ylliX - Online Advertising Network
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိတ် အိမ်ပြောင်းသွား - Property News in Myanmar from iMyanmarHouse.com

စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိတ် အိမ်ပြောင်းသွား – iMyanmarHouse.com


[Unicode]

စင်္ကာပူတွင် အိမ်ရှင်အား အိမ်လခအကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် Yishun ရှိ အခန်းမှ တိတ်တဆိတ် ပြောင်းရွှေ့သွားကြသည်။

Shin Min Daily News သတင်းဌာနသို့ အိမ်ရှင်ကပြောသည်မှာ သူ၏ အိမ်ငှားများသည် အိပ်ခန်း ၂ ခန်းပါ ကွန်ဒိုခန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂ နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ကြောင်း ပြောသည်။

အစပိုင်းတွင်မူ အိမ်လခ စင်္ကာပူဒေါ်လာ ၄၃၀၀ ကို မှန်မှန်ပေးနေသည်။

ထိုအခန်းတွင် ၃ လခန့် နေထိုင်ပြီးနောက် အိမ်ငှားမိသားစုမှာ အိမ်လခဈေးများမှုကို စတင်ခံစားလာရသည်။

ယင်းနောက် အိမ်ရှင်အား အိမ်လခ ပမာဏအမျိုးမျိုး ပြောင်းလဲပေးနေခဲ့သည်။

အိမ်လခကို သတ်မှတ်ပမာဏအောက် လျှော့ကာပေးလာသည့်အခါတိုင်း အကြောင်းပြချက်အမျိုးမျိုး ပေးလေ့ရှိကြောင်း အိမ်ရှင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် ထိုမိသားစု၏ အိမ်လခကြွေးကျန်မှာ စင်္ကာပူဒေါ်လာ ၆၈၀၀ ရှိနေသည်။

ထိုအချိန်တွင်မူ အိမ်ရှင်က အိမ်ငှားမိသားစုအား သတိပေးရန် ဆုံးဖြတ်လိုက်သည်။

အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှတဆင့် အိမ်ငှားမိသားစုကို ဆက်သွယ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက် နောက်ဆုံးထားပြီး အိမ်လခကြွေးကျန်များပေးရန် အကြောင်းကြားခဲ့သည်။

အိမ်ငှားမိသားစုက သဘောတူညီခဲ့ပုံပေါ်သည်။

သို့သော် သတ်မှတ်ရက် ရောက်ကာ ကျော်လွန်သွားသည့်တိုင် အိမ်ရှင်မှာ အိမ်လခကြွေးကျန်များ မရချေ။

ယင်းနောက်ပိုင်း အိမ်ရှင်သိလိုက်ရသည်မှာ အိမ်ငှားမိသားစုသည် သူ၏အခန်းမှ တိတ်တဆိတ် ပြောင်းရွှေ့သွားကြသည်ဆိုခြင်းပင်။

အိမ်ငှားမိသားစုသည် ပစ္စည်းများထုတ်ပိုးကာ ညတွင်းချင်းပြောင်းရွှေ့သွားခဲ့ကြပြီး အိမ်ခြံမြေအကျိုးဆောင်က ဖုန်းဆက်ရာတွင်လည်း ဖုန်းမကိုင်တော့ကြောင်း Shin Min သတင်းဌာနက ဖော်ပြသည်။

အခန်းမှာ ညစ်ပတ်ကာ ကျန်ရစ်ခဲ့ကြောင်း၊ ရေခဲသေတ္တာထဲတွင် စားကြွင်းစားကျန်များ၊ ကြောင်အိမ်ထဲတွင် တိုလီမုတ်စများ ထားခဲ့ကြောင်း အိမ်ရှင်က ပြောသည်။

နံရံများတွင်လည်း အပေါက်များရှိနေသည်ဟုဆိုသည်။

 

(ဓာတ်ပုံ-Shin Min Daily News)

 

အိမ်ခြံမြေအကျိုးဆောင်က ရဲစခန်းတွင် သတင်းပို့ တိုင်တန်းထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

အိမ်ငှားမိသားစုဝင်တစ်ဦးက Shin Min သတင်းဌာနသို့ ပြောသည်မှာ အိမ်ရှင်ထံတွင် မိမိတို့ ပေးသွင်းထားသော စပေါ်ငွေ စင်္ကာပူဒေါ်လာ ၈၆၀၀ ရှိကြောင်း ပြောသည်။

“ကျွန်တော်တို့ အိမ်ပြောင်းခဲ့တဲ့ အကြောင်းရင်းက အိမ်လခ မတတ်နိုင်တော့လို့ပါ။ အိမ်ရှင်ဆီမှာ စပေါ်ငွေ ကျန်ခဲ့ပါတယ်။ ဒါကြောင့် သူ့မှာ နစ်နာဆုံးရှုံးမှု ဘာမှ မရှိပါဘူး” ဟု အိမ်ငှားမိသားစုက ပြောသည်။

အကျိုးဆောင်က ပြောသည်မှာ စပေါ်ငွေမှာ သိမ်းယူရမည်ဖြစ်ကြောင်း၊ အိမ်ငှားသဘောတူညီချက်ကို ချိုးဖောက်သောကြောင့်ဖြစ်ကြောင်း ပြောသည်။

အိမ်ငှားမိသားစုအနေဖြင့် အိမ်ရှင်ကို ပေးရမည့် အိမ်လခကြွေးကျန် ပေးရမည့်တာဝန်ရှိနေဆဲဖြစ်ကြောင်း အကျိုးဆောင်က ပြောသည်။

အိမ်ငှားမိသားစုက ၎င်းတို့၏ ပရိဘောဂများ နေအိမ်တွင် ကျန်ရစ်သောကြောင့် အိမ်ရှင်မှာ များစွာမြတ်စွန်း နေကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Family quietly moves out of Yishun condo unit to avoid paying landlord S$6,800 rent debt (mothership) Photo Credit- Shin Min Daily News



Source link

Leave a Reply

Your email address will not be published. Required fields are marked *