Skip to content Elon Musk ရဲ့ SpaceX ဟာ ပြီးခဲ့တဲ့ ၁၃ ရက်နေ့မှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ SpaceX ဟာ တက္ကဆပ် ပြည်နယ်၊ ဘိုကာချီကာ ကနေ ဒုံးပျံ (Rocket Booster)နဲ့ Starship အာကာသယာဉ်ကို လွှတ်တင်ခဲ့ပါတယ်။ ဒုံးပျံဟာ အာကာသယာဉ်ကို ပို့ဆောင်ပြီးနောက်မှာ ကမ္ဘာမြေပေါ် ပြန်လည် ကျရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ SpaceX က Chopsticks လို့ခေါ်တဲ့ ကြီးမားတဲ့ စက်ရုပ်လက်တံတွေနဲ့ ၂၃၂ ပေ (၇၁ မီတာ) ရှိတဲ့ ဒုံးပျံကို ဖမ်းယူနိုင်ခဲ့ပါတယ်။ ဒုံးပျံကို အပျက်အဆီး နည်းနည်းနဲ့ ပြန်လည် ဖမ်းယူနိုင်အောင် တီထွင်ခဲ့ကြတာ ဖြစ်ပြီး အဲဒီအတွက် SpaceX ဟာ […]
Samsung Myanmar ဟာ Galaxy AI ecosystem ထဲအသစ်ထပ်မံရောက်ရှိလာတဲ့ Galaxy S24 FE စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံစျေးကွက်မှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ Galaxy AI အပါအဝင် စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy S24 Series စမတ်ဖုန်းတွေရဲ့ လူကြိုက်များတဲ့လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fan Edition စမတ်ဖုန်းအသစ် Galaxy S24 FE ကို ပရီမီယံဆန်တဲ့ စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို အတန်ဆုံးစျေးနှုန်းနဲ့ရရှိနိုင်အောင် ဖန်တီးပေးထားတာပါ။ Galaxy S24 FE ဟာ Galaxy S24 Series မှာလို ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး အရောင်အားဖြင့်လည်း လှပသစ်လွင်တဲ့ Blue, Mint, Grey တို့နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass Victus+ […]
Image: Der8auer, ASUSTek Computer Inc. Asus က NitroPath DRAM နည်းပညာကို ဩဂုတ်လက ကျင်းပခဲ့တဲ့ Gamescom မှာ ကြေညာခဲ့ပါတယ်။ NitroPath ဟာ များသောအားဖြင့် ရိုးရိုး memory slot design ကို ပြောင်းလဲ rethink ပြုလုပ်ထားတဲ့ နည်းလမ်းဖြစ်ပြီး gold finger pins တွေကို ပိုမိုတိုတောင်းစွာပြုလုပ်ထားပြီး motherboard ရဲ့ pathways တွေကို စနစ်တကျ optimize လုပ်ထားတာကြောင့် overclocking headroom ကို 400 MT/s အထိ မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ Asus အနေနဲ့ သူတို့ရဲ့ ပြန်လည်ဖန်တီးထားတဲ့ memory slots တွေဟာ retention […]
ရီပါဘလစ်ကန် တွေရဲ့ အမျိုးသားညီလာခံကို မီဝါကီမြို့မှာ ဒီနေ့လုပ်နေတာ။ ဒေါ်နယ် ထရန့်လည်း လာတက်တယ်။ US မှာ မြို့တွေ အများကြီးရှိတဲ့ ထဲက ဒီမြို့ကိုဘာလို့သွားတာလဲ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ ချီကာဂိုနဲ့ တစ်နာရီလောက်ဝေးတယ်။ နှစ်ဝက်လောက်က အလွန်အေးခဲနေတဲ့မြို့။ တိုးရစ်တွေလာလေ့ရှိတဲ့ မြို့လိုမျိုးမဟုတ်ဘူး။ ၂၀၂၀ စစ်တမ်းအရ 39% လူဖြူ၊ 24% လူမည်း သို့မဟုတ် အာဖရိကန်အမေရိကန်၊ 20% ဟစ်စပန်းနစ် သို့မဟုတ် လက်တင်နိုနှင့် အာရှသား 4% ရှိတယ်။ မြန်မာပြည်က လူတွေ မီဝါကီ နဲ့ပတ်သက်ရင် သိနိုင်မယ့်ဟာတစ်ခုကတော့ ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ရဲ့ မွေးရပ်မြေလို့ပြောရမယ်။ လက်ရှိတော့ ရွှေ့ပြောင်းတွေတော်တော်များများ မီဝါကီမှာ လာနေကြတယ်။ — — အိုကေ ဘာကြောင့် မီဝါကီကို […]
Nicolas Cage ပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ National Treasure ရုပ်ရှင်နှစ်ကားဟာ တခေတ်တခါကအောင်မြင်ကျော်ကြားခဲ့ပါတယ်။ အခုလည်း National Treasure 3 အတွက် ပထမရုပ်ရှင်နှစ်ကားရဲ့ ဒါရိုက်တာ Jon Turteltaub က တတိယမြောက်ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းစတင်ရေးသားနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာ Jon Turteltaub ဟာ National Treasure 3 နဲ့ပက်သက်ပြီး Nicolas Cage ဟာ sequel မှာပြန်လည်ပါဝင်ချင်ကြောင်းပြောထားပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူအားစိုက်ထုတ်ပြီး တခြားဇာတ်ကောင်သရုပ်ဆောင်တွေအကုန်လုံးပြန်ပါလို့ ကြိုးစားနေပါတယ်။ ဒီကားမှာ Nicolas Cage က ဗီလိန်အဖြစ်ပြန်လာဖို့ ရှိတယ်လို့ပါပြောပါတယ်။ ဒီလို sequel ထွက်ဖို့ကြာမြင့်နေတာလည်း ပရိသတ်တွေကို မလောစေချင်ဖို့ဖြစ်ပြီး အကယ်လို့ တစ်ကားပြီးတစ်ကားထုတ်ပါက လူစိတ်ဝင်စားမှုလျော့နည်းသွားမှာစိုးလို့လို့ ပြောပါတယ်။ […]
Lady Gaga ဟာ Joker: Folie à Deux ရုပ်ရှင်ထဲက Harley Quinn ဇာတ်ကောင်ဟာ ရုပ်ပြ (comics) ထဲက Harley Quinn နဲ့ကွဲပြားတယ်ဆိုတဲ့အကြောင်း ဖြေဆိုထားပါတယ်။ “ကျွန်မရဲ့ Harley ဗားရှင်းက ကျွန်မရဲ့ဗားရှင်းပါပဲ။ ရုပ်ရှင်အတွက် ဒီဇာတ်ကောင်က အစစ်အမှန်ဖြစ်ပြီး ရုပ်ရှင်ထဲမှာ ကျွန်မမလုပ်ဖူးတာတွေပါပဲ။ ဒါကြောင့် အားလုံးက လုံးဝအသစ်စက်စက်ဖြစ်ပြီး တကယ်ကို ပျော်စရာကောင်းပါလိမ့်မယ်။” လို့ Access Hollywood နဲ့အင်တာဗျူးမှာဖြေဆိုထားပါတယ်။ ဒီလို Lady Gaga အနေနဲ့ Harley Quinn ဇာတ်ကောင်ကို Margot Robbie ဆီက လက်ဆင့်ကမ်းသွားတဲ့အပေါ် “ကျွန်မအရမ်းပျော်ပါတယ်။ ကျွန်မအစကတည်းကပြောဖူးသလိုပဲ Harley Quinn အတွက် ကျွန်မလိုချင်တာက Macbeth, Batman […]