုင်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် မြေပိုင်ဆိုင်မှု လွှဲပြောင်းဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်း နိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန် မူရင်းပြသ၍ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ ထို့ပြင် မြေငှားဂရန်သက်တမ်းတိုးလျှောက်ထားရာ၌ သက်တမ်းတိုး လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့် စွက်ပြီး မြေငှားဂရန်မိတ္တူ ၊ မှတ်ပုံတင်စာချုပ်စာတမ်း မိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ၊ မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ မရှိပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး) ဌာနသို့ တင်ပြလျှောက်ထားရပါမည်။ မြေငှားဂရန် […]