ylliX - Online Advertising Network
မီဝါကီ ကိုဘာလို့ လာမယ့် 2024 ရွေးကောက် ရဲ့ Ground Zero လို့ပြောတာလဲ

မီဝါကီ ကိုဘာလို့ လာမယ့် 2024 ရွေးကောက် ရဲ့ Ground Zero လို့ပြောတာလဲ


ရီပါဘလစ်ကန် တွေရဲ့ အမျိုးသားညီလာခံကို မီဝါကီမြို့မှာ ဒီနေ့လုပ်နေတာ။

ဒေါ်နယ် ထရန့်လည်း လာတက်တယ်။

US မှာ မြို့တွေ အများကြီးရှိတဲ့ ထဲက ဒီမြို့ကိုဘာလို့သွားတာလဲ ဆိုတာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။

ချီကာဂိုနဲ့ တစ်နာရီလောက်ဝေးတယ်။

နှစ်ဝက်လောက်က အလွန်အေးခဲနေတဲ့မြို့။

တိုးရစ်တွေလာလေ့ရှိတဲ့ မြို့လိုမျိုးမဟုတ်ဘူး။

၂၀၂၀ စစ်တမ်းအရ 39% လူဖြူ၊ 24% လူမည်း သို့မဟုတ် အာဖရိကန်အမေရိကန်၊ 20% ဟစ်စပန်းနစ် သို့မဟုတ် လက်တင်နိုနှင့် အာရှသား 4% ရှိတယ်။

မြန်မာပြည်က လူတွေ မီဝါကီ နဲ့ပတ်သက်ရင် သိနိုင်မယ့်ဟာတစ်ခုကတော့

ဟာလီဒေဗစ်ဆင် ဆိုင်ကယ်ရဲ့ မွေးရပ်မြေလို့ပြောရမယ်။

လက်ရှိတော့ ရွှေ့ပြောင်းတွေတော်တော်များများ မီဝါကီမှာ လာနေကြတယ်။

— —

အိုကေ

ဘာကြောင့် မီဝါကီကို လာမယ့်ရွေးကောက်ပွဲအတွက် ရီပါဘလစ်ကန်တွေက တော်တော် ဂရုစိုက်လဲဆိုတော့ မီဝါကီရှိတဲ့ ပြည်နယ် Wisconsin က

ဘယ်ပါတီရဲ့ အောင်မြေဆိုတာမျိုး သတ်သတ်မှတ်မှတ် ရှိတဲ့မြို့မဟုတ်ပဲ

Swing state လို့ခေါ်တဲ့ ပါတီနှစ်ခု အကြိတ် အနယ် ပြိုင်ရတဲ့ နေရာမျိုး

နိုင်ရင်လည်း ပွတ်ကာသီကာ လေးနဲ့ နိုင်တဲ့ နေရာမျိုးဖြစ်နေလို့ပါ။

မဲအရေအတွက် ၂သောင်းလောက်နဲ့ အမြဲလိုလို ရှုံးလေ့နိုင်လေ့ရှိတယ်။

ဒါကြောင့်မို့ လာမယ့်ရွေးကောက်ပွဲမှာ Milwaukee ,Wisconsin ကို Ground zero လို့သတ်မှတ်ထားတယ်လို့ ပြောလို့ရတယ်။

အစဉ်ဆက် ပါတီနှစ်ခုက ဒီမြို့ကို ဦးစားပေးပြီး မဲလာဆွယ်လေ့ရှိတယ်။

မီဝါကီ မြို့ပေါ်ကို ဒီမိုကရက်တွေက အခြေကုပ်ထားပြီး ပတ်ပတ်လည် မြို့လေးတွေ၊ ကျေးလက်တွေမှာ အမာခံ ရီပါဘလစ်ကန်ထောက်ခံသူတွေ ရှိတယ်။

ဘာကြောင့် မီဝါကီက သူ့ဘေးကမြို့တွေနဲ့ကွဲနေလဲဆိုတော့

ဘေးက မြို့တွေမှာ White community တွေ များပြီး မီဝါကီမှာတော့ အာဖရီကန် အမေရိကန်နဲ့ လက်တီနို တွေ တော်တော်များများ ရှိနေတာလည်းပါတယ်။

အာဖရီကန်အမေရိကန်နဲ့ လက်တီနိုတွေက ဒီမိုကရက်ဘက်ကို မဲပိုပေးကြတယ်။

– ၂၀၁၆ တုန်းက ဒီပြည်နယ်မှာ ရီပါဘလစ်ကန်က နိုင်ပြီး

ထရန့် သမ္မတဖြစ်သွားတယ်။

– ၂၀၂၀ မှာ ဒီမိုကရက်တွေ 0.63% အသာနဲ့ နိုင်ပြီး ဘိုင်ဒင် သမ္မတဖြစ်လာတယ်။

အဲဒီ ၂၀၂၀ အချိန်တုန်းက

Black lives matter ဖြစ်သွားတာ မှတ်မိဦးမှာပေါ့။

အဲဒီ Case စဖြစ်ခဲ့တဲ့ နေရာက Wisconsin ပြည်နယ်ထဲက Kenosha ဆိုတဲ့မြို့မှာပဲ ၊​မီဝါကီနဲ့ မိုင်၃၀လောက်ပဲဝေးတယ်။

ဆန္ဒပြတာတွေဘာတွေ ဖြစ်ပြီးနောက် ထရန့်ရဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီးကိုင်တွယ်တာကို မကြိုက်လို့

တော်တော်များများက ဒီမိုကရက် ကိုမဲပြောင်းထည့်ကြတယ်။

ဒီမိုကရက် တွေရဲ့ အမျိုးသားညီလာခံကို မီဝါကီမှာ လုပ်သွားတယ်။ အဲဒီနှစ်မှာ ဒီမိုကရက်တွေက မီဝါကီမှာ မဲ၂သောင်းလောက် တိုးရလိုက်တယ်။

– ဒီမိုကရက်တွေရဲ့ 2024 အမျိုးသားညီလာခံကိုတော့ မီဝါကီရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ချီကာဂိုမြို့မှာ သြဂုတ်လ ရောက်ရင် ကျင်းပလိမ့်မယ်။

ဒီနှစ် မီဝါကီရဲ့မဲတွေ ဘယ်လိုဖြစ်လာမလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်ရှိအခြေအနေ တွေကြောင့်ကော ကလန်ဒါကျ၊ ပေါ်ပြူလာရတီ အရဆိုရင်

ဒေါ်နယ် ထရန့် ပြန် နိုင်လောက်မယ့် အခြေအနေမှာရှိတယ်။

မီဝါကီမှာကော တစ်ခြားမြို့တွေမှာကော အလုံးအရင်းဝင်လာတဲ့ မြန်မာပြည်က ရွေ့ပြောင်းတွေ နဲ့ လက်တင်အမေရိကက လူတွေရှိပေမယ့်..နိုင်ငံသားမဟုတ်သေးတော့

ဒါမျိုး ရွေးကောက်ပွဲတွေမှာ မဲပေးလို့မရသေးဘူး။ ဘေးက ပွဲကြည့်ပရိတ်သတ်ပဲလုပ်ရမယ့်ပုံပဲ။

၂၀၂၀ ရလဒ်

ဒီပုံက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အပြာရောင်က မီဝါကီပါ၊
အနီရောင်က ပတ်ပတ်လည် မြို့လေးတွေပါ။
ဒီပုံက ၂၀၂၀ ရွေးကောက်ပွဲ​တုန်းကပုံပါ။
ဒီလောက်တောင် ရီပါဘလစ်ကန်တွေ လွှမ်းမိုးလျက်နဲ့
ဒီမိုကရက်တွေဘာကြောင့်နိုင်သွားလဲဆိုတာ နောက်တစ်ပုံနဲ့ ယှဉ်ကြည့်ရင်သိပါလိမ့်မယ်။

၂၀၂၀မှာ ပိုများလာတဲ့ ဒီမိုကရက်မဲပေးသူတွေ

ဒီပုံကသူ့ရှေ့ကပုံနဲ့အဆက်ပါ။
ရပ်ကွက်တစ်ခုစီမှာ ဒီမိုကရက်ဘက်ကိုပိုမဲပေးတဲ့သူများလာတာကို
အပြာရောင်တွေပြောင်းလာတာကိုကြည့်ရင်တွေ့ပါလိမ့်မယ်။
ရီပါဘလစ်ကန်ကြီးစိုးတဲ့ နယ်မြေတွေမှာတောင် ဒီမိုကရက်ကိုပိုမဲထည့်လာကြတာ ဒီမြေပုံကိုကြည့်ရင်သိနိုင်ပါတယ်။
ဒီမဲလေးတွေ စုပေါင်းပြီး
အနိုင်အရှုံးဆုံးဖြတ်သွားတယ်ပြောလို့ရတယ်။

Ref:

https://www.politico.com/news/2020/11/04/wisconsin-presidential-election-results-2020-433423

https://www.nytimes.com/interactive/2021/upshot/2020-election-map.html



Source link

Leave a Reply

Your email address will not be published. Required fields are marked *